Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဆိုင်ကလုန်းမုန်တိုင်းအား​လျော့ပြီး မုန်တိုင်းငယ်အဖြစ်ဘင်္ဂလားဒေ့ရှ်နှင့်မြန်မာနယ်စပ်မှ​မေ ၁၇ ဖြတ်သန်းနိုင်

မုန်တိုင်းအရှိန်ကြောင့်မေ ၁၀ ရက်မှ မေ ၁၄ရက်အတွင်း မြန်မာနိုင်ငံအနှံ့ မိုးရွာသွန်းနိုင်ကာ ဒေသအများစု သာမာန်ထက်ပိုသည့် မိုးရေချိန်များဖြင့် မိုးကောင်းနိုင်သည်ဟု GDACSက ခန့်မှန်းထားသည်။

●နိုင်ငံတစ်ဝန်းမိုး​ကောင်းပြီးရခိုင်ကမ်းရိုးတန်း​နေပြည်သူများသတိထားရန်လို

ဆိုင်ကလုန်းမုန်တိုင်း (ASANI)သည် ဘင်္ဂလားဒေ့ရှ်နှင့်မြန်မာနိုင်ငံကြားကမ်းရိုးတန်းသို့ စစ်တကောင်းမြို့အနီးမှမုန်တိုင်းငယ်အဖြစ်​မေ ၁၇ ရက်တွင်ဖြတ်ကျော်ဝင်​ရောက်နိုင်​ခြေရှိ၍ရခိုင်ကမ်းရိုးတန်းနေပြည်သူများ အထူးဂရုစိုက်နေထိုင်ရန်အမျိုးသားညီညွတ်ရေးအစိုးရက သတိပေးထားသည်။

ASANI ရွေ့လျားမည့်လမ်းကြောင်းသည် သည် မေလ ၉ရက်နံနက်ပိုင်း ခန့်မှန်းချက်များအရ အိန္ဒိယနိုင်ငံ၊ သြရိဿကမ်းခြေကို ဦးတည်နေသော်လည်း ယင်းနေရာမှ ပြန်ကွေ့၍ မုန်တိုင်းငယ်အဖြစ်ဘင်္ဂလားဒေ့ရှ်နှင့်မြန်မာနိုင်ငံကြားကမ်းခြေသို့ စစ်တကောင်းမြို့အနီးမှ ​မေလ ၁၇ ရက်တွင်ဖြတ်ကျော်တိုက်ခတ်နိုင်သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ၏လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်စီမံခန့်ခွဲမှု ဆိုင်ရာ ဝန်ကြီးဌာနက ခန့်မှန်းထုတ်ပြန်ထားသည်။

ထို့​​ကြောင့် ရခိုင်ပြည်နယ်ဒေသခံများကို မုန်တိုင်းအန္တရာယ်သတိပြုရန် သတိပေး ထားခြင်းဖြစ်သည်။

ASANIသည် ယနေ့(မေ ၁၀ရက်) တိုင်းတာချက်အရဗဟိုလေတိုက်နှုန်း တစ်နာရီ ၆၅ မိုင်ခန့်ဖြင့် အိန္ဒိယနိုင်ငံကမ်းရိုးတန်းဖက်သို့ ဦးတည်ရွေ့လျားနေပြီး မေလ ၁၄ ရက်နေ့ညနေတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းခြေအားဖြတ်ကျော်ဝင်ရောက်နိုင်ကြောင်း မိုးလေဝသအခြေအနေတိုင်းတာရေး ကွန်ပြူတာမော်ဒယ်တစ်ခုဖြစ်သော GDACS(Global Disaster Alert and Coordination System)က တွက်ချက်ဖော်ပြထားသည်။

