Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဝမ်းတွင်းမြို့ ရန်ကုန်-မန္တ​လေးလမ်း​ဟောင်းရှိ မြို့အဝင်စစ်ဆေးရေးဂိတ်ကို မိုင်းခွဲတိုက်ခိုက်

ဝမ်းတွင်းမြို့နယ် တော်လှန်ရေးအင်အားစုအဖွဲ့(WTRF)သည် ယမန်နေ့(မေလ ၆ ရက်) နံနက်ပိုင်းကလည်း မြို့နယ်လျှပ်စစ်ရုံးအတွင်း မိုင်းခွဲတိုက်ခိုက်ခဲ့သေးသည်။

(စစ်အာဏာရှင်ဆန့်ကျင်ရေး ဝမ်းတွင်းမြို့ဒေသခံများ ချီတက်ဆန္ဒပြနေသည်ကို ၂၀၂၁မတ်လ ၂၇ရက်က တွေ့ရစဥ်)

ရဲနှစ်ဦး ဒဏ်ရာပြင်းထန်ကြောင်း ဝမ်းတွင်းမြို့နယ်တော်လှန်ရေးအင်အားစုအဖွဲ့ အသိပေး

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့ရှိ အကြမ်းဖက်စစ်ကောင်စီ၏ ရန်ကုန်-မန္တ​လေးလမ်း​ဟောင်း မြို့အဝင်စစ်ဆေးရေးဂိတ် မိုင်းခွဲတိုက်ခိုက်ခံရပြီး ရဲနှစ်ဦး အသက်အန္တရာယ် ထိခိုက်မှုရှိနိုင်ကြောင်း ဝမ်းတွင်းမြို့နယ်တော်လှန်ရေးအင်အားစုအဖွဲ့(WTRF)က သတင်းထုတ်ပြန်သည်။

ယနေ့(မေလ ၇ ရက်) နေ့လယ် ၁၂နာရီခွဲခန့်က ဝမ်းတွင်းမြို့တောင်ဘက် စစ်ဆေးရေးဂိတ် မိုင်းခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ရဲနှစ်ဦး သေဆုံးနိုင်သည်အထိ ထိခိုက်ဒဏ်ရာရရှိကာ အခြားရဲများလည်းထိခိုက်ဒဏ်ရာများ ရရှိသွားကြောင်း ဝမ်းတွင်းမြို့နယ်တော်လှန်ရေးအင်အားစုအဖွဲ့(WTRF)က ပြောသည်။

“စစ်ဆေးရေးဂိတ်က အဲဒီနေရာမှာ အမြဲမရှိဘူး။ တခါတလေမှကားတွေဆိုင်ကယ်တွေတားပြီး ငွေတောင်းပေါ့ဗျာ။ အဝေးထိန်းနဲ့ဆော်ခဲ့တာပါ။”ဟု WTRF တာဝန်ရှိသူက ပြောသည်။

ဝမ်းတွင်းမြို့နယ် တော်လှန်ရေးအင်အားစုအဖွဲ့(WTRF)သည် ယမန်နေ့(မေလ ၆ ရက်) နံနက်ပိုင်းကလည်း မြို့နယ်လျှပ်စစ်ရုံးအတွင်း မိုင်းခွဲတိုက်ခိုက်ခဲ့သေးသည်။

Click to comment

Leave a Reply

Your email address will not be published.

You May Also Like

သတင်း

မိုင်းမိခဲ့သ​ည့် အကြမ်းဖက်စစ်အုပ်စုသည် ရမ်းသမ်းပစ်ခတ်နေ၍ အင်းပတ်ကွေ့အနီးနေထိုင်သူများထွက်ပြေးနေရကြောင်း ​ဒေသခံများက ပြောသည်။

သတင်း

ဝမ်းတွင်မြို့နယ်မှEPC ရုံးဝန်ထမ်းများသည် ပြည်သူများအပေါ် စစ်​ကောင်စီနည်းတူလုပ်စားနေသည်မှာ ကြာပြီဖြစ်ပြီး​ဒေသခံပြည်သူများက EPC ရုံးဝန်ထမ်းများကို သ​ဘောမကျဘဲ မုန်းတီး​နေကြ​ကြောင်းလည်း၎င်းက​ပြောသည်။

သတင်း

မေ ၂ ရက်တွင် အခေါက်ရွှေတစ်ကျပ်သားကို ကျပ်သိန်း ၂၀အောက်ကို စတင်ကျဆင်းခဲ့သည်။ သို့သော်လည်း ရန်ကုန်မြို့ရှိ ရွှေဆိုင်များက အခေါက်ရွှေနှင့် ရွှေအထည်အကျစ်ထည်များကို ရောင်းချခြင်းမရှိတော့ကြောင်း ရွှေဝယ်သူများကပြောသည်။

သတင်း

အကြမ်းဖက်စစ်ကောင်စီနှင့်၎င်းတို့ လက်ပါးစေထောက်တိုင်များကိုအမြစ်ပြတ်တွန်းလှန်ရန်နှင့် ဖက်ဒရယ်ဒီမိုကရေစီ ပေါ်ပေါက်လာရေးအပါအဝင် CDM ဝန်ထမ်းများ၏ အသက်အိုးအိမ်စည်းစိမ်များကာကွယ်စောင့်ရှောက်နိုင်ရန် YUA ကိုဖွဲ့စည်းခြင်းဟု အသိပေးသည်။