Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မြောင်မြို့နယ်တွင် စစ်​ကောင်စီတပ်က ရွာငါးရွာကိုမီးရှို့ဖျက်ဆီးပြီး ပြည်သူတစ်ဦးကို​သေနတ်ဖြင့်ပစ်သတ်

ညပိုင်း ၉နာရီကယဝန်းကျင်တွင် မြောင်မြို့ပေါ်မှ ဆင်းလာသည့် အကြမ်းဖက်စစ်တပ်က ပြည်သူများအား ရမ်းသမ်းပစ်ခတ်ခဲ့၍ ကူးတို့ကုန်းကျေးရွာမှ ပြည်သူ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊လက်ရှိအခြေအနေတွင် အကြမ်းဖက်စစ်တပ်ရန်ကြောင့် ထွက်ပြေးတိမ်းရှောင်နေရသူ ၁၅၀၀ ကျော်ပြီဖြစ်ကြောင်း CDSOM အဖွဲ့က ပြောသည်။

(စစ်​ကောင်စီတပ်က ပြည်သူ့​နေအိမ်များကို မီးရှို့ဖျက်ဆီး​နေမှု ။ ။ဓါတ်ပုံ-CDSOM)

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်တွင် အကြမ်းဖက်စစ်တပ်က ကျေးရွာ ၅ ရွာအား မီးရှို့ဖျက်ဆီးပြီး ပြည်သူတစ်ဦးကို ပစ်ခတ်သတ်ဖြတ်သွားကြောင်း ဒေသခံများက ပြောသည်။

ယမန်နေ့ (မေလ ၁၉ရက်နေ့)က အကြမ်းဖက်စစ်တပ်သည် မြောင်မြို့နယ်၊ ရွာပုလဲကျေးရွာတွင် နေအိမ် ၁၀လုံး၊ ညောင်ကားယားကျေးရွာတွင် နေအိမ် ၂၀လုံးနှင့် အပြစ်မဲ့ပြည်သူတစ်ဦးအား​သေနတ်ဖြင်ဘ ပစ်သတ်ခဲ့ကြောင်း မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့ CDSOM က ပြောသည်။

ထို့အပြင် အကြမ်းဖက်စစ်တပ်သည် ယမန်နေ့ညပိုင်းက ပေါက်ချောင်းကျေးရွာနှင့်ကူးတို့ကုန်းကျေးရွာတို့ကိုပါ မီးရှို့ဖျက်ဆီးခဲ့ပြီး ည ၉ နာရီအချိန်ထိ လောင်ကျွမ်းနေဆဲဖြစ်ပြီးရွာလုံးကျွတ် မီးရှို့ဖျက်ဆီးသွားသည်ဟု ခန့်မှန်းရကြောင်း ​ဒေသခံများက ပြောသည်။

(စစ်​ကောင်စီတပ်က ပြည်သူ့​နေအိမ်များကို မီးရှို့ဖျက်ဆီး​နေမှု ။ ။ဓါတ်ပုံ-CDSOM)

ညပိုင်း ၉နာရီကယဝန်းကျင်တွင် မြောင်မြို့ပေါ်မှ ဆင်းလာသည့် အကြမ်းဖက်စစ်တပ်က ပြည်သူများအား ရမ်းသမ်းပစ်ခတ်ခဲ့၍ ကူးတို့ကုန်းကျေးရွာမှ ပြည်သူ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊လက်ရှိအခြေအနေတွင် အကြမ်းဖက်စစ်တပ်ရန်ကြောင့် ထွက်ပြေးတိမ်းရှောင်နေရသူ ၁၅၀၀ ကျော်ပြီဖြစ်ကြောင်း CDSOM အဖွဲ့က ပြောသည်။

အကြမ်းဖက်စစ်ကောင်စီတပ်သည် ပြည်သူ့ ကာကွယ်ရေးအဖွဲ့များကို လက်နက်ကြီးအားကိုးဖြင့် အဝေးပစ်ခြိမ်းခြောက်မှုများ ၊ လက်နက်ကြီးငယ်ဖြင့် ချောင်းမြောင်းပစ်ခတ်ခြင်းများကို စစ်ကိုင်းတိုင်းအတွင်း ခပ်စိပ်စိပ် ပြုလုပ်လာသည်ဟု CDSOM အဖွဲ့က ပြောသည်။

