Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်​ကောင်စီတပ်က​ရေလည်ကျွန်းတွင် ပြည်သူ့​နေအိမ်များမီးရှို့ဖျက်ဆီးပြီး ​ရွှေ၊​ငွေအဖိုးတန်ပစ္စည်းများကိုလုယက်

​ကျေးရွာများကို အကြမ်းဖက်မီးရှို့ဖျက်ဆီး​နေ​သော စစ်​ကောင်စီတပ်ကို ​ဒေသခံ PDFများကလည်း​မေလ ၁၀ ရက် ​ပြောက်ကျားစစ်ဖြင့်ခုခံတိုက်ခိုက်​ခဲ့သည်။

(မြေစွန်းရွာ မီးရှို့ဖျက်ဆီးခံရသော နေအိမ်များ။ ဓါတ်ပုံ-CJ)

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသတွင် အကြမ်းဖက်စစ်တပ်က ကျေးရွာ၁၀ရွာမှ နေအိမ်အလုံး ၆၀ ကျော် မီးရှို့ဖျက်ဆီးခဲ့ပြီး ရွှေငွေနှင့်အဖိုးတန်ပစ္စည်းများ အဓမ္မသိမ်းဆည်းသွားကြောင်း ဒေသခံများက ပြောသည်။

အကြမ်းဖက်စစ်တပ်သည် မေလ ၇ ရက်နေ့က ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသရှိ ​ရွှေလှံရွာသို့ လာရောက်မီးရှို့ဖျက်ဆီးကာ မြောင်နယ်သို့ ပြန်လည်ထွက်ခွာသွားခဲ့သည်။

မေလ ၉ ရက်နေ့တွင် အကြမ်းဖက်စစ်တပ်သည် မြောင်နယ်၊ ဇီးကျွန်းကျေးရွာမှ တဆင့် ပြန်လည်ဝင်ရောက်လာကာ ရေလယ်ကျွန်း‌ကျေးရွာများကို မွှေနှောက်ဖျက်ဆီးခြင်း၊ နေအိမ်များ မီးရှို့ခြင်း၊ ရွှေ၊ ငွေ၊ တန်ဖိုးကြီးပစ္စည်များ ခိုးယူ လုယက် ယူဆောင်ခြင်းများ လုပ်ဆောင်နေကြပြီး စခန်းချရာရွာများတွင် မူးရူးသောက်စားကာ ရမ်းကားသောင်းကြမ်းခဲ့ကြောင်း ဒေသခံများက ပြောသည်။

(မြေစွန်းရွာ မီးရှို့ဖျက်ဆီးခံရသော နေအိမ်များ။ ဓါတ်ပုံ-CJ)

အကြမ်းဖက်စစ်တပ်သည် မေလ ၇ ရက်နေ့မှစတင်ကာ ကျေးရွာများအား ဆက်တိုက်ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ရာ ရွှေလှံရွာ နေအိမ် (၃) လုံး၊ သာဂေါင်ရွာ နေအိမ် (၁) လုံး၊ ဖြုံဖူးရွာ -နေအိမ် (၁) လုံး၊ မိဖုရားရွာ နေအိမ် (၁၀) လုံး၊မဲကုန်းရွာ နေအိမ် (၇) လုံး၊ဘိုကုန်းရွာ (၁) လုံး၊ကျွဲကုန်ရွာ နေအိမ် (၇) လုံး၊ ဆည်သစ်မြင်ရွာ – နေအိမ် (၉) လုံး၊ ငတရော်ရွာ နေအိမ် (၇) လုံး၊မြေစွန်းရွာ (၁၇) လုံး စုစုပေါင်း ကျေးရွာ (၁၀) ရွာမှ နေအိမ် (၆၃) လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြပြီး ရေလယ်ကျွန်းပြည်သူထောင်ချီ ထွက်ပြေးနေကြရကြောင်း ဒေသတွင်းအဖွဲ့အစ​ည်းများက ပြောသည်။

