Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဒေသခံများ ပြန်စရာနေအိမ်မရှိတော့သည့် မလဲသာရွာအခြေအနေ အလွန်ဆိုးရွားနေ

အကြမ်းဖက်စစ်ကောင်စီသည် မလဲသာရွာ ဒေသခံများပိုင်ဆိုင်သည့် တိုက်အိမ်ကြီးများ၊ ကားများနှင့် ဆိုင်ကယ်များကို မီးရှို့ဖျက်ဆီးခဲ့သည်။မေလ ၂ရက်က မီးရှို့မှုတွင် ဒေသခံတစ်ဦးလည်း မီးလောင်သေဆုံးခဲ့သည်ဟု အရာတော်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

အနယ်နယ်အရပ်ရပ်မှ ဝိုင်းဝန်းလှူဒါန်းပေးရန် အကူအညီတောင်းခံ

အိမ်ခြေ ၇၀၀ ၏ကျော်မီးရှို့ဖျက်ဆီးခံရပြီး ​ဒေသခံများ ပြန်စရာနေအိမ်မရှိတော့သည့် မလဲသာကျေးရွာအခြေအနေအလွန်ဆိုးရွားနေပြီး အနယ်နယ်အရပ်ရပ်က ဝိုင်းဝန်းကူညီပေးကြရန် အရာတော်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အကူအညီတောင်းခံထားသည်။

အရာတော်မြို့နယ် မလဲသာရွာကို စစ်ကောင်စီတပ်က နေ့စဥ် မီးရှို့ဖျက်ဆီးနေပြီး ယနေ့(မေ ၇ရက်) အခြေအနေအရ အိမ်ခြေ ၇၀၀နီးပါး မီးလောင်ခဲ့ရပြီး ပျက်ဆီးဆုံးရှုံးမှုတန်ဖိုးကို တွက်ချက်၍ပင် မရတော့ကြောင်းအရာတော်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်သည်။

“တရွာလုံးမီးရှို့ခံရသော မလဲသာကျေးရွာတွင် ပြည်သူ့အိုးအိမ်ဆုံးရှုံးမှု တန်ဖိုးအခြေအနေကို တွက်မရသေးအောင် များပြားနေ၊စစ်ဘေးရှောင်ထောင်ချီ၍ ပြန်စရာအိမ်မရှိတော့”ဟု အရာတော်မြို့နယ် သတင်းမှန်ပြန်ကြားရေးဌာနက သတင်းထုတ်ပြန်ထားသည်။

Public Service Announcement

အကြမ်းဖက်စစ်ကောင်စီသည် မလဲသာရွာ ဒေသခံများပိုင်ဆိုင်သည့် တိုက်အိမ်ကြီးများ၊ ကားများနှင့် ဆိုင်ကယ်များကို မီးရှို့ဖျက်ဆီးခဲ့သည်။မေလ ၂ရက်က မီးရှို့မှုတွင် ဒေသခံတစ်ဦးလည်း မီးလောင်သေဆုံးခဲ့သည်ဟု အရာတော်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

စစ်ဘေးရှောင်များအတွက် အကူအညီများစွာလည်း လိုအပ်နေပြီး လှူဒါန်းလိုသူများအနေဖြင့်အောက်ပါ link m.me/ayadawpeoplesadministration
https://www.facebook.com/ayadawpeoplesadministration/ မှတစ်ဆင့် လှူဒါန်းနိုင်ပါသည်။

အကြမ်းဖက်စစ်​ကောင်စီသည် အာဏာသိမ်းပြီး​နောက်ပိုင်း ၂၀၂၁ ​ဖေ​ဖော်ဝါရီ ၁ ရက်မှ ၂၀၂၂ ဧပြီ ၃၀ ရက်အထိ ၁၅ လတာအတွင်း ပြည်သူ​များ၏နေအိမ် ၁၁,၄၁၇လုံးအထိ မီးရှို့ဖျက်ဆီးထားသည်ဟု Data For Myanmar က ထုတ်ပြန်ထားသည်။

Click to comment

Leave a Reply

Your email address will not be published.

You May Also Like

သတင်း

​ကျေးရွာများကို အကြမ်းဖက်မီးရှို့ဖျက်ဆီး​နေ​သော စစ်​ကောင်စီတပ်ကို ​ဒေသခံ PDFများကလည်း​မေလ ၁၀ ရက် ​ပြောက်ကျားစစ်ဖြင့်ခုခံတိုက်ခိုက်​ခဲ့သည်။

သတင်း

ဝယ်ယူသူအားလုံး၏ ၁၀ ရာခိုင်နှုန်းသည် နိုင်ငံခြားသားများဖြစ်ပြီး ၎င်းတို့ထဲတွင် မြန်မာနိုင်ငံသားအဖြစ်မှ စွန့်လွှတ်ပြီး နိုင်ငံခြားသားခံယူထားသူများပါဝင်သလို မြန်မာပြည်ဖွားမဟုတ်သည့် နိုင်ငံခြားသားများပါဝင်သည်ဟုလည်း ဆိုသည်။

နိုင်ငံတကာ

မေလ ၉ ရက် မနက်ပိုင်းကစလို့ နိုင်ငံရဲ့ ပြည်တွင်းရေး အခြေအနေတွေ ဆိုးသထက် ဆိုးလာနေပြီး လူ ၅ ဦးထက်မနည်းသေ၊ ၁၉၀ ကျော် ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။ သေဆုံးသူတွေထဲမှာ သီရိလင်္ကာ လွှတ်တော်အမတ် တစ်ဦးလည်း ပါဝင်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီက နှစ်ပတ်အတွင်း ​ဒေသခံပြည်သူ ငါးဦးထက်မနည်းသတ်ဖြတ်ခဲ့ပြီး နေအိမ် ၂၀၀ကျော် မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြော သည်။