Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

လက်နက်ကြီးထိတဲ့ ညီအမနှစ်ဦးအနက် ၁၂ အရွယ်ကလေးငယ်သေဆုံး

ဒဏ်ရာရာသူ ညီအစ်မနှစ်ဦးထဲက အသက်(၁၂)နှစ်အရွယ် နော်သဒါးကို ဒေသတွင်းမှာရှိတဲ့ ကျန်းမာရေးနဲ့ပြန်လည်ထူထောင်ရေး ဆေးတပ်သားတွေကနေ အတတ်နိုင်ကြိုးစားဆေးကုသပေးနေပေမယ့် ဒဏ်ရာပြင်းထန်တဲ့အတွက်ကြောင့် မနေ့ မေလ ၈ ရက်နေ့မှာ သေဆုံးသွားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

ကေအဲန်ယူ-ဖာပွန်ခရိုင် တပ်မဟာ ၅ နယ်မြေထဲမှာ စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတစ်ဦး ထပ်မံသေဆုံးခဲ့ရပြီး တစ်ဦးဒဏ်ရာရရှိသွားခဲ့တယ်လို့ မူတြော်သတင်းစဉ်က သတင်းထုတ်ပြန်ထားပါတယ်။

မေ ၇ ရက် နေ့လည် ၁၂ နာရီအချိန်က ဖာပွန်ခရိုင် ဒွယ်လိုးမြို့နယ် မထောကျေးရွာအုပ် တဒွီးခိုကျေးရွာထဲကို ကူးဆိပ်အခြေစိုက် စကခ(၈)လက်အောက်ခံ ခမရ(၄၀၈)တပ်ဖွဲ့ဝင်တွေက လက်နက်ကြီး လေးချက်ပစ်ခတ်ခဲ့တာပါ။

အဲ့ဒီလိုပစ်ခတ်ခဲ့ရာ တဒွီးခိုကျေးရွာအတွင်းမှာ ညီအစ်မနှစ်ဦးဖြစ်တဲ့ အသက်(၁၆)နှစ်အရွယ် နော်အယ်ဆိနဲ့ အသက်(၁၂)နှစ်အရွယ် နော်သဒါးတို့ဟာ ရင်ဘတ်နဲ့ဝမ်းဗိုက်မှာ လက်နက်ကြီးကျည်စ ထိမှန်ဒဏ်ရာရရှိသွားခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒဏ်ရာရာသူ ညီအစ်မနှစ်ဦးထဲက အသက်(၁၂)နှစ်အရွယ် နော်သဒါးကို ဒေသတွင်းမှာရှိတဲ့ ကျန်းမာရေးနဲ့ပြန်လည်ထူထောင်ရေး ဆေးတပ်သားတွေကနေ အတတ်နိုင်ကြိုးစားဆေးကုသပေးနေပေမယ့် ဒဏ်ရာပြင်းထန်တဲ့အတွက်ကြောင့် မနေ့ မေလ ၈ ရက်နေ့မှာ သေဆုံးသွားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

လက်ရှိအချိန်အခါမှာ စစ်ကောင်စီတပ်တွေဟာ သူတို့ရဲ့ရှေ့တန်းတပ်စခန်းတွေအတွက် စားနပ်ရိက္ခာနဲ့ လက်နက်ခဲယမ်းတွေကို မြေပြင်ကနေ ခြေလျင်နဲ့ပြန်လည်ပို့ဆောင်ဖို့ ကြိုးစာကြံစည်နေချိန်မှာ ကတိုင်တိနဲ့ ကူးဆိပ်ကားလမ်းမတစ်လျှောက်ရှိ ဒေသခံတွေနေထိုင်တဲ့ ကျေးရွာတွေထဲကို လက်နက်ကြီးနဲ့ နေ့စဉ်ပစ်ခတ်ခဲ့တယ်လို့ မူတြော်သတင်းစဉ်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Click to comment

Leave a Reply

Your email address will not be published.

You May Also Like

သတင်း

သေဆုံးသူများထဲတွင် ဒီးမော့ဆိုအနီးတစ်ဝိုက်စစ်ရှောင်နေသူများ ဖြစ်ပြီး ချောက်အတွင်းမှ ခက်ခက်ခဲခဲ ဆွဲတင်ခဲ့ရသည်ဟုလည်း ၎င်းက ပြောထားသည်။

သတင်း

ရေလယ်ကျွန်းဒေသတွင် အကြမ်းဖက်စစ်တပ်က မေလ၇ ရက်နေ့မှစတင်ကာ ကျေးရွာ၁၀ရွာမှ နေအိမ်အလုံး ၆၀ ကျော် မီးရှို့ဖျက်ဆီးခဲ့ပြီး ရွှေငွေနှင့်အဖိုးတန်ပစ္စည်းများ အဓမ္မသိမ်းဆည်းသွားကြောင်း ဒေသခံများက ပြောသည်။

သတင်း

အင်အား ၆ဝ ခန့်ပါသော အကြမ်းဖက်စစ်ကောင်စီတပ်သည် ကားဆိပ်ရွာကိုဖျက်ဆီးပြီးနောက် သရက်ပင်စုရွာဟောင်းသို့ရောက်ရှိချိန်မိုင်းဆွဲတိုက်ခိုက်ခံရ၍ အနီးဝန်းကျင်သို့ လက်နက်ကြီးလက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်နေကြောင်း ဒေသခံများက ပြောသည်။

သတင်း

တိုက်ပွဲသတင်းကို PSDAက မေလ ၁၁ရက်မှသာ တရားဝင်သတင်းထုတ်ပြန်ခြင်း ဖြစ်သည်။ ယခုကဲ့သို့ သတင်းမထုတ်​ပြန်ခင် ကနဦးကာလတွင် အဆိုပါတိုက်ပွဲသည် အကြမ်းဖက်စစ်ကောင်စီနှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)တို့ တိုက်ခိုက်ခဲ့ခြင်းဟု လူသိများခဲ့သည်။