Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကိုင်းရှိ မြို့နယ် ၁၅ခု၌ တရားစီရင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် မြို့နယ်တရားသူကြီးအဖွဲ့များ ယာယီသမ္မတခန့်အပ်

မေလ ၁၇ရက်က ကျင်းပခဲ့သည့် NUG အစိုးရအဖွဲ့အစည်းအဝေးတွင် တရားရေးဝန်ကြီးဌာနက ကြား ကာလ မြို့နယ်တရားရုံးများ ဖွဲ့စည်းခြင်းနှင့်ပတ်သက်ပြီး တင်ပြဆွေးနွေးခဲ့မှုများ ရှိသည်ဟု NUGက ထုတ်ပြန်ထားပြီး အသေးစိတ်အခြေအနေကို ဖော်ပြမထားပေ။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)အနေဖြင့် တရား စီရင်ရေး လုပ်ငန်းများဆောင်ရွက်ရန်အတွက် မြို့နယ် ၁၅ခု၌ မြို့နယ်တရားသူကြီးအဖွဲ့များကို ခန့်အပ်၍ စက်ရှင်တရားစီရင်ရေးအာဏာများ အပ်နှင်းလိုက်ကြောင်းယာယီသမ္မတ ဒူဝါလရှီးလက ယနေ့ အမိန့်ထုတ်ပြန်ခဲ့သည်။

ယာယီသမ္မတ၏ အမိန့်ကြေညာစာ၌ ဖော်ပြထားသည့် မြို့နယ်များမှာ စစ်ကိုင်းတိုင်းအတွင်းရှိ ကသာ၊ ကောလင်း၊ ကန့်ဘလူ၊ ဗန်းမောက်၊ ကျွန်းလှ၊ အင်းတော်၊ ထီးချိုင့် ၊ ကနီ၊ ဝက်လက်၊ အရာတော်၊ မြင်းမူ၊ တန့်ဆည်၊ ခင်ဦး၊ တမူး၊ ယင်းမာပင် မြို့နယ်များဖြစ်ပြီး အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များမှ မြို့နယ်များ မပါဝင်သေးပေ။

မေလ ၁၇ရက်က ကျင်းပခဲ့သည့် NUG အစိုးရအဖွဲ့အစည်းအဝေးတွင် တရားရေးဝန်ကြီးဌာနက ကြား ကာလ မြို့နယ်တရားရုံးများ ဖွဲ့စည်းခြင်းနှင့်ပတ်သက်ပြီး တင်ပြဆွေးနွေးခဲ့မှုများ ရှိသည်ဟု NUGက ထုတ်ပြန်ထားပြီး အသေးစိတ်အခြေအနေကို ဖော်ပြမထားပေ။

လက်ရှိ တော်လှန်ရေးသည်အရေးကြီးသော အဆင့်ဖြစ်သည့် စိုးမိုးထိန်းချုပ် နယ်မြများရယူကာ ကြားကာလ ဒေသန္တရ အုပ်ချုပ်ရေးစနစ်များ ဖောင်ဆာင်နေသည့် အဆင့်သို့ တက်လှမ်းနေပြီဖြစ်ကြောင်း NUGက ထုတ်ပြန်ထားပြီး ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု လုပ်ငန်းများကို စစ်ကိုင်းနှင့် မကွေးတိုင်းတို့၌ စတင်အကောင်အထည်ဖော်လျက်ရှိသည်။

နယ်မြေစိုးမိုးမှု ရရှိပြီးဒေသများအတွင်း တရားဥပဒေစိုးမိုးမှုရှိရန် အရေးကြီးကြောင်း တရားရးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဦးက ဧပြီ ၃၀ရက်ကပြုလုပ်သည့် တရားရေးဝန်ကြီးဌာနနှင့် မြို့နယ် တရား သူကြီးအဖွဲ့များ တွေ့ဆုံပွဲ၌ ပြောကြားခဲ့သည်။

တရားရုံးများ တည်ထောင်ရန်နှင့် တရားသူကြီးအဖွဲ့များ ဖွဲ့စည်းနိုင်ရန်မှာ အခက်အခဲများစွာရှိနိုင်သော်လည်း ကြိုးစားဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ပြည်သူများအတွက် တရားမျှတမှုများ ဆောင်ကြဉ်းပေးရမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။

Click to comment

Leave a Reply

Your email address will not be published.

You May Also Like

သတင်း

အခွန်ဆောင်သည့်လုပ်ငန်းရှင်များတွင် သာမာန်စတိုးဆိုင်ပိုင်ရှင်အဆင့်များသာ ဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။ ထိုကြောင့် လုပ်ငန်းရှင်ကြီးများအနေဖြင့် NUGကို တရားဝင်အခွန်ဆောင်ရန် စာပေးပို့သွားမည်ဟု ဦးတင်ထွန်းနိုင်က ပြောသည်။

သတင်း

NUGက စစ်ခေါင်းဆောင် မင်းအောင်လှိုင်ပိုင်ဆိုင်ထားသည့် အင်းယားလမ်း၊ အိမ်နံပတ်(၁၄)ကို အ​မေရိကန်ဒေါ်လာ ၁၀သန်းသတ်မှတ်ပြီး ရှယ်ယာစနစ်ဖြင့်ရောင်းချနေသည်။

သတင်း

ရတနာပြပွဲတွေမှာ ပါဝင်တဲ့ပုဂ္ဂလိက ကုမ္ပဏီတွေ ၊အရောင်းဆိုင်တွေကိုလည်း မှတ်တမ်းတင်ထားပြီး အမည်ပျက်စာရင်းသွင်းတာ ၊လုပ်ငန်း လုပ်ကိုင်ခွင့်ပိတ်သိမ်းတာတွေ လုပ်မယ်လို့ လည်းသိရပါတယ်။

သတင်း

PDF တွေအတွက် အဓိက အားနည်းချက်ဟာ စစ်လက်နက်ခဲယမ်းမီးကျောက် ဖြစ်တယ်လို့ ဝန်ကြီးကဝန်ခံထားပါတယ်။စစ်လက်နက်ခဲယမ်း ဝယ်ယူဖို့ ၊ထုတ်လုပ်ဖို့ အတွက် လိုအပ်တဲ့ဘဏ္ဍာရန်ပုံငွေ ရှာဖွေတာ ၊ လက်နက်သယ်ယူ ဖြန့်ဝေ တပ်ဆင်ရာ မှာ စိန်ခေါ်မှုအခက်အခဲအများကြီးကြုံရတယ်လို့ ဝန်ကြီးကပြောဖူးပါတယ်။