‌အကြမ်းဖက်စစ်တပ်သည် ‘”ကြွက်မနိုင် ကျီ မီးနှင့်ရှို့” ဆိုသည့် စကားပုံအတိုင်း ပြည်သူတို့၏ ပြတ်သားသောစိတ်ဓာတ်ကို မနိုင်သည့်အတွက် ပြည်သူ့အိုးအိမ်ဖျက်ဆီးသည့် နည်းလမ်းများကို ပြောင်းလဲ အသုံးပြုလာခဲ့ကြောင်း၊ ကျေးလက်နေ ပြည်သူလူထုပိုင်ဆိုင်သည့် အိုးအိမ်များကို မီးရှို့လာသည်မှာလည်း နေ့တိုင်းလိုလိုပင် ဖြစ်ကြောင်း CDSOM အဖွဲ့က ထုတ်ပြန်ချက်တွင်​ဖော်ပြထားသည်။

(စစ်​ကောင်စီတပ်က ပြည်သူ့​နေအိမ်များကို မီးရှို့ဖျက်ဆီး​နေမှု ။ ။ဓါတ်ပုံ-CDSOM)

ကျေးရွာများတွင် ပြည်သူများက ထောက်ပို့ကူညီနေသည့်အတွက် ပြည်သူ့ကာကွယ်ရေးအဖွဲများ အဓွန့်ရှည်နေသည်ဟု အကြမ်းဖက်စစ်တပ်က ယူဆပြီး အုတ်တိုက်ကဲ့သို့ ကောင်းမွန်သော နေအိမ်များကို ပစ်မှတ်ထားပြီး ရွေးချယ်မီးရှို့နေသည်ဟု မြောင်မဟာမိတ်အဖွဲ့များက ပြောသည်။

စစ်ကိုင်းတိုင်း ၊ မြောင်မြို့နယ်သည် အာဏာရှင်စနစ်တစ်ခုလုံး ပြုတ်ကျသွားစေဖို့ လက်လုပ်တူမီးကို တီထွင်အသုံးပြုပြီးတိုက်လာခဲ့သည့် မြေပြန့်လွင်ပြင်ဒေသဖြစ်ကြောင်း၊ မြောင်မြို့နယ်အတွင်း စစ်ကြောင့်ဖြစ်ပေါ်လာရသည့် ဆုံးရှုံးမှု ၊ နစ်နာမှု ၊ စစ်ဒဏ်များကိုလည်း ဖေးမ ကုစားပေးကြရန် အထူးမြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့က မေတ္တာရပ်ခံထားသည်။

Click to comment

Leave a Reply

Your email address will not be published.

Facebook

You May Also Like

နိုင်ငံတကာ

ပညာရှင်တွေကတော့ ပူနွေးတဲ့ အရည်တွေ များများ သောက်တာက ကိုဗစ်ရောဂါကို အမှန်တကယ် မသက်သာစေပေမယ့် ကိုဗစ်ကြောင့် ဖြစ်ပွားတဲ့ လက္ခဏာ တချို့ကိုတော့ လျော့ပါးသွားစေကြောင်း၊ ဒါပေမဲ့ ခန္ဓာကိုယ်ထဲမှာ ရေဓာတ် ဆုံးရှုံးမှုကို သာမန်ထက် မြန်ဆန်သွားစေကြောင်း သတိပေးထားပါတယ်။

သတင်း

မင်းတပ်ဒေသ စစ်ရေးသတင်းများရေးသားဖော်ပြနေသူတစ်ဦးက မင်းတပ်မှ စစ်ယာဉ်တန်း ကျောက်ထုသို့ ထွက်သွားပြီး ကားပေါ်၌ အင်အားအနည်းငယ်သာ ပါဝင်ကြောင်း ရေးသားထားသည်။

သတင်း

စစ်ကောင်စီတပ်ရင်းတွေဖြစ်တဲ့ သေဘောဘိုးအခြေစိုက် ခလရ(၃၂)နဲ့ ခမရ(၅၅၉)ဟာ တပ်စခန်းအနီးရှိ ကျေးရွာတွေထဲကို လက်နက်ကြီးမကြာခဏ အကြောင်းမဲ့ပစ်ခတ်လေ့ရှိပြီး တပ်စခန်းအနီးအနားကို သွားလာနေကြတဲ့ ရွာသူရွာသားတွေကို လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခြိမ်းခြောက်တာတွေ အမြဲတစေပြုလုပ်လျက်ရှိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

သတင်း

Free Burma Rangers အဖွဲ့သည် အဆိုပါ တိမ်းရှောင်နေသူများကို ဆေးဝါးနှင့် အစား အသောက်များ ကူညီပံ့ပိုးပေး​နေခြင်းဖြစ်သည်။ ဂူများတွင်တိမ်း​ရှောင်​နေ​စောစစ်​ဘေး​ရှောင်များနှင့် ၎င်းတို့ကို ကျန်းမာ​ရေး​​စောင့်​ရှောက်မှု​ပေး​နေသည်ကို Free Burma Rangers ကဓါတ်ပုံများနှင့်တစ်ကွယ​နေ့ထုတ်ပြန်သည်။