Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကိုင်းမြို့ ကုန်းတန်းရွာကို စစ်ကောင်စီတပ် လက်နက်ကြီးဖြင့်ပစ်ခတ်၍ ကလေးငယ်လေးဦး ဒဏ်ရာရ၊ ဒေသခံပြည်သူ ၂၀ကျော် ဖမ်းဆီးခံရ

အကြမ်းဖက်စစ်ကောင်စီဘက်ကမူ ကုန်းတန်းလေးကျေးရွာရှိ PDF စခန်းတစ်ခုအား ဝင်ရောက်စီးနင်းခဲ့ပြီး လက်နက်များ သိမ်းဆည်းရမိသည်ဟု ဝါဒဖြန့်သည်။

(လက်နက်ကြီးကျ၍ ကုန်းတန်းလေးကျေးရွာဓမ္မာရုံ ပျက်စီးခဲ့သည်ကို တွေ့ရစဥ်။)

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ် ကုန်းတန်းကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ဝင်ရောက်ပစ်ခတ်၍ ကလေးငယ်လေးဦး ထိခိုက်ဒဏ်ရာရရှိပြီး ဒေသခံပြည်သူ ၂၀ကျော် ဖမ်းဆီးခံရကြောင်း ဒေသခံများက ပြောသည်။

ယမန်နေ့(မေလ ၉ ရက်) နံနက်ပိုင်းက အကြမ်းဖက်စစ်ကောင်စီတပ်သည် စစ်ကိုင်းမြို့နယ်၊ မအူပင်အုပ်စု၊ ကုန်းတန်းလေးရွာကို ဝင်ရောက်လာပြီး ရွာအဝင်မှ လက်နက်ကြီးနှင့်ပစ်ခတ်ခဲ့၍ ဓမ္မာရုံပျက်စီးမှုအချို့ရှိခဲ့ပြီး ကလေးငယ် လေးဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

ထို့အပြင် အကြမ်းဖက်စစ်တပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် ဓမ္မာရုံအနီးရှိ နေအိမ် လေးလုံးလောင်မီးလောင်သွားကြောင်း ဒေသခံများက ပြောသည်။

“တော်လှန်ရေးရဲဘော်တွေလာဖမ်းတာမမိဘူးလို့ကြားတယ်။ မဆိုင်တဲ့ ရွာသား ၂၀ဝန်းကျင် ဖမ်းခံရပြီး လက်နက်နှင့်ဆက်စက်ပစ္စည်းပါသွားတယ်လို့ သိရပါတယ်”ဟု စစ်ကိုင်းဒေသခံတစ်ဦးက ပြောသည်။

အကြမ်းဖက်စစ်ကောင်စီဘက်ကမူ ကုန်းတန်းလေးကျေးရွာရှိ PDF စခန်းတစ်ခုအား ဝင်ရောက်စီးနင်းခဲ့ပြီး လက်နက်များ သိမ်းဆည်းရမိသည်ဟု ဝါဒဖြန့်သည်။

စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်က ကျေးရွာများအား ဝင်ရောက်မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်နေသည်။

Click to comment

Leave a Reply

Your email address will not be published.

You May Also Like

သတင်း

အင်အား ၆ဝ ခန့်ပါသော အကြမ်းဖက်စစ်ကောင်စီတပ်သည် ကားဆိပ်ရွာကိုဖျက်ဆီးပြီးနောက် သရက်ပင်စုရွာဟောင်းသို့ရောက်ရှိချိန်မိုင်းဆွဲတိုက်ခိုက်ခံရ၍ အနီးဝန်းကျင်သို့ လက်နက်ကြီးလက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်နေကြောင်း ဒေသခံများက ပြောသည်။

သတင်း

ပြီးခဲ့တဲ့ ဧပြီလအတွင်းကလည်း ရန်ကုန်မှာ ကလေးမိခင်အမျိုးသမီးကိုဖမ်းဆီးပြီးနောက် အသက် ၄ နှစ်အရွယ် ကလေး ကိုမူကြိုကျောင်းမှာစစ်ကောင်စီကသွားရောက်ခေါ်ဆောင်ဖမ်းဆီးခဲ့တာဖြစ်ခဲ့ပါတယ်။

သတင်း

စစ်ကောင်စီဘက်မှ အထိခိုက်ကျဆုံးရှိနိုင်ပြီး အတိကျမသိရသေးပါဟုလည်း သထုံ PDFက ထုတ်ပြန်သည်။

သတင်း

ကျိုက်ဝိုင်းဘုရားလမ်းရှိ (၃)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို ယနေ့(မေ ၁၁)နံနက် ၁၀နာရီခန့်တွင် အမည်မသိအဖွဲ့တစ်ဖွဲ့က ဝင်ရောက်ပစ်ခတ်သွားခြင်းဟု ဆိုသည်။