Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မိုးဗြဲနှင့် ဒီးမော့ဆို တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ရှစ်ဦးသေ

တိုက်ပွဲတွင် ပြည်သူများ၏ထောက်ပံ့ကူညီမှုကြောင့် ဝယ်ယူရရှိခဲ့သော စနိုက်ပါဖြင့် စစ်ဆင်ရေး ဆောင်ရွက်ခဲ့ရာ အကြမ်းဖက်စစ်သား သုံးဦးသေဆုံးကြောင်း အသိပေးသည်။

(ကရင်နီတော်လှန်ရေးတပ်ပေါင်းစု(KRU) ရဲဘော်များအား တွေ့ရစဥ်)

မိုးဗြဲနှင့် ဒီးမော့ဆိုမြို့နယ်တို့တွင်တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်သားရှစ်ဦးသေဆုံးကြောင်း ကရင်နီတပ်ဖွဲ့များက ထုတ်ပြန်သည်။

တိုက်ပွဲဖြစ်စဥ်များအရ ယနေ့(မေလ ၉ရက်)နံနက်ပိုင်းတွင် မိုးဗြဲမြို့အထွက်တစ်နေရာ၌ စခန်းချနေသော စစ်အုပ်စုကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)တပ်ရင်း – ၃ က အလစ်ဝင်တိုက်ခဲ့သည်ဟု ဆိုသည်။

တိုက်ပွဲတွင် ပြည်သူများ၏ထောက်ပံ့ကူညီမှုကြောင့် ဝယ်ယူရရှိခဲ့သော စနိုက်ပါဖြင့် စစ်ဆင်ရေး ဆောင်ရွက်ခဲ့ရာ အကြမ်းဖက်စစ်သား သုံးဦးသေဆုံးကြောင်း အသိပေးသည်။

Public Service Announcement

ပစ်ခတ်မှုမှာ မိနစ်၂၀ခန့်သာကြာမြင့်ခဲ့ပြီး KNDF က အထိခိုက်မရှိဆုတ်ခွာနိုင်ခဲ့သည်ဟုထုတ်ပြန်ချက်၌ ဖော်ပြသည်။

“ဖရူဆို ဘက်မှာလည်း ဒီနေ့တိုက်ပွဲ ဖြစ်နေတယ်။နှစ်ဖက်အကျအဆုံးရှိတယ်”ဟု KNDF တပ်ဖွဲ့ဝင်တစ်ဦးက People’s Springသို့ ပြောသည်။

အလားတူ မေလ၈ရက် တွင် ဒီမော့ဆို့မြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဖြင့် ည အချိန် ထိတွေ့မှု လေးကြိမ် ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်မှ ငါးသေဆုံး၍ အများအပြား အပြင်းအထန်ဒဏ်ရာရရှိနိုင်ကြောင်း ကရင်နီတော်လှန်ရေးတပ်ပေါင်းစု(KRU)က ဆိုသည်။

တိုက်ပွဲထိတွေမှုများပြားနေပါသဖြင့် ခဲယမ်းအးများအရေးပေါ်လိုအပ်နေသောကြောင့် ပြည် တွင်း၊ပြည်ပမှ အလှူရှင်များအား KRUက အကူအညီတောင်းခံသည်။

Click to comment

Leave a Reply

Your email address will not be published.

You May Also Like

သတင်း

အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းနှင့် ထိတွေ့တိုက်ပွဲဖြစ်ခဲ့ရာ စစ်ကောင်စီတပ်သား လေးဦးသေဆုံးခဲ့ကြောင်း Bago Region PDF က အသိပေးထုတ်ပြန်သည်။

သတင်း

မျက်မြင်အနေအထားအရ အကြမ်းဖက်စစ်ကောင်စီဘက်မှ အယောက် ၂၀နှင့်အထက် သေဆုံးနိုင်ပြီး ရဲဘော်များ တစ်စုံတစ်ရာ အထိခိုက်မရှိ ဘေးလွတ်ရာသို့ဆုတ်ခွာနိုင်ခဲ့သည်ဟုနတ်တောင်နဂါးတပ်ဖွဲ့က ​ပြောသည်။

သတင်း

ရေလယ်ကျွန်းဒေသတွင် အကြမ်းဖက်စစ်တပ်က မေလ၇ ရက်နေ့မှစတင်ကာ ကျေးရွာ၁၀ရွာမှ နေအိမ်အလုံး ၆၀ ကျော် မီးရှို့ဖျက်ဆီးခဲ့ပြီး ရွှေငွေနှင့်အဖိုးတန်ပစ္စည်းများ အဓမ္မသိမ်းဆည်းသွားကြောင်း ဒေသခံများက ပြောသည်။

သတင်း

ကရင်နီဒေသ ဘောလခဲနှင့် ဖရူဆိုကြား၌လည်း ပြီးခဲ့သည့် ရက်ပိုင်းများအတွင်း တိုက်ပွဲများပြင်းထန်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုများပြားခဲ့ပြီး စစ်ကောင် စီယာဉ်များလည်း ပျက်စီးခဲ့သည်။