Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မြင်းမူမြို့နယ်တွင် စစ်ကား ၆ စီးကို မိုင်းဆွဲတိုက်ခိုက်ရာ ကားနှစ်စီးပျက်စီးပြီး ၁၈ ဦးခန့်​သေဟု PDFထုတ်ပြန်

မျက်မြင်အတည်ပြုချက်အရ စစ်ကောင်စီတပ် သား ၁၈ ဦး သေဆုံးနိုင်ပြီး ၁၀ ဦးမှာလည်း ဒဏ်ရာအပြင်းအထန်ရရှိ ကြောင်း ဖော်ပြသည်။

(MBTT မှ စစ်​ကောင်စီတပ်ကိုမိုင်းဆွဲတိုက်ခိုက်ခဲ့​သောပုံအ​ဟောင်းဖြစ်ပါသည်။ ဓါတ်ပုံ-CJ)

စစ်ကိုင်းတိုင်း၊မြင်းမူမြို့နယ် အလ္လကပ္ပရွာမှထွက်လာသော စစ်ကားခြောက်စီးကို အဆင့်မြှင့်တင်ထားသည့် ရှေ့ထွက်မိုင်းနှစ်လုံး ဖြင့်တိုက် ခိုက်ရာ စစ်ကားနှစ်စီးပျက်စီးပြီး ၁၈ ဦးခန့် သေ ဆုံးကြောင်း Myaung ဗိုလ်တောက်ထွန်း (MBTT)special force army က ယနေ့(မေ ၁၅ ရက်)တွင် ထုတ်ပြန်သည်။

စစ်ကားနှစ်စီးကို ဘိုးမင်းကြီးကင်းနှင့်ဂွေးပင်တောကျေးရွာကြား၌ ယမန်နေ့ (​မေ ၁၄)ကမိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

မျက်မြင်အတည်ပြုချက်အရ စစ်ကောင်စီတပ် သား ၁၈ ဦး သေဆုံးနိုင်ပြီး ၁၀ ဦးမှာလည်း ဒဏ်ရာအပြင်းအထန်ရရှိ ကြောင်း ဖော်ပြသည်။

“မနေ့က ဘိုးမင်းကြီးကင်းနှင့်ဂွေးပင်တောကျေး ရွာကြား ထဲမှာ mission နှစ်ခု ရှိခဲ့တယ်။တစ်ခုက စစ်ကိုင်းကနေမုံရွာကိုလာတဲ့ စစ်ကောင်စီယာဥ်တန်း။အခု ကျွန်တော်တို့ တိုက်နိုင်ခဲ့တာ မြင်းမူ မြို့ကထွက်လာတဲ့ ယာဥ်တန်း”ဟု MBTT တပ်ဖွဲ့တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

ယမန်နေ့က မိုင်းဆွဲတိုက်ခိုက်မှုကို ဗိုလ်တောက်ထွန်းMBTT၊ 11 Brothers Revolution Forces
(Myaung) ၊မြောင်မြို့နယ်T.G.R ပြည်သူ့ကာကွယ်ရေးတပ်၊ဗိုလ်နေတိုးအထူးပြောက်ကြားအဖွဲ့၊ Burmese Guerrilla Force- BGF (Myingyan)နှင့် Saw Bwar Gyi MPDF တို့ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း အသိပေး သည်။

အလားတူ ယမန်နေ့ နံနက်ပိုင်းက စစ်ကိုင်းမှ မုံရွာသို့ ဆင်းလာသည့်၁၀စီးပါစစ်ကောင်စီယာဥ်တန်းကိုမိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ကားငါးစီးပျက်စီးပြီး စစ်ကောင်စီတပ်သား ၁၅ ဦးခန့်သေဆုံးကြောင်း မြောင်မြို့ နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေး အဖွဲ့ (CDSOM) တာဝန်ရှိသူက လူထုနွေဦးသို့ပြောထားသည်။

Click to comment

Leave a Reply

Your email address will not be published.

You May Also Like

သတင်း

စစ်ကောင်စီတပ်ဖွဲ့အား အင်းပတ်ကွေ့အရောက်တွင် ရှေ့ထွက်မိုင်း သုံးလုံး ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ၁၀စီးခန့် နေရာတင်လဲကျ၍ ကျန်အစီးများ ဝရမ်းသုန်းကားဖြစ်ကာ စျေးဆိုင်တန်းများအတွင်း ထိုးကျသွားခဲ့ကြောင်း KSO အဖွဲ့က ပြောသည်။

သတင်း

ဇိုမီး PDF သည် ချင်းပြည်နယ်တွင် အကြမ်းဖက်စစ်​ကောင်စီတပ်ကို ခုခံတိုက်ခိုက်​နေ​သော ​ဒေသခံကာကွယ်​ရေးတပ်များထဲမှ တစ်ခုဖြစ်သည်။

သတင်း

စစ်ကောင်စီသည် တိုက်လေယာဥ်သုံးစင်းဖြင့်ဗုံးကြဲတိုက်ခိုက်ခြင်း ၊ MI 35 ရဟတ်ယာဥ် နှစ်စင်းဖြင့် နာရီ၀က်ကျော်ကြာ ပစ်ခတ်တိုက်ခိုက်ခြင်း၊ Drone များသုံး၍ အီနာဂါဗုံးသီးများဖြင့် တိုက်ခိုက်ခြင်း၊ခြေလျင် တပ်မှ အင်အား ၂၀၀ ခန့်ဖြင့်ထိုးစစ်ဆင်ခဲ့သည်ဟု ကလေးခရိုင် PDF တပ်ရင်း(၄)က ယနေ့ ညနေတွင် သတင်းထုတ်ပြန်ထားသည်။

သတင်း

အကြမ်းဖက်စစ်ကောင်စီတပ်မှ ၂၀ဦးထက်မနည်းသေဆုံးနိုင်ပြီး အများအပြား ဒဏ်ရာရရှိသွားသည်ဟု မဟာမိတ်တပ်ပေါင်းစုများက ပြောသည်။