Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်​ကောင်စီတပ်က ​ရေဦးမြို့နယ်မှ​ကျေးရွာများကို ဝင်​ရောက်အကြမ်းဖက်ဖျက်ဆီး

ယမန်နေ့ (မေလ ၅ ရက်နေ့)က ရေဦးမြို့နယ်၊ ရေမြက်ကျေးရွာကို အကြမ်းဖက်စစ်တပ်က ဒုတိယအကြိမ် ဝင်ရောက်ဖျက်ဆီး မီးရှို့ခဲ့ကြောင်း၊ လူနေအိမ်(၂၂)လုံး၊ မီးဖိုဆောင်(၁)လုံး၊ နွားတဲ(၁)လုံးတို့ မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသခံများက ပြောသည်။

●ပြည်သူတစ်ဦး​သေဆုံးပြီး ၊အချို့ ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်ရှိ ကျေးရွာများအားအကြမ်းဖက်
စစ်တပ်က ဝင်ရောက်ပစ်ခတ်မီးရှို့မှုကြောင့် နေအိမ် နှစ်ဆယ်ကျော် ပျက်စီးပြီး ရွာသားတစ်ဦးသေဆုံးကြောင်း ဒေသခံများက ပြောသည်။

ယမန်နေ့ (မေလ ၅ ရက်နေ့)က ရေဦးမြို့နယ်၊ ရေမြက်ကျေးရွာကို အကြမ်းဖက်စစ်တပ်က ဒုတိယအကြိမ် ဝင်ရောက်ဖျက်ဆီး မီးရှို့ခဲ့ကြောင်း၊ လူနေအိမ်(၂၂)လုံး၊ မီးဖိုဆောင်(၁)လုံး၊ နွားတဲ(၁)လုံးတို့ မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသခံများက ပြောသည်။

ယနေ့ (မေလ ၆ ရက်) နံနက်ပိုင်းတွင်လည်း ရေဦးမြို့ပေါ်မှ အကြမ်းဖက်စစ်တပ်သည် နှောကုန်းရွာသို့ ကားသုံးစီးဖြင့်ရောက်လာပြီးပြည်သူများကိုအကြောင်းမဲ့ပစ်ခတ်ခဲ့ကြောင်း၊ လက်ရှိ အမျိုးသမီးတစ်ဦးကျည်ထိမှန်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

“ယနေ့မနက်ပိုင်း စစ်ခွေးသူပုန်တပ်က ရေဦးမှ နှောကုန်းရွာသို့ ကားသုံးစီးဖြင့်ရောက်လာပြီး ပြည်သူများကိုအကြောင်းမဲ့ပစ်ခတ်ခဲ့ပါတယ်။လက်ရှိ အမျိုးသမီးတစ်ဦး သေနတ်ထိမှန်ထား၊ ရွာမှ အကူအညီပေးရန်ကြိုးစားနေသော်လည်း မရသေးကြောင်း သတင်းရရှိ။”ဟု ပြည်သူ့ကာကွယ်ရေးအဖွဲ့-ရေဦးမြို့နယ် ကပြောသည်။

ယမန်နေ့က အကြမ်းဖက်စစ်တပ်၏ ကား၄ စီးသည် စီးကန်ရွာအရှေ့ဘက် တဲတိုက်ကျေးရွာထိပ်တွင်မိုင်းမိကာအကြမ်းဖက်စစ်သားလေးဦးခန့်သေဆုံးကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

အကြမ်းဖက်စစ်တပ်က လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ရာ မုံတိုင်ပင် ကျေးရွာ အတွင်းကျကာ ရွာသားတစ်ဦး သေဆုံးပြီး နှစ်ယောက်ဒါဏ်ရာရခဲ့ကြောင်း ဒေသခံများက ပြောသည်။

ဧပြီလ ၂၆ ရက်နေ့ညနေပိုင်းကလည်း ရေဦးမြို့အတွင်းသို့ ပြန်လာသည့်အကြမ်းဖက်စစ်တပ်အား ပကဖ စုပေါင်းအဖွဲ့က စောင့်ကြိုပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ သေဆုံးထိခိုက်မှုရှိခဲ့သည်။

ဧပြီလကုန်ပိုင်းမှစတင်ကာ အကြမ်းဖက်စစ်တပ်သည် ရေဦးမြို့နယ်တွင်းကျေးရွာများသို့ စစ်ကြောင်းထိုးခဲ့ပြီး၊ပြည်သူများ၏​နေအိမ်များကိုအကြမ်းဖက်​ဖျက်ဆီးနေ​ကြောင်း​ဒေသခံများက​ပြောသည်။

Click to comment

Leave a Reply

Your email address will not be published.

You May Also Like

သတင်း

အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းနှင့် ထိတွေ့တိုက်ပွဲဖြစ်ခဲ့ရာ စစ်ကောင်စီတပ်သား လေးဦးသေဆုံးခဲ့ကြောင်း Bago Region PDF က အသိပေးထုတ်ပြန်သည်။

သတင်း

မျက်မြင်အနေအထားအရ အကြမ်းဖက်စစ်ကောင်စီဘက်မှ အယောက် ၂၀နှင့်အထက် သေဆုံးနိုင်ပြီး ရဲဘော်များ တစ်စုံတစ်ရာ အထိခိုက်မရှိ ဘေးလွတ်ရာသို့ဆုတ်ခွာနိုင်ခဲ့သည်ဟုနတ်တောင်နဂါးတပ်ဖွဲ့က ​ပြောသည်။

သတင်း

ရေလယ်ကျွန်းဒေသတွင် အကြမ်းဖက်စစ်တပ်က မေလ၇ ရက်နေ့မှစတင်ကာ ကျေးရွာ၁၀ရွာမှ နေအိမ်အလုံး ၆၀ ကျော် မီးရှို့ဖျက်ဆီးခဲ့ပြီး ရွှေငွေနှင့်အဖိုးတန်ပစ္စည်းများ အဓမ္မသိမ်းဆည်းသွားကြောင်း ဒေသခံများက ပြောသည်။

သတင်း

ကရင်နီဒေသ ဘောလခဲနှင့် ဖရူဆိုကြား၌လည်း ပြီးခဲ့သည့် ရက်ပိုင်းများအတွင်း တိုက်ပွဲများပြင်းထန်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုများပြားခဲ့ပြီး စစ်ကောင် စီယာဉ်များလည်း ပျက်စီးခဲ့သည်။