Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကရင်နီဒေသတွင် ကြားကာလပညာရေးအတွက် စေတနာ့ဝန်ထမ်း ၉၀၀ ကျော်ကိုသင်တန်းပေးထား

ရက်တိုသင်တန်းများကို ဒီမော့ဆို၊ ဖရူဆိုနှင့် မယ်စဲ့မြို့နယ်တို့တွင် ​စေတနာ့ဝန်ထမ်း ၉၀၀ ဦးခန့်အား ပို့ချပေးခဲ့ပြီးဖြစ်ကာ သင်တန်းများထပ်မံဖွင့်လှစ်သင်ကြားပေးရန်စီစဥ်လျက်ရှိပြီး ​စေတနာ့ဝန်ထမ်း များအတွက် ထောက်ပံ့မှု အနည်း ငယ်စီ ပံ့ပိုးပေးနိုင်ခဲ့ကြောင်း ထုတ်ပြန်သည်။

(​စေတနာ့ဝန်ထမ်း ဆရာ၊ဆရာမများကိုသင်တန်း​ပေးစဥ်)

ကရင်နီဒေသ(ကယားပြည်နယ်)ကြားကာလပညာရေးအတွက်စေတနာ့ဝန်ထမ်း (Volunteers) ၉၀၀ ကျော်အား သင်ကြားသင်ယူမှု ရက်တိုသင်တန်းများပေးထားပြီဖြစ်ကြောင်း ကယားပြည်နယ်လုံးဆိုင်ရာ အခြေခံပညာ ဆရာများသမဂ္ဂကယနေ့(မေ ၁၁)ထုတ်ပြန်သည်။

(​စေတနာ့ဝန်ထမ်း ဆရာ၊ဆရာမများကိုသင်တန်း​ပေးစဥ်)

စစ်ရှောင်ကြားကာ ပညာသင်ကြားရေး လုပ်ငန်းများ ဖော်ဆောင်ပေးနေသည့်အပြင် ကြားကာလပညာသင်ကြားရေးတွင် ပါဝင်ဖော်ဆောင်ကူညီနေသော​စေတနာ့ဝန်ထမ်း (Volunteers) များအတွက် သင်ကြား/သင်ယူမူ ရက်တို သင်တန်းများကို (CDM) နည်းပြ ဆရာ/မများနှင့်
ပူးပေါင်း၍ ပို့ချပေးလျက်ရှိသည်ဟု ဖော်ပြသည်။

ရက်တိုသင်တန်းများကို ဒီမော့ဆို၊ ဖရူဆိုနှင့် မယ်စဲ့မြို့နယ်တို့တွင် ​စေတနာ့ဝန်ထမ်း ၉၀၀ ဦးခန့်အား ပို့ချပေးခဲ့ပြီးဖြစ်ကာ သင်တန်းများထပ်မံဖွင့်လှစ်သင်ကြားပေးရန်စီစဥ်လျက်ရှိပြီး ​စေတနာ့ဝန်ထမ်း များအတွက် ထောက်ပံ့မှု အနည်း ငယ်စီ ပံ့ပိုးပေးနိုင်ခဲ့ကြောင်း ထုတ်ပြန်သည်။

(​စေတနာ့ဝန်ထမ်း ဆရာ၊ဆရာမများကိုသင်တန်း​ပေးစဥ်)

ထို့အပြင် သင်ကြားရေးနှင့်ပတ်သက်ပြီး အထောက်အကူဖြစ်စေရန် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပညာရေးဝန်ကြီးဌာန(MOE)မှ ချပေးထားသော ဗီဒီယိုသင်ခန်းစာများကို သင်ကြားပေးနေသော ဆရာဆရာမများ၊ကျောင်းသားသူများ အတွက် Memory sticks များဖြင့်သော်လည်းကောင်း၊ ဖုန်းထဲသို့လည်းကောင်း ကူးယူဖြန့်ဝေပေးလျက်ရှိသည်။

(​စေတနာ့ဝန်ထမ်း ဆရာ၊ဆရာမများကိုသင်တန်း​ပေးစဥ်)

ကယားပြည်နယ်လုံးဆိုင်ရာအခြေခံပညာဆရာများသမဂ္ဂအနေဖြင့် လာမည့် ၂၀၂၂-၂၃ ပညာသင်နှစ်(ကြားကာလ) ပညာသင်ရေးအတွက် အဆင်သင့်ဖြစ်စေရန် ကြိုးပမ်းလျက်ရှိပြီး(CDM)ဆရာဆရာမများ၊ ​စေတနာ့ဝန်ထမ်းများနှင့် မိဘများ၊ ကျောင်းသားများအားလုံး ပူပေါင်းပါဝင်ပေးကြရန် တိုက်တွန်းထားသည်။

Click to comment

Leave a Reply

Your email address will not be published.

You May Also Like

သတင်း

"ရှမ်းတောင်နဲ့ ကရင်နီက လက်တစ်ကမ်းပဲရှိတယ်။ စစ်ခွေးတွေက ကရင်နီကို ကြောက်ပြီး သွားရမှာစိုးလို့ ဓနုမှာလာမွှေနေတာ။ ဒါကို ဒေသခံတွေအားလုံး သိတယ်"ဟု ရွာငံမြို့မှ အမျိုးသားတစ်ဦးက ပြောသည်။

သတင်း

Free Online Educational Institution Myanmar သည် နွေဦးတော်လှန်ရေး ကာလတွင် အခြေခံပညာ ကျောင်းသား၊ ကျောင်းသူများအား Online နှင့် မြေပြင်မှ တဆင့် စဉ်ဆက်မပြတ် ပညာရေးပေးကာ ကြားကာလ ပြည်သူ့ပညာရေး ယန္တရားကို ဖော်ဆောင်နေသော လူထုအဖွဲ့အစည်းဖြစ်ပြီး သရုပ်ဆောင် ဒေါင်းကို...

သတင်း

တိုက်ပွဲများ၌ အထိနာခဲ့သည့် စစ်ကောင်စီတပ်သည် လေကြောင်းတိုက်ခိုက်မှုများ အကြိမ်ကြိမ် ပြုလုပ်ခဲ့ရာ လေကြောင်းတိုက်ခိုက်မှု (၁၁၈)ကြိမ်ရှိကြောင်း ထုတ်ပြန်ထားသည်

သတင်း

ယခု ၂၀၂၁ -၂၂ ပညာသင်နှစ်အတွက် ၁၀တန်းစာမေးပွဲ ဖြေဆိုရန် လျှောက်ထားသည့် ကျောင်းသားကျောင်းသူ ဦးရေ ၂၁၉၂ဦး ရှိပြီး ၁၀တန်းစာမေးပွဲကို ဧပြီ ၂၈ရက်အထိ စစ်ဆေးသွားမည်ဖြစ်ကြောင်း KIO ဗဟို ပညာရေးဌာနက အသိပေးထားသည်။