Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ယောဒေသကာကွယ်ရေးတပ်ဖွဲ့(YDF)၏ တော်လှန်ရေး တစ်နှစ်ပြည့် အခမ်းအနားပြုလုပ်

CDF မင်းတပ်ကလည်း ” YDF ၏ မဟာမိတ်ကောင်း ပီသမှု ၊ သတ္တိရှိမှုများနှင့် စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီရရှိသည့်တိုင် အတူတကွဆက်လက်ပူးပေါင်း တိုက်ပွဲ၀င်သွားမည်ဖြစ်ကြောင်း ” သ၀ဏ်လွှာကို ပေးပို့ခဲ့သည်။

ဓာတ်ပုံ - ဓာတ်ပုံများ-Salai Houng Aung Ling/FB

ယောဒေသကာကွယ်ရေးတပ်ဖွဲ့ (YDF)၏ တော်လှန်ရေးတစ်နှစ်ပြည့် အခမ်းအနားကို ယမန်နေ့(မေလ ၁၉ ရက်)က ပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားသို့ CDF မင်းတပ်မှ ကိုယ်စားလှယ် ခုနစ်ဦးတတ်ရောက်ခဲ့ကြောင်းလည်း ယင်းအဖွဲ့မှတာဝန်ရှိသူများက ဆိုသည်။

ဓာတ်ပုံ – ဓာတ်ပုံများ-Salai Houng Aung Ling/FB

“YDF ဆိုတာ မကွေးတိုင်းထဲက ယောသားတွေနေတဲ့ ‌ဂန့်ဂေါ၊ကျော၊ထီးလင်း၊ဆောနဲကျောက်ထုဆိုတဲ့ ယောငါးမြို့ကိုစုပေါင်းပီး Yaw Defence Force ဖြစ်လာတာပါ။CDFs တွေနဲ့ မဟာမိတ်ဖြစ်ပြီး စစ်အာဏာသိမ်းမှုကို ကလေး၊မင်းတပ်၊ဒီမော့ဆိုးတို့နဲ့အတူအစဦးဆုံး တူမီးနဲ့ စတော်လှန်ခဲ့ကြတဲ့သူတွေဖြစ်တယ် “ဟု CDF မင်းတပ် တာဝန်ရှိသူတစ်ဦးက ၎င်း၏ လူမှုကွန်ရက်မှတစ်ဆင့် အသိပေးသည်။

ဓာတ်ပုံ – ဓာတ်ပုံများ-Salai Houng Aung Ling/FB

ထို့အပြင် လက်နက်အင်အားမှာလည်း ယခင်နှစ် စက်တင်ဘာအထိ မောင်းပြန်တစ်လက်မှ မရှိခဲ့ပဲ ပြည်တွင်း၊ပြည်ပ ယောသူ၊ယောသားများ၏ ကြိုးစားအားထုတ်မှုကြောင့် မောင်းပြန်သေနတ်ထောင်ဂဏန်းနီးပါးအပြင် RPG7 ၊PKM စက်သေနတ်များ၊တိုက်ခိုက်ရေးDrone များနှင့် ကိုယ်ပိုင်လက်နက်ထုတ်လုပ်ရေးများပါ ပိုင်ဆိုင်လာသည်အထိ အားကောင်းလာကြောင်း ၎င်းက ဆိုသည်။

ဓာတ်ပုံ – ဓာတ်ပုံများ-Salai Houng Aung Ling/FB

အလားတူ YDF နှင့်CDF မင်းတပ်သည် ညီနောင်မဟာမိတ်များဖြစ်သည်နှင့်အညီ ပူးပေါင်းစစ်ဆင်ရေးများစွာကိုလည်း လက်တွဲ အကောင်ထည်ဖော်ဆောင်ခဲ့ကြောင်း ဖော်ပြသည်။

CDF မင်းတပ်ကလည်း ” YDF ၏ မဟာမိတ်ကောင်း ပီသမှု ၊ သတ္တိရှိမှုများနှင့် စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီရရှိသည့်တိုင် အတူတကွဆက်လက်ပူးပေါင်း တိုက်ပွဲ၀င်သွားမည်ဖြစ်ကြောင်း ” သ၀ဏ်လွှာကို ပေးပို့ခဲ့သည်။

Click to comment

Leave a Reply

Your email address will not be published.

You May Also Like

သတင်း

ယင်းအစီအစဥ်၌ ခရီးသွားလက်မှတ်တွင် စားသောက်၊ တည်းခို၊ ကားလက်မှတ်၊ သွားလာရေး စရိတ်အားလုံးကို Fully Cover ပေးမည့်အပြင် Adventure /Luxury စသည့် ဝန်​ဆောင်မှုနှစ်ခုလည်း ပါဝင်ကြောင်း အသိပေးသည်။

သတင်း

KNU တပ်မဟာ(၁)နယ်မြေ များဖြစ်သည့် သထုံ၊ ဘီးလင်း၊ ကျိုက်ထို၊ ဘာအံ ဒေသများ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်(PDF)များနှင့် အခြားတော်လှန်ရေးအင်အားစုများ ပါဝင်သည်ဟု ၎င်း ကဆိုသည်။

သတင်း

တိုက်ပွဲအတွင်း YDF(ထီးလင်း) ဘက်မှအထိ အခိုက်အကျအဆုံးမရှိပဲ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ သွေးကွက်များကိုတွေ့ရသော်လည်း ထိခိုက်မှုများကိုမူ အတိအ ကျမသိရသေးဟု ဖော်ပြသည်။

သတင်း

မလေးရှားနိုင်ငံခြားရေးဝန်ကြီးနဲ့တွေ့ဆုံမှုဟာလည်း NUG ရဲ့ သံတမန်ရေးဆောင်ရွက်ချက်တွေ အရ အသီးအပွင့်ဖြစ်ပြီး မျက်နှာစာသစ် တစ်ခုကိုဖွင့်လှစ်လိုက်နိုင်တာလို့ ဝန်ကြီးဒေါ်ဇင်မာအောင်က ဆိုပါတယ်။