Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

တပ်မ(၆၆)မှ တပ်သားတစ်ဦး လက်နက်နှင့် KNDFထံ CDMပြုလုပ်လာ

အဆိုပါ စစ်ကောင်စီတပ်သားနှင့်ပတ်သက်သည့် အသေး စိတ်အချက်အလက်ကို သက်ဆိုင်ရာမှ ဆက် လက်ထုတ်ပြန်ပေးသွားမည်ဖြစ်ပြီး လက်ရှိတွင် ကောင်း မွန်စွာထားရှိပြီး စစ်ဆေးမေးမြန်းလျက်ရှိကြောင်း သိရသည်။

(သိမ်းဆည်းရမိ​သောယာဥ်နှင့် CDM ပြုလုပ်လာ​သော စစ်​ကောင်စီတပ်သားနှင့်အတူ KNDFရဲ​ဘော်များအား ​တွေ့ရစဥ်)

▪️ဖရူဆိုတွင် စစ်ကူလာ​သောယာဥ်တိုက်ခိုက်ခံရပြီး KNDF သိမ်းဆည်း

စစ်ကောင်စီယာဥ်တန်းကို တိုက်ခိုက်ပြီးနောက် သိမ်းဆည်းရမိခဲ့သော ယာဥ်တစ်စီးနှင့် တပ်မ(၆၆)မှ CDM ပြုလုပ်လာသည့် စစ်ကောင်စီတပ်သား တစ်ဦးကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) တပ်ရင်း – ၁၆ က ယနေ့(မေ ၂၀ရက်)က ယ​နေ့ ထုတ်ပြန် သည်။

ယခုလ ၇ ရက်က ဖရူဆိုမြို့နယ် လောကျေခူ ကျေးရွာအရောက်တွင် KNDF တပ်ရင်းနှစ်ရင်းနှင့်KA တို့ပူး​ပေါင်းတိုက်ခိုက်ပြီးနောက် စစ်ကူလာ​သော စစ်​ကောင်စီတပ်ကိုထပ်မံတိုက်ခိုက်ရာမှ သိမ်းဆည်းရမိခဲ့သည့် ယာဥ်ဖြစ် သည်။

“မေလ ၇ ရက်နေ့မှာ မိမိတို့ KNDF B- 16 နှင့် KA တို့ပူးပေါင်းပြီး စကစယာဥ်တန်းကိုမိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး ကျန်ခဲ့သည့်စကစယာဥ်ကို မေလ ၁၈ ရက်နေ့မှာသွားရောက်ပြုပြင်ပြီးမောင်းနင်လာခဲ့ပါတယ်”ဟု KNDF B -16 က အသိပေးသည်။

ထို့အပြင် ထုတ်ပြန်ထားသော ဓာတ်ပုံမှတ်တမ်းတွင်ပါရှိသူ တစ်ဦးမှာ ကရင်နီပြည်နယ်သို့ စစ်ဆင်ရေးဝင်နေသည့် တပ်မ(၆၆)မှ တပ်သားတစ်ဦးဖြစ်ကြောင်း KNDF တာဝန်ရှိသူက ဆိုသည်။

“သူက ၁၆ရက်က ထွက်ပြေးလာပြီး မေ ၁၇ရက်က သေ နတ်တစ်လက်နဲ့အတူ KNDF တပ်ရင်း – ၁၆ ထံခိုလှုံလာတာ”ဟု ၎င်းက People’s Springသို့ ပြောသည်။

အဆိုပါ စစ်ကောင်စီတပ်သားနှင့်ပတ်သက်သည့် အသေး စိတ်အချက်အလက်ကို သက်ဆိုင်ရာမှ ဆက် လက်ထုတ်ပြန်ပေးသွားမည်ဖြစ်ပြီး လက်ရှိတွင် ကောင်း မွန်စွာထားရှိပြီး စစ်ဆေးမေးမြန်းလျက်ရှိကြောင်း သိရသည်။

Click to comment

Leave a Reply

Your email address will not be published.

You May Also Like

သတင်း

အကြမ်းဖက်စစ်ကောင်စီ လေတပ်သည် လေ့ကေ့ကော်ဒေသရှိ ကော်ဘရာစစ်ကြောင်း၏ စခန်းကုန်းငယ်တစ်ခုနှင့်အခြားကုန်းငယ်နှစ်ခုကိုယနေ့ (မေလ ၁၉ ရက်) တွင်နှစ်ကြိမ်ဗုံးကြဲတိုက်ခိုက်ရာ တပ်ဖွဲ့ဝင်သုံးဦးဒဏ်ရာရပြီး ၁ ဦးမှာစိုးရိမ်ရ​ကြောင်း ​ကော်ဘရာစစ်​ကြောင်းကထုတ်ပြန်သည်။ အကြမ်းဖက် စစ်ကောင်စီတပ်၏ သေ့ဘောဘိုးစခန်းကုန်းအား ကော်ဘရာစစ်ကြောင်းနှင့် ပူးပေါင်းတပ်များက လေကြောင်းတိုက်ခိုက်မှု (၃၅) ကြိမ်အား ကြံ့ကြံခံ၍ မေလ (၁၈)...

သတင်း

ညနေ ၅ နာရီခန့်တွင် အကြမ်းဖက်စစ်တပ်၏ပစ်ခတ်မှုကြောင့် ခင်ဦးမြို့နယ် တာတိုင်ကျေးရွာမှ စစ်ရှောင်ပြည်သူများ လက်နက်ကြီးထိပြီး ​လေးဦးသေဆုံးကာ ၆ ဦးမှာအရေးပေါ်အခြေအနေ ဖြစ်နေကြောင်း ခင်ဦးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောသည်။

သတင်း

ရခိုင်ပြည်နယ်မှာ AA ဟာ အုပ်ချုပ်ရေးပိုင်းကိုနှောင့်ယှက်နေကြောင်း ၊တိုင်းစစ်ဌာနချုပ်ကို တောင်ခြိမ်းခြောက်လာတဲ့အထိဖြစ်လာပြီး တိုက်ပွဲခေါ်နေတဲ့ပုံစံဖြစ်နေတယ်လို့စစ်ကောင်စီက ဆိုပါတယ်။

သတင်း

အကြမ်းဖက်စစ်တပ်မှ မီးရှို့နေစဥ် ထပ်မံမိုင်းဆွဲတိုက်ခိုက်ရာ အသေအပျောက်များနိုင်ကြောင်း၊ ထို့​နောက် စစ်​ကောင်စီတပ်က ညောင်ကားယားကျေးရွာအား ညနေ ၅နာရီဝန်းကျင်မှစ၍ မီးစရှို့ရာ ညပိုင်းအထိ လောင်ကျွမ်းခဲ့ပြီး ​နေအိမ် ၃၀ ခန့် မီး​လောင်ပျက်စီးခဲ့ကြောင်း မဟာမိတ်အဖွဲ့များက ပြောသည်။