Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

အိတ်ရောင်းရအမြတ်ငွေ သိန်း ၁၅၀ ကျော်ကို ပညာရေးအတွက်လှူဒါန်းလိုက်သည့် ဒေါင်း

Free Online Educational Institution Myanmar သည် နွေဦးတော်လှန်ရေး ကာလတွင် အခြေခံပညာ ကျောင်းသား၊ ကျောင်းသူများအား Online နှင့် မြေပြင်မှ တဆင့် စဉ်ဆက်မပြတ် ပညာရေးပေးကာ ကြားကာလ ပြည်သူ့ပညာရေး ယန္တရားကို ဖော်ဆောင်နေသော လူထုအဖွဲ့အစည်းဖြစ်ပြီး သရုပ်ဆောင် ဒေါင်းကို ယင်းအဖွဲ့အစည်း၏ Ambassador အဖြစ် ဧပြီ ၂၆ ရက်က ခန့်အပ်ခဲ့သည်။

သရုပ်ဆောင်ဒေါင်း ကိုယ်ပိုင်ဒီဇိုင်းဖြင့် ဖန်တီးထားသည့် အိတ်များရောင်း၍ရရှိသည့် အမြတ်ငွေ သိန်း ၁၅၀ ကျော်ကို Free Online Educational Institution Myanmar ( FOEIM) သို့လှူဒါန်းလိုက်သည်။

Daung Arts Corner အမည်ဖြင့် ပေ့ခ်ျကို မတ်လ ၃၀ တွင်ကျရောက်သည့် ဒေါင်း၏မွေးနေ့တွင် စတင်ဖွင့်လှစ်ကာ လိုအပ်နေသည့်နေရာများကိုထောက်ပံ့နိုင်ရန် ၎င်း၏အနုပညာဖန်တီးမှုနှင့် အမှတ်တရ ပစ္စည်းများရောင်းရန်စီစဉ်ခဲ့ခြင်းဖြစ်ပြီး ဒေါင်း၏ကိုယ်ပိုင်ဒီဇိုင်းနှင့်အိတ်များကို ပထမဆုံးအကြိမ်ရောင်းချခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့ DAC page ကနေ တစ်လအတွင်း အိတ်ပေါင်း ၁၅၇၈ လုံး စုစုပေါင်းငွေ ၄၁,၃၉၅,၆၀၁ ကျပ် ဖိုးရောင်းချရရှိခဲ့ပြီး အမြတ်ငွေ ၁၅,၂၇၁,၅၄၇ ကျပ်( တစ်ရာငါးဆယ့်နှစ်သိန်းခုနှစ်သောင်းတစ်ထောင့်ငါးရာ့လေးဆယ်ခုနှစ်ကျပ် တိတိ ) ရရှိခဲ့ပါတယ်။ ရရှိသောအမြတ်ငွေအားလုံးအား Free Online Educational Institution Myanmar ( FOEIM) သို့လွှဲပြောင်းလှူဒါန်းပေးခဲ့ပါတယ်ခင်ဗျာ။”ဟု ပရိသတ်များကို အသိပေးထားသည်။

အဆိုပါအိတ်များကို ကမ္ဘာ့နိုင်ငံ အသီးသီးမှ ဒေါင်း၏ ပရိသတ်များကို အားပေးခဲ့ပြီး မျှော်လင့်ထားသည်ထက်အားပေးခဲ့သောကြောင့် ပီတိဖြစ်ရကြောင်း ဒေါင်းကရေးသားထားသည်။