​မေလ ၁၀ ရက်တွင်လည်း အင်အား ၁၀၀ ခန့််ရှိ​သောအကြမ်းဖက်စစ်တပ်သည် ရေလယ်ကျွန်းမှ နံနက် ၇ နာရီတွင် ဖြုံဖူးရွာကိုမီးရှို့ခဲ့ပြီး ၊နံနက် ၈ နာရီတွင် မိဖုရားရွာ၊ နံနက် ၁၀ နာရီတွင် မဲကုန်းရွာ၊ နံနက် ၁၁ နာရီတွင် ဘိုကုန်းရွာတို့ကို ဆက်တိုက်မီးရှို့ခဲ့​ကြောင်း ​ဒေသခံအချို့က​​ပြောသည်။ ရွာ​လေးရွာကိုမီးရှို့ပြီး​နောက်​နေ့လယ် ၁၂ နာရီခွဲတွင်ကြွယ်ကုန်းရွာသို့​​ရောက်လာပြီး ​နေ့လယ် ၂ နာရီတွင်
ဘုန်းတော်ပြည့်ရွာကို ထပ်မံမီးရှို့ခဲ့ ကြောင်းသိရသည်။ခုနှစ်နာရီအတွင်း ရွာ ငါးရွာကို ဆက်တိုက်မီးရှို့ခဲ့သဖြင့် ပြည်သူများ၏ ​နေအိမ်မည်မျှပျက်စီးဆုံးရှုံးသည်ကိုမူအ​သေးစိပ်မသိ့ရ​သေး​ပေ။

(မြေစွန်းရွာ မီးရှို့ဖျက်ဆီးခံရသော နေအိမ်များ။ ဓါတ်ပုံ-CJ)

​ကျေးရွာများကို အကြမ်းဖက်မီးရှို့ဖျက်ဆီး​နေ​သော စစ်​ကောင်စီတပ်ကို ​ဒေသခံ PDFများကလည်း​မေလ ၁၀ ရက် ​ပြောက်ကျားစစ်ဖြင့်ခုခံတိုက်ခိုက်​ခဲ့သည်။

အကြမ်းဖက်အုပ်စုသည် ယနေ့ မေလ ၁၂ နံနက်ပိုင်းတွင်လည်း လှေခုတ်အုပ်စု ကျေးရွာများသို့ သွားရောက်နေကြောင်း လည်း​ဒေသခံအချို့က​ပြောသည်။

မကွေးတိုင်းသည် စစ်ကိုင်းတိုင်းပြီးလျှင် အကြမ်းဖက်စစ်ကောင်စီ၏ မီးရှို့ဖျက်ဆီးမှု ဒုတိယမြောက်အခံရဆုံးတိုင်းတစ်ခုဖြစ်ပြီး အိမ်ပေါင်း ၂၀၀၀ ကျော် မီးရှို့ဖျက်ဆီးခံထားရသည်။

Click to comment

Leave a Reply

Your email address will not be published.

You May Also Like

သတင်း

အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းနှင့် ထိတွေ့တိုက်ပွဲဖြစ်ခဲ့ရာ စစ်ကောင်စီတပ်သား လေးဦးသေဆုံးခဲ့ကြောင်း Bago Region PDF က အသိပေးထုတ်ပြန်သည်။

သတင်း

မျက်မြင်အနေအထားအရ အကြမ်းဖက်စစ်ကောင်စီဘက်မှ အယောက် ၂၀နှင့်အထက် သေဆုံးနိုင်ပြီး ရဲဘော်များ တစ်စုံတစ်ရာ အထိခိုက်မရှိ ဘေးလွတ်ရာသို့ဆုတ်ခွာနိုင်ခဲ့သည်ဟုနတ်တောင်နဂါးတပ်ဖွဲ့က ​ပြောသည်။

သတင်း

ရေလယ်ကျွန်းဒေသတွင် အကြမ်းဖက်စစ်တပ်က မေလ၇ ရက်နေ့မှစတင်ကာ ကျေးရွာ၁၀ရွာမှ နေအိမ်အလုံး ၆၀ ကျော် မီးရှို့ဖျက်ဆီးခဲ့ပြီး ရွှေငွေနှင့်အဖိုးတန်ပစ္စည်းများ အဓမ္မသိမ်းဆည်းသွားကြောင်း ဒေသခံများက ပြောသည်။

သတင်း

ကရင်နီဒေသ ဘောလခဲနှင့် ဖရူဆိုကြား၌လည်း ပြီးခဲ့သည့် ရက်ပိုင်းများအတွင်း တိုက်ပွဲများပြင်းထန်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုများပြားခဲ့ပြီး စစ်ကောင် စီယာဉ်များလည်း ပျက်စီးခဲ့သည်။