မုန်တိုင်းအရှိန်ကြောင့်မေ ၁၀ ရက်မှ မေ ၁၄ရက်အတွင်း မြန်မာနိုင်ငံအနှံ့ မိုးရွာသွန်းနိုင်ကာ ဒေသအများစု သာမာန်ထက်ပိုသည့် မိုးရေချိန်များဖြင့် မိုးကောင်းနိုင်သည်ဟု GDACSက ခန့်မှန်းထားသည်။

ASANI မုန်တိုင်းအရှိန်ကြောင့် ” တစ်ပြည်လုံး မိုးပျံ့ပျံ့နှံ့နှံရွာပြီး မိုးသည်းထန်နိုင်ပါသည်”ဟုလည်း လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

(NUG ဘေးအန္တရာယ်စီမံခန့်ခွဲမှု ဆိုင်ရာ ဝန်ကြီးဌာန၏တစ်ပါတ်တာခန့်မှန်းချက်)

ယခုရက်ပိုင်းအတွင်း မြန်မာကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တွင်လေတိုက်နှုန်း ၃၅မိုင် မှ ၄၅ မိုင်ခန့်နှင့် ရေလှိုင်း အမြင့် ၈ ပေမှ ၁၀ ပေခန့်မြင့်တက်နိုင်ကြောင်း၊မေလ ၁၃ရက်နှင့် မေလ ၁၄ရက်တွင် ရခိုင် ကမ်းရိုးတန်းတလျှောက် လေ တိုက်နှုန်း မြင့်တက်လာနိုင်ပြီး တစ်နာရီလျှင် ၄၅မိုင်မှ ၅၀မိုင် အထိတိုက်ခတ်နိုင်ကြောင်း သတိပေးထားသည်။

Click to comment

Leave a Reply

Your email address will not be published.

You May Also Like

သတင်း

NUG နိုင်ငံခြားရေးဝန်ကြီးကို တွေ့ဆုံပြီးနောက် ဒေသစံတော်ချိန် ညနေ ၄ နာရီ ၁၅ မိနစ်တွင် ဗီယက်နမ်နိုင်ငံခြားရေး ဒုတိယဝန်ကြီးကို ဝင်ဒီရှားမန်းက လက်ခံတွေ့ဆုံမည်ဖြစ်သည်။

သတင်း

အာဆီယံအဖွဲ့ဝင်နိုင်ငံများသည် NUG ၊ NUCC တို့နှင့် အလွတ်သဘောတွေ့ဆုံဆွေးနွေးသင့် ကြောင်းအဆိုကို မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ပြီးခဲ့သည့်သီတင်းပတ်များအတွင်း စတင် ပြောကြားခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီကမူ ၎င်း၏အဆိုပြုမှုကို အပြင်းအထန်ကန့်ကွက်ထားသည်။

သတင်း

အမေရိကန်-အာဆီယံထိပ်သီးဆွေးနွေးပွဲတွင် မြန်မာ့အရေးကို ဆွေးနွေးပွဲအစီအစဉ်တစ်ရပ် အဖြစ်ထည့်သွင်းဆွေးနွေးမည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ထုတ်ဖော်ပြောကြားထားသည်။

သတင်း

ဖက်ဒရယ်ပြည်ထောင်စု အဖွဲ့ဝင် ပြည်နယ်/ဖက်ဒရယ်ယူနစ် အရေအတွက်နှင့် ပတ်သက်၍ အသွင်ကူးပြောင်းရေးကာလတွင် မဆုံးဖြတ်သေးဘဲ အမြဲတမ်းကျင့်သုံးမည့် ဖွဲ့စည်းပုံ အခြေခံဥပဒေသစ်ကို တိုင်းပြုပြည်ပြုညီလာခံတွင် ရေးဆွဲပြဋ္ဌာန်းသည့် အခါမှသာ ဆုံးဖြတ်သင့်ကြောင်း အဆိုပါစာစောင်တွင် မှတ်ချက်ဖြင့် ရှင်းလင်းစွာ ဖော်ပြထားကြောင်း ထပ်မံရှင်းလင်းသည်။