“ကလေးငယ်များကိုပညာတတ်လေးများဖြစ်လာအောင်ပြုစုပျိုးထောင်ခြင်းကလည်းကောင်းမွန်သောတိုင်းပြည်ဖြစ်လာစေဖို့တည်ဆောက်ခြင်းတမျိုးပါပဲဗျ။ ဒါကြောင့် ကျွန်တော့်ရဲ့ DAC page မှ ရရှိသော fund များအား ပညာရေးရံပုံငွေအဖြစ် လှူဒါန်းသုံးစွဲဖို့ရည်ရွယ်ထားပါတယ်ဗျ။ နောက်အသစ်ထပ်လာမယ့် project များမှာလည်း ယခုလိုပဲ ညီအစ်ကိုမောင်နှများအားလုံးဝိုင်းဝန်းပါဝင်လှူဒါန်းခြင်းဖြင့် ကျွန်တော်တို့နိုင်ငံရဲ့ အနာဂတ်ကလေးတွေကိုကျွန်တော်တို့ အတူတကွပြုစုပျိုးထောင်ကြရအောင်ဗျ။” ဟု ကြေညာထားသည်။

Free Online Educational Institution Myanmar သည် နွေဦးတော်လှန်ရေး ကာလတွင် အခြေခံပညာ ကျောင်းသား၊ ကျောင်းသူများအား Online နှင့် မြေပြင်မှ တဆင့် စဉ်ဆက်မပြတ် ပညာရေးပေးကာ ကြားကာလ ပြည်သူ့ပညာရေး ယန္တရားကို ဖော်ဆောင်နေသော လူထုအဖွဲ့အစည်းဖြစ်ပြီး သရုပ်ဆောင် ဒေါင်းကို ယင်းအဖွဲ့အစည်း၏ Ambassador အဖြစ် ဧပြီ ၂၆ ရက်က ခန့်အပ်ခဲ့သည်။

Click to comment

Leave a Reply

Your email address will not be published.

You May Also Like

သတင်း

ရက်တိုသင်တန်းများကို ဒီမော့ဆို၊ ဖရူဆိုနှင့် မယ်စဲ့မြို့နယ်တို့တွင် ​စေတနာ့ဝန်ထမ်း ၉၀၀ ဦးခန့်အား ပို့ချပေးခဲ့ပြီးဖြစ်ကာ သင်တန်းများထပ်မံဖွင့်လှစ်သင်ကြားပေးရန်စီစဥ်လျက်ရှိပြီး ​စေတနာ့ဝန်ထမ်း များအတွက် ထောက်ပံ့မှု အနည်း ငယ်စီ ပံ့ပိုးပေးနိုင်ခဲ့ကြောင်း ထုတ်ပြန်သည်။

သတင်း

အာဏာသိမ်းစစ်ကောင်စီ ရဲ့အကြမ်းဖက် မှုကို ခုခံကာကွယ်ဖို့နဲ့ ပြန်လည်တွန်းလှန်တိုက်ခိုက်နိုင် ဖို့အတွက် PDF ကို ပြီးခဲ့တဲ့ နှစ်က ဖွဲ့စည်းတည်ထောင်ခဲ့တာပါ။

သတင်း

စစ်အာဏာရှင်တော်လှန်ရေး အလွန်ကောင်းသည့် ချင်းတောင်တန်းဒေသနှင့် ယောနယ်ကြားတွင် ရှိနေသော ကလေးမြို့နယ်ကို စစ်ကောင်စီက ​ခြေကုတ်ယူနိုင်ရန်ကြိုးစားနေသော်လည်း ပြည်သူ့ကာကွယ်ရေးအဖွဲ့များ၏ တုန့်ပြန်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်မှာ အထိနာနေသည်။

သတင်း

ယခု ၂၀၂၁ -၂၂ ပညာသင်နှစ်အတွက် ၁၀တန်းစာမေးပွဲ ဖြေဆိုရန် လျှောက်ထားသည့် ကျောင်းသားကျောင်းသူ ဦးရေ ၂၁၉၂ဦး ရှိပြီး ၁၀တန်းစာမေးပွဲကို ဧပြီ ၂၈ရက်အထိ စစ်ဆေးသွားမည်ဖြစ်ကြောင်း KIO ဗဟို ပညာရေးဌာနက အသိပေးထားသည်။