Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

NLDပါတီဝင်နှင့် ပါတီထောက်ခံသူများ ဖမ်းဆီးသတ်ဖြတ်ခံရမှု အကြမ်းဖက်စစ်ကောင်စီပါဝင် ပတ်သက်နေဟု ပါတီဗဟိုအလုပ်ကော်မတီ ထုတ်ပြန်

အဖွဲ့ချုပ်ဥက္ကဌ ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယဥက္ကဌ ၁၊ နိုင်ငံ တော်သမ္မတဦးဝင်းမြင့်အပါအဝင် ၇၀၁ ဦးမှာ ဖမ်းဆီးထိန်းသိမ်းခံရဆဲဖြစ်ပြီး ပါတီ၀င် ၁၈ ဦး သေဆုံးခဲ့ရသည်။

▪️မေ ၅ ရက်အထိပါတီဝင်နှင့် ပါတီထောက်ခံသူ စုစုပေါင်း ၁၄ဦး သတ်ဖြတ်ခံရပြီး လမ်းဘေးစွန့်ပစ်ခဲ့

NLD ပါတီဝင်များနှင့် ပါတီထောက်ခံသူများကို ဖမ်းဆီးနှိပ်စက်သတ်ဖြတ်မှုများတွင် စစ်ကောင်စီ လုံခြုံရေးတပ်ဖွဲ့ဝင်များကိုယ်တိုင်ပါဝင်ပတ်သက်မှုရှိနေကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်ကော်မတီက ထုတ်ပြန်သည်။

သွေးသောက်၊ စွန်ရဲ၊ မျိုးချစ်ညွန့်ပေါင်းနှင့် မျိုးချစ်မဟာမိတ်စသည့် အကြမ်းဖက်အဖွဲ့များသည် NLD ပါတီဝင်များ၊ ပါတီအမှုဆောင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ၎င်းတို့၏ မိသားစုဝင်များနှင့် ပါတီအားပေးထောက်ခံခဲ့သူများကို ခြိမ်းခြောက်စာများ ပေါ်ပေါ်တင်တင်ဖြန့်ဝေကာ ဖမ်းဆီးနှိပ်စက်သတ်ဖြတ်မှုများကို ပြောင်းပြောင်းတင်းတင်းကျူးလွန်ခဲ့သည်ဟု ထုတ်ပြန်သည်။

မေလ ၅ ရက်အထိရရှိထားသော စာရင်းများအရ NLD ပါတီဝင် ၇ ဦးနှင့် ပါတီထောက်ခံသူ ၇ ဦး စုစုပေါင်း ၁၄ ဦးတို့ကို ၎င်းတို့၏နေအိမ်များသို့ လာရောက်ခေါ်ဆောင်ခဲ့ပြီး နောက်တစ်ရက်တွင် အသက်မဲ့ခန္ဓာကိုယ်ကို လမ်းဘေး၌ စွန့်ပစ်ကာ ကျူးလွန်သည့် အဖွဲ့အစည်း၏ အမည်များကို ချိတ်ဆွဲထားခဲ့သည်ဟု NLD က ဖော်ပြ သည်။

အဆိုပါ လူ့အခွင့်အရေးချိုးဖောက်ခံရမှုစာရင်းများသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူ့အခွင့် အရေးချိုးဖောက်ခံရမှုများမှတ်တမ်းကောက်ယူရေးအဖွဲ့ (NLD-HRDT)က ကောက်ယူထားသော စာရင်းဖြစ်ပြီး ပကတိမြေပြင်တွင် ယခုထက်ပိုမိုနိုင်ကြောင်း ဗဟိုအလုပ်ကော်မတီက ထုတ်ပြန်သည်။

NLD-HRDT စာရင်းအရ အာဏာသိမ်းချိန်မှစ၍ မေလ ၅ ရက်အထိ နိုင်ငံတဝန်း မတရားဖမ်းဆီးခံရသူ ၉၂၆၁ ဦးအနက် NLD ပါတီဝင် ၉၁၇ ဦး ပါဝင်ပြီး ပြန်လည်လွတ်မြောက်လာသူ ၂၁၆ ဦးရှိသည်။

အဖွဲ့ချုပ်ဥက္ကဌ ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယဥက္ကဌ ၁၊ နိုင်ငံ တော်သမ္မတဦးဝင်းမြင့်အပါအဝင် ၇၀၁ ဦးမှာ ဖမ်းဆီးထိန်းသိမ်းခံရဆဲဖြစ်ပြီး ပါတီ၀င် ၁၈ ဦး သေဆုံးခဲ့ရသည်။

အဖွဲ့ချုပ်ရုံးများကို ဥပဒေမဲ့ချိုးဖောက်ဝင်ရောက်မှု ၁၀၄ ကြိမ် ဖောက်ခွဲ၊ မီးရှို့ဖျက်ဆီးခံခဲ့ရပြီး လွှတ်တော်ကိုယ်စားလှယ် ၁၂၀ ဦးအပါအဝင် ပါတီဝင် ၂၀၉ ဦး တို့၏ နေအိမ်များနှင့် အခြားပိုင်ဆိုင်မှုများကို ချိတ်ပိတ်ခံခဲ့ရကြောင်း NLD က ထုတ်ပြန်သည်။

ထို့အပြင် NLD ပါတီဝင်မဟုတ်သော ပြည်သူ ၁၄၂ ဦး၏ နေအိမ်နှင့် ပိုင်ဆိုင်မှုများကိုလည်း အကြမ်းဖက်စစ်ကောင်စီက ချိတ်ပိတ်ခဲ့သည်ဟု ဆိုသည်။

Click to comment

Leave a Reply

Your email address will not be published.

You May Also Like

သတင်း

ထိုင်းနိုင်ငံဆိုင်ရာ မြန်မာအလုပ်သမားသံအရာရှိဟောင်း ဦးဝေလင်းမောင်က “မြန်မာရွှေပြောင်းအလုပ်သမားတွေ လမ်းခရီး အန္တရာယ်ကင်းရှင်းကြပါစေလို့ ဆုတောင်းပေးပါတယ် ခင်ဗျ”ဟု ပြောသည်။

သတင်း

မိုင်းမိခဲ့သ​ည့် အကြမ်းဖက်စစ်အုပ်စုသည် ရမ်းသမ်းပစ်ခတ်နေ၍ အင်းပတ်ကွေ့အနီးနေထိုင်သူများထွက်ပြေးနေရကြောင်း ​ဒေသခံများက ပြောသည်။

သတင်း

ခိုင်သင်းကြည်၏ ခင်ပွန်းဖြစ်သူကို ဖမ်းဆီးရန် အကြမ်းဖက်စစ်ကောင်စီလော်ဘီ ဟန်ငြိမ်းဦး ၏ တယ်လီဂရမ်၌ ယနေ့ နေ့လယ်က ရေးသားထားပြီးနောက် ညပိုင်း၌ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

သတင်း

စီးပွားရေးလုပ်ငန်းရှင်ဦးချစ်ခိုင် ၊သားဖြစ်သူ ဦးဝင်းမင်းခိုင်နဲ့အတူ အဂတိပုဒ်မနဲ့ စွပ်စွဲအမှုဖွင့်ခံရတဲ့ ဝန်ကြီး တွေဟာ လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီး ဦးဝင်းခိုင် ၊ ဒုဝန်ကြီး ဒေါက်တာထွန်းနိုင် ၊ သယံဇာတနဲ့သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးအုန်းဝင်းတို့ပဲဖြစ်ပါတယ်။