Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မန္တလေးမြို့မှ သွေးသောက်အဖွဲ့ဒုခေါင်းဆောင်နှင့် အဖွဲ့ဝင်တစ်ဦးကို UG များက ရှင်းလင်းဟုထုတ်ပြန်

စစ်​ကောင်စီက ​သွေး​သောက်အဖွဲ့မှာ ၎င်းတို့နှင့်မသက်ဆိုင်ဟုငြင်းဆန်ထား​သော်လည်း​သွေး​သောက်အဖွဲ့က ပြည်သူများကိုဖမ်းဆီးသတ်ဖြတ်မှုများအ​ပေါ် အ​ရေးတုံ့ပြန်​ခြင်း မရှိ​ဘဲ ခွင့်ပြုထား​သဖြင့် ​ထိုအဖွဲ့ ၏ ​နောက်ကွယ်တွင်စစ်​ကောင်စီ​ရှိ​ကြောင်း ပြည်သူများကညယုကြည်​နေကြသည်။

မန္တလေးမြို့ ပုသိမ်ကြီးမြို့နယ်ရှိ စစ်ကောင်စီလက်ပါးစေ သွေးသောက်အဖွဲ့မှ ဒုခေါင်း ဆောင်ဆိုသူနှင့် အဖွဲ့ဝင်တစ်ဦးကို မန္တလေးမြေအောက်တော်လှန်ရေးအဖွဲ့များက ပစ်ခတ်ရှင်းလင်းခဲ့​ကြောင်းသတင်းထုတ်ပြန်သည်။

ပုသိမ်ကြီးမြို့နယ် ဆင်ပွတ်ကြီးရွာအခြေစိုက် သွေးသောက်အဖွဲ့ ဒုခေါင်းဆောင် ဖြိုးကျော်နှင့် မုန့်နီတို့နှစ်ဦးကို လမ်း ၃၀ မြို့ပတ်လမ်းအရှေ့ထိပ်တွင် ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

“ဆင်ပွတ်ကြီးသွေးသောက်အဖွဲ့သည် NLD အမတ်များကို ဖမ်းဆီးသတ်ဖြတ်၍ စစ်ခွေးများမှ ချပေးထားသော လက်နက်များကိုင်ဆောင်၍ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆိုပြီး လက်နက်ကိုင်ပြီး ရမ်းကားနေတဲ့သူတွေ ဖြစ်ပါတယ်ခင်ဗျာ”ဟု မန္တလေးအခြေစိုက် UG မဟာ မိတ်တပ်ပေါင်းစုက ထုတ်ပြန်သည်။

အထက်ပါတိုက်ခိုက်မှုကို မန္တလေးမြို့အခြေ စိုက် UG မဟာမိတ်တပ်ပေါင်းစုဖြစ်သော Rangers Of Mandalay(ROM)၊ အနက်ရောင်သေမင်း၊ NGU:FF စသည့် UG အဖွဲ့ခြောက်ဖွဲ့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ မန္တ​လေးမြို့တွင် ​သွေး​သောက်အဖွဲ့က NLD ​ထောက်ခံသူများနှင့်​ထောက်ခံကို ဖမ်းဆီးသတ်ဖြတ်မှု ၆ ဦး​ကျော်ရှိလာပြီး​နောက် မြို့ပြ​ပြောက်ကျားတပ်ဖွဲ့က​သွေး​သောက်အဖွဲ့ကို တန်ပြန်သုတ်သင်ရှင်းလင်း​မှု စတင်လာခြင်းဖြစ်သည်။

စစ်​ကောင်စီက ​သွေး​သောက်အဖွဲ့မှာ ၎င်းတို့နှင့်မသက်ဆိုင်ဟုငြင်းဆန်ထား​သော်လည်း​သွေး​သောက်အဖွဲ့က ပြည်သူများကိုဖမ်းဆီးသတ်ဖြတ်မှုများအ​ပေါ် အ​ရေးတုံ့ပြန်​ခြင်း မရှိ​ဘဲ ခွင့်ပြုထား​သဖြင့် ​ထိုအဖွဲ့ ၏ ​နောက်ကွယ်တွင်စစ်​ကောင်စီ​ရှိ​ကြောင်း ပြည်သူများကညယုကြည်​နေကြသည်။

၎င်းတို့ UG မဟာမိတ်တပ်ပေါင်းစုညီနောင်များစုပေါင်း၍ အာဏာရှင်စနစ်အားတိုက်ထုတ်သွားမည်ဖြစ်ကြောင်းလည်း UG များက အသိပေးထားသည်။

Click to comment

Leave a Reply

Your email address will not be published.

You May Also Like

သတင်း

တော်လှန်ရေးရဲဘော်တွေဟာ ဘာသာရေးနဲ့သက်ဆိုင်တဲ့ နေရာတွေကိုထိခိုက်အောင် လုပ်ဆောင်မှာမဟုတ်ကြောင်း သတင်းထုတ်ပြန်ချက်မှာအလေးထားဖော်ပြထားတာတွေ့ရပါတယ်။

သတင်း

တော်လှန်ရေးအင်အားစုများ၏ သတင်းများအရ (စရဖ)ဇော်ထွန်းသည် စစ်အာဏာရှင်ထောက်တိုင်အဖြစ် တရားမဝင်စီးပွားရေးသမားများနှင့် ပေါင်းသင်းငွေရှာနေသူဖြစ်ကြောင်း သိရသည်။

သတင်း

ROM အဖွဲ့၏ ခိုလှုံနေရာအား စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းရာတွင် အရပ်ဝတ်ရော ယူ နီဖောင်းဝတ်များပါ အင်အား ၁၂ ဦးခန့် ကနဦးရောက်ရှိလာပြီး နေအိမ်အားဝင်ရောက်ရှာဖွေသောင်းကျန်းသွားကြောင်း ၎င်းက ဆက်ပြောသည်။

သတင်း

" အိအိပြုံး နင်အေးဆေးနေ "ဟု အစချီထားသော စာရေးသားကာ ယမန်နေ့(မေ လ၈ရက်)က စာဖြန့်ဝေသွားခြင်းဖြစ်သည်။ ဒေါ်အိအိပြုံး၏မိသားစုဝင်များအား အသက်အန္တရာယ်ပြုမည်ဟု ရေးသားထားသည်။