Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

အာဆီယံဆက်စပ်အစည်းအဝေးများတွင် မည်သူ့ကို ဖိတ်ရန်မဖိတ်ရန်နှင့်ပတ်သက်၍ စစ်ကောင်စီဝင်ရောက်မစွက်ဖက်ရန် မလေးရှားနိုင်ငံခြားရေးဝန်ကြီးပြော

အမေရိကန်-အာဆီယံထိပ်သီးဆွေးနွေးပွဲမတိုင်မီ ဝါရှင်တန်၌ ပြုလုပ်သော အာဆီယံနိုင်ငံခြား ရေးဝန်ကြီးများ၏ အလွတ်သဘောအစည်းအဝေးတွင် မလေးရှားနိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah က ယင်းသို့ ထည့်သွင်းဆွေးနွေးသည်။

မ​လေးရှားနိုင်ငံခြား​ရေးဝန်ကြီး Saifuddin Abdullah

အာဆီယံသည် ၎င်းတို့၏ဆက်စပ်အစည်းအဝေးများတွင် မည်သူ့ကိုဖိတ်ကြားရမည်ကို အမိန့်ပေးရာ၌ အာဏာသိမ်းစစ်ကောင်စီကို ဝင်ရောက်စွက်ဖက်ခွင့်မပြုသင့်ကြောင်း မလေးရှားနိုင်ငံ ခြားရေးဝန်ကြီးက ပြောကြားသည်။

အမေရိကန်-အာဆီယံထိပ်သီးဆွေးနွေးပွဲမတိုင်မီ ဝါရှင်တန်၌ ပြုလုပ်သော အာဆီယံနိုင်ငံခြား ရေးဝန်ကြီးများ၏ အလွတ်သဘောအစည်းအဝေးတွင် မလေးရှားနိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah က ယင်းသို့ ထည့်သွင်းဆွေးနွေးသည်။

ပြီးခဲ့သည့်သီတင်းပတ်တွင် ကျင်းပခဲ့သော မြန်မာသို့ လူသားချင်းစာနာမှုအကူအညီပေးရေး အတိုင်ပင်ခံအစည်းအဝေးတွင် အာဆီယံက ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ အထူး ကိုယ်စားလှယ်​ဒေါက်တာနိုလင်း​ဟေဇာကို ဖိတ်ကြားပြီးမှ စစ်​ကောင်စီကကန့်ကွက်သဖြင့် ပြန်လည်ဖျက်သိမ်းခဲ့သည့်အပေါ် မလေးရှားနိုင်ငံခြားရေးဝန် ကြီးက ရည်ညွှန်းပြောဆိုခြင်းဖြစ်သည်။

ဝါရှင်တန်တွင်ပြုလုပ်ခဲ့​သော အာဆီယံနိုင်ငံခြား​ရေးဝန်ကြီးများအစည်းအ​ဝေး

“စစ်ကောင်စီက မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ်ကို လုပ်ငန်းစဉ်တွေမှာ ပူးပေါင်း ပါဝင်ဖို့ ခွင့်မပြုခဲ့တဲ့အပေါ် ကျွန်တော်တို့ ​နောင်တရမိပါတယ်” ဟု ဝန်ကြီး Saifuddin Abdullah က ​ပြောသည်။

ထို​ကြောင့် အာဆီယံသည် ၎င်းတို့၏ဆက်စပ်အစည်းအဝေးများတွင် မည်သူ့ကိုဖိတ်ကြားရမည်ကို ဆုံးဖြတ်ရာတွင်အာဏာသိမ်းစစ်ကောင်စီကို ဝင်ရောက်စွက်ဖက်ခွင့်မပြုသင့်ကြောင်း မလေးရှားနိုင်ငံ ခြားရေးဝန်ကြီးက ပြောကြားခြင်းဖြစ်သည်။

အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အလွတ်သဘောအစည်းအဝေးတွင် မလေးရှားသည် အာဆီယံဥက္ကဌ၏ အထူးကိုယ်စားလှယ်အနေဖြင့် အာဆီယံဘုံဆုံးဖြတ်ချက် ၅ ရပ်အပေါ် ၎င်း၏လုပ်ပိုင်ခွင့်ကို အကောင်အထည်ဖော်ရာတွင် အပြည့်အ၀ထောက်ခံအားပေးကြောင်း ထုတ်ဖော်ပြော ဆိုသည်။

ထို့အပြင် အာဆီယံအထူးကိုယ်စားလှယ်သည် NUG ၊ NUCC ကိုယ်စားလှယ်များအပါအဝင် ပါဝင်သင့်သူအားလုံးနှင့် ထိတွေ့ဆက်ဆံသင့်ကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီးက အစည်းအဝေး၌ တိုက်တွန်းသည်။

မြန်မာပြည်သူများအတွက် လူသားချင်းစာနာမှုဆိုင်ရာအကူအညီများပေးရေး ကြိုးပမ်းမှုများတွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ပါဝင်ကူညီများဖြင့် ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး(UN OCHA)ကဲ့သို့သော နိုင်ငံတကာအဖွဲ့အစည်းများပါဝင်သင့်ကြောင်းလည်း Saifuddin Abdullah က တိုက်တွန်းသည်။

မ​လေးရှားနိုင်ငံခြား​ရေးဝန်ကြီးက ​မေ ၁၁ ရက်တွင်ဝါရှင်တန်၌ ပြုလုပ်​သော အာဆီယံနိုင်ငံခြား​ရေး ဝန်ကြီးများအလွတ်သ​ဘော​ဆွေ​နွေးပွဲတွင် ၎င်းထည့်သွင်း​ဆွေး​နွေးခဲ့​သောအ​ကြောင်းအရာများကို ၎င်း၏ ​အမည် (Saifuddin Abdullah )ဖြင့်အသုံးပြု​သော ဖေစ်ဘွခ်တွင်​လည်း​အောက်ပါအတိုင်းရေးသားထားသည်ကိုလည်း​တွေ့ရသည်။

https://m.facebook.com/story.php?story_fbid=547160853446204&id=100044568810361

Click to comment

Leave a Reply

Your email address will not be published.

You May Also Like

သတင်း

အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းနှင့် ထိတွေ့တိုက်ပွဲဖြစ်ခဲ့ရာ စစ်ကောင်စီတပ်သား လေးဦးသေဆုံးခဲ့ကြောင်း Bago Region PDF က အသိပေးထုတ်ပြန်သည်။

သတင်း

မျက်မြင်အနေအထားအရ အကြမ်းဖက်စစ်ကောင်စီဘက်မှ အယောက် ၂၀နှင့်အထက် သေဆုံးနိုင်ပြီး ရဲဘော်များ တစ်စုံတစ်ရာ အထိခိုက်မရှိ ဘေးလွတ်ရာသို့ဆုတ်ခွာနိုင်ခဲ့သည်ဟုနတ်တောင်နဂါးတပ်ဖွဲ့က ​ပြောသည်။

သတင်း

ရေလယ်ကျွန်းဒေသတွင် အကြမ်းဖက်စစ်တပ်က မေလ၇ ရက်နေ့မှစတင်ကာ ကျေးရွာ၁၀ရွာမှ နေအိမ်အလုံး ၆၀ ကျော် မီးရှို့ဖျက်ဆီးခဲ့ပြီး ရွှေငွေနှင့်အဖိုးတန်ပစ္စည်းများ အဓမ္မသိမ်းဆည်းသွားကြောင်း ဒေသခံများက ပြောသည်။

သတင်း

ကရင်နီဒေသ ဘောလခဲနှင့် ဖရူဆိုကြား၌လည်း ပြီးခဲ့သည့် ရက်ပိုင်းများအတွင်း တိုက်ပွဲများပြင်းထန်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုများပြားခဲ့ပြီး စစ်ကောင် စီယာဉ်များလည်း ပျက်စီးခဲ့သည်။