Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

အင်းပတ်ကွေ့ရှိ အကြမ်းဖက်စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ်ကို KSOအဖွဲ့ ပဒေသာမိုင်းဖြင့် သုံးကြိမ်ဖောက်ခွဲတိုက်ခိုက်

မိုင်းမိခဲ့သ​ည့် အကြမ်းဖက်စစ်အုပ်စုသည် ရမ်းသမ်းပစ်ခတ်နေ၍ အင်းပတ်ကွေ့အနီးနေထိုင်သူများထွက်ပြေးနေရကြောင်း ​ဒေသခံများက ပြောသည်။

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် အင်းပတ်ကွေ့ရှိ အကြမ်းဖက်စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ်အား ပဒေသာမိုင်းဖြင့် သုံးကြိမ်ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Khin U Support Organization-KSO အဖွဲ့က ပြောသည်။

ယနေ့(မေလ ၆ ရက်) နံနက် ၈နာရီမိနစ်၅၀ခန့်က ခင်ဦးမြို့နယ် အင်းပတ်ကွေ့ရှိ စစ်ဆေးရေးဂိတ်အသွင် ရောက်လာသော အင်အား၃၀ခန့်ပါ အကြမ်းဖက်စစ်အုပ်စုအား ပဒေသာမိုင်းသုံးကြိမ်ဖောက်ခွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း KSO အဖွဲ့က အသိပေးသည်။

Public Service Announcement

ပဒေသာမိုင်းကြောင့် အကြမ်းဖက်စစ်သားများအတုံးအရုန်း လဲကျသေဆုံးပြီး ရေဦးမြို့ပေါ်မှ ကားနှစ်စီးဖြင့် တိုင်းရင်းဆေးရုံဘက်သို့ သယ်ဆောင်သွားသည်ဟု KSO က ပြောသည်။

“အကျအဆုံးများပါလိမ့်မယ်။ ပြန်တောင်မပစ်နိုင်ဘဲ ခွေးပြေးပြေးသွားရတယ်။”ဟု KSO အဖွဲ့က ပြောသည်။

မိုင်းမိခဲ့သ​ည့် အကြမ်းဖက်စစ်အုပ်စုသည် ရမ်းသမ်းပစ်ခတ်နေ၍ အင်းပတ်ကွေ့အနီးနေထိုင်သူများထွက်ပြေးနေရကြောင်း ​ဒေသခံများက ပြောသည်။

ခင်ဦးမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီ၏ မီးရှို့ဖျက်ဆီးမှုကြောင့် ရွာပေါင်း ၁၇ ရွာမှ အိမ်ခြေတစ်ထောင်ကျော် မီးလောင်ပျက်စီးခဲ့သည်။

Click to comment

Leave a Reply

Your email address will not be published.

You May Also Like

သတင်း

ကားရှေ့ပိုင်းမှာ မိုင်း နှစ်လုံး တည့်တည့်ထိမှန်၍ ဘေးသို့လည်ပြီး ၅ မိနစ်ကျော်ခန့် ရပ်တန့်နေခဲ့ကြောင်း၊ တတိယမိုင်းမှာမူ အပိုင်းအစများသာ သွားရောက် ထိမှန်နိုင်ကြောင်း၊ ထိခိုက်သေဆုံးမှုအခြေအနေ မသိရသေးကြောင်း PDF-South Monywaက ပြောသည်။

သတင်း

ထိုင်းနိုင်ငံဆိုင်ရာ မြန်မာအလုပ်သမားသံအရာရှိဟောင်း ဦးဝေလင်းမောင်က “မြန်မာရွှေပြောင်းအလုပ်သမားတွေ လမ်းခရီး အန္တရာယ်ကင်းရှင်းကြပါစေလို့ ဆုတောင်းပေးပါတယ် ခင်ဗျ”ဟု ပြောသည်။

သတင်း

အဖွဲ့ချုပ်ဥက္ကဌ ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယဥက္ကဌ ၁၊ နိုင်ငံ တော်သမ္မတဦးဝင်းမြင့်အပါအဝင် ၇၀၁ ဦးမှာ ဖမ်းဆီးထိန်းသိမ်းခံရဆဲဖြစ်ပြီး ပါတီ၀င် ၁၈ ဦး သေဆုံးခဲ့ရသည်။

သတင်း

မြင်းခြံမြို့နယ်သည် အကြမ်းဖက်စစ်ကောင်စီတပ်အား ခုခံတိုက်ခိုက်သည့်ပြည်သူ့ကာကွယ်ရေးအဖွဲ့များ အားကောင်းရာ ဒေသတစ်ခုဖြစ်သည်။