Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

အာဆီယံရဲ့ ကူညီထောက်ပံ့မှုအစီအစဉ် စစ်ကောင်စီအတွက်သာ အကျိုးဖြစ်စေမယ်လို့ SAC-M ထောက်ပြ

မြန်မာနိုင်ငံကအကူအညီလိုအပ်နေသူတွေထံကို အာဆီယံအနေနဲ့ ကူညီကယ်ဆယ်ရေးပစ္စည်းတွေ ပံ့ပိုးရာမှာလည်း စစ်ကောင်စီက သတ်မှတ်ထားတဲ့ ဒေသတွေကိုသာ ဖြန့်ဝေခွင့်ရမှာဖြစ်တယ်လို့ SAC -M ကဆိုထားပါတယ်။

အာဏာသိမ်းပြီးနောက် ကယားပြည်နယ်အတွင်း နေရပ်စွန့်ခွာတိမ်းရှောင်နေရသူ ဒေသခံတစ်ဦး

မြန်မာနိုင်ငံအတွက် လူသားချင်းစာနာထောက်ထားမှုအကူအညီပေးရာမှာ အာဆီယံအနေနဲ့ စစ်ကောင်စီကိုထိန်းချုပ်ခွင့်ပေးလိုက်တာဟာ စစ်ကောင်စီအတွက် သာ အကျိုးရှိစေမယ်လို့ ကုလသမဂ္ဂအရေးကျွမ်းကျင်သူတွေနဲ့ဖွဲ့စည်းထားတဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေးကောင်စီ (SAC-M)က ထုတ်ပြန်ပါတယ်။

ဒီလို ကူညီထောက်ပံ့ရေးမှာ စစ်ကောင်စီကို ကိုင်တွယ်ခွင့်ပေးတာဟာ လူသားချင်းစာနာထောက်ထားမှုအကူအညီပေးရေးအခြေခံကျတဲ့ စည်းမျည်းတွေကိုမလေးစားရာရောက်တယ်လို့ လည်း SAC -M က ထောက်ပြထားပါတယ်။

မေလ ၆ ရက်က ကမ္ဘောဒီးယားနိုင်ငံ ၊ဖနွမ်းပင်မှာ မြန်မာနိုင်ငံကို လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးနိုင်ရေး အာဆီယံဆိုင်ရာအတိုင်ပင်ခံအစည်းအဝေး ပြုလုပ်ခဲ့ပါတယ်။ အဲဒီအစည်းအဝေးကို စစ်ကောင်စီရဲ့အပြည်ပြည်ဆိုင်ရာဝန်ကြီး တက်ခွင့်ရခဲ့သလိုအာဆီယံကနေ ပေးအပ်မယ့် အကူအညီတွေကို စစ်ကောင်စီက တဆင့်သွားဖို့သဘောတူညီခဲ့ကြတာပါ။

မြန်မာနိုင်ငံကအကူအညီလိုအပ်နေသူတွေထံကို အာဆီယံအနေနဲ့ ကူညီကယ်ဆယ်ရေးပစ္စည်းတွေ ပံ့ပိုးရာမှာလည်း စစ်ကောင်စီက သတ်မှတ်ထားတဲ့ ဒေသတွေကိုသာ ဖြန့်ဝေခွင့်ရမှာဖြစ်တယ်လို့ SAC -M ကဆိုထားပါတယ်။

မြေပြင်အခြေအနေအရ အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံမှာ အကူအညီလိုအပ်နေသူ ၁၄ သန်းကျော်ရှိပြီး လူပေါင်း ၈ သိန်းကျော်ဟာနေရပ်စွန့်ခွာတိမ်းရှောင်နေရပါတယ်။ အကူအညီလိုအပ်နေသူအများစုဟာ ပဋိပက္ခဖြစ်ပွားရာဒေသတွေနဲ့ နယ်စပ်ဒေသတွေမှာ ရှိနေကြပါတယ်။

ဒါပေမယ့် စစ်ကောင်စီဟာ နယ်စပ်ဖြတ်ကျော်ပြီး အကူအညီပစ္စည်းတွေထောက်ပံ့တာကို ငြင်းဆန်ထားပါတယ်။

ဒါကြောင့် အာဆီယံအနေနဲ့ လူသားချင်းစာနာထောက်ထားမှုအကူအညီပေးရာမှာ ထိရောက်ဖို့အတွက် NUG အပါအဝင် သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ဆွေးနွေးတိုင်ပင် ပူးပေါင်းလုပ်ဆောင်သင့်တယ်လို့ SAC- M က အကြံပြုထားပါတယ်။

ဓာတ်ပုံ − AP

Click to comment

Leave a Reply

Your email address will not be published.

You May Also Like

သတင်း

အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းနှင့် ထိတွေ့တိုက်ပွဲဖြစ်ခဲ့ရာ စစ်ကောင်စီတပ်သား လေးဦးသေဆုံးခဲ့ကြောင်း Bago Region PDF က အသိပေးထုတ်ပြန်သည်။

သတင်း

မျက်မြင်အနေအထားအရ အကြမ်းဖက်စစ်ကောင်စီဘက်မှ အယောက် ၂၀နှင့်အထက် သေဆုံးနိုင်ပြီး ရဲဘော်များ တစ်စုံတစ်ရာ အထိခိုက်မရှိ ဘေးလွတ်ရာသို့ဆုတ်ခွာနိုင်ခဲ့သည်ဟုနတ်တောင်နဂါးတပ်ဖွဲ့က ​ပြောသည်။

သတင်း

ရေလယ်ကျွန်းဒေသတွင် အကြမ်းဖက်စစ်တပ်က မေလ၇ ရက်နေ့မှစတင်ကာ ကျေးရွာ၁၀ရွာမှ နေအိမ်အလုံး ၆၀ ကျော် မီးရှို့ဖျက်ဆီးခဲ့ပြီး ရွှေငွေနှင့်အဖိုးတန်ပစ္စည်းများ အဓမ္မသိမ်းဆည်းသွားကြောင်း ဒေသခံများက ပြောသည်။

သတင်း

ကရင်နီဒေသ ဘောလခဲနှင့် ဖရူဆိုကြား၌လည်း ပြီးခဲ့သည့် ရက်ပိုင်းများအတွင်း တိုက်ပွဲများပြင်းထန်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုများပြားခဲ့ပြီး စစ်ကောင် စီယာဉ်များလည်း ပျက်စီးခဲ့သည်။