Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စရဖ တာဝန်ခံဇော်ထွန်းကို သန်လျင်(ပကဖ) ရှင်းလင်း

တော်လှန်ရေးအင်အားစုများ၏ သတင်းများအရ (စရဖ)ဇော်ထွန်းသည် စစ်အာဏာရှင်ထောက်တိုင်အဖြစ် တရားမဝင်စီးပွားရေးသမားများနှင့် ပေါင်းသင်းငွေရှာနေသူဖြစ်ကြောင်း သိရသည်။

စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့(စရဖ)တာဝန်ခံ ဇော်ထွန်းကို ရှင်းလင်းခဲ့ကြောင်း ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ) ထုတ်ပြန်သည်။

ယနေ့(မေ ၁၁ရက်)နံနက် ၇နာရီ ၅မိနစ်တွင် အောင်ချမ်းသာ ကွန်ကရစ်လမ်းမ WH Hotel အနီး (စရဖ)ဇော်ထွန်း ကားမောင်းလာစဥ် ဘေးချင်းယှဥ်၍စုစုပေါင်းကျည် ၁၃ချက်ဖြင့် ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။

တော်လှန်ရေးအင်အားစုများ၏ သတင်းများအရ (စရဖ)ဇော်ထွန်းသည် စစ်အာဏာရှင်ထောက်တိုင်အဖြစ် တရားမဝင်စီးပွားရေးသမားများနှင့် ပေါင်းသင်းငွေရှာနေသူဖြစ်ကြောင်း သိရသည်။

ဆက်လက်၍လည်း စစ်ရေးပစ်မှတ်များကို အဓိကထား တိုက်ခိုက်သွားမည်ဟု သန်လျင်(ပကဖ) က အသိပေးသည်။

“ထုံးစံအတိုင်းပေါ့။ သူတို့ စခတွေထဲက တစ်ယောက်သေတာနဲ့ တစ်မြို့လုံးပတ်စစ်တာပဲ။ဒီနေ့လည်းတံတားအဆင်းမှာ ရေတပ်ကကောင်တွေ ငါးယောင်လောက်ရှိတယ်။ပြီးတော့ ကျိုက်ခေါက်ဘုရားနားမှာ တစ်ဖွဲ့စစ်နေတယ်။ကားထဲအထိ ပါလှန်လှော် ရှာသေးတာ”ဟု သန်လျင်မြို့ခံတစ်ဦးက People’s Springသို့ ပြောသည်။

ယခုဖြစ်စဥ်မတိုင်မီက သန်လျင်မြို့နယ်၏ စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် သွေးသောက်အဖွဲ့ခေါင်းဆောင်ရန်နိုင်ရွှေ ကိုလည်း သန်လျင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ) သုတ်သင်ရှင်းလင်းထားသည်။

Click to comment

Leave a Reply

Your email address will not be published.

You May Also Like

သတင်း

စစ်​ကောင်စီက ​သွေး​သောက်အဖွဲ့မှာ ၎င်းတို့နှင့်မသက်ဆိုင်ဟုငြင်းဆန်ထား​သော်လည်း​သွေး​သောက်အဖွဲ့က ပြည်သူများကိုဖမ်းဆီးသတ်ဖြတ်မှုများအ​ပေါ် အ​ရေးတုံ့ပြန်​ခြင်း မရှိ​ဘဲ ခွင့်ပြုထား​သဖြင့် ​ထိုအဖွဲ့ ၏ ​နောက်ကွယ်တွင်စစ်​ကောင်စီ​ရှိ​ကြောင်း ပြည်သူများကညယုကြည်​နေကြသည်။

သတင်း

ဝင်မနားရဲစခန်းကို မေလ၄ ရက်က MDF-PDF၊ KPDFနှင့် မဟာမိတ် PDFတပ်ရင်းတပ်ဖွဲ့များ ဝင်ရောက်စီးနင်းခဲ့ပြီးနောက် စစ်ကောင်စီတပ်သားများ ထွက်ပြေးသွားခဲ့ခြင်းဖြစ်သည်။

သတင်း

သေဆုံးသူ ရဲနှစ်ဦးအနက်တစ်ဦးမှာ တပ်ကြပ်ဖြစ်ကာ ကျန်တစ်ဦးမှာ တပ်သားဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

သတင်း

ဧပြီ ၂၆ ရက် ည ၇နာရီခွဲခန့်ကလည်း "နန်းထိုက်အောင်"စစ်ဆင်ရေးအစိတ်အပိုင်းအဖြစ် ရွှေပြည်သာမြို့နယ်၊ ဧရာဝတီပတ်လမ်းရှိ ယာဥ်ထိန်းရဲရုံးအတွင်းရှိ စစ်ကောင်စီတပ်သားများကို ရန်ကုန်မြို့ပြ ပြောက်ကျားတပ်ဖွဲ့ YUGA က တိုက်ခိုက်ခဲ့သည်။