Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်​ကောင်စီတပ်​ဘေး​ရန်​ကြောင့် ဂူများကိုအားကိုး​နေရ​တဲ့ပြည်သူ​တွေ

Free Burma Rangers အဖွဲ့သည် အဆိုပါ တိမ်းရှောင်နေသူများကို ဆေးဝါးနှင့် အစား အသောက်များ ကူညီပံ့ပိုးပေး​နေခြင်းဖြစ်သည်။ ဂူများတွင်တိမ်း​ရှောင်​နေ​စောစစ်​ဘေး​ရှောင်များနှင့် ၎င်းတို့ကို ကျန်းမာ​ရေး​​စောင့်​ရှောက်မှု​ပေး​နေသည်ကို Free Burma Rangers ကဓါတ်ပုံများနှင့်တစ်ကွယ​နေ့ထုတ်ပြန်သည်။

(စစ်​ကောင်စီတပ် ​ဘေးရန်​ကြောင့်ဂူများတွင်တိမ်း​ရှောင်​နေရ​သောစစ်​ဘေး​ရှောင်များနှင့်ဆေးဝါးကုသမှု​ပေး​နေ​သောFree Burma Rangers ​မှ​စေတနာ့ဝန်းထမ်းများ)

●မြန်မာနိုင်ငံတွင်ဒုတိယကမ္ဘာစစ်​နောက်ပိုင်းအဆိုးရွားဆုံးတိုက်ပွဲများ​ကြောင့်ပြည်သူ ၁ သန်း​ကျော်စစ်​ဘေး​ရှောင်​နေရဟုFree Burma Rangers ​ဖော်ပြ

စစ်​​ကောင်စီတပ်၏ လေကြောင်းနှင့် မြေပြင် တိုက်ခိုက်မှုများကြောင့် KNU တပ်မဟာ( ၁) နယ်​မြေသထုံ၊ဘီးလင်းမြို့နယ် အတွင်းရှိ လူပေါင်း ၁၀၀၀၀ သည် နေရပ်စွန့်ခွာကာ လုံခြုံသထက် လုံခြုံသည့်နေရာများသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း Free Burma Rangers က ယနေ့သတင်းထုတ်ပြန်သည်။

(စစ်​ကောင်စီတပ် ​ဘေးရန်​ကြောင့်ဂူများတွင်တိမ်း​ရှောင်​နေရ​သောစစ်​ဘေး​ရှောင်များနှင့်ဆေးဝါးကုသမှု​ပေး​နေ​သောFree Burma Rangers ​မှ​စေတနာ့ဝန်းထမ်းများ)

Free Burma Rangers အဖွဲ့ဝင်များသည် ဂူတစ်ခုအတွင်း ငုံ့လျှိုးတိုးဝင်လမ်းလျှောက်ခဲ့ပြီး ရံဖန်ရံခါတွင် ကျပ်ကျပ်တည်းတည်း တွန့်လိမ် တွားသွားနေချိန်တွင် ကလေးငယ်အမျိုးသား ၄ ဦးကို ဂူအတွင်းရှိ ဂူငယ်အတွင်း၌တွေ့ရှိခဲ့ရသည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြသည်။

အကြမ်းဖက်မြန်မာစစ်တပ်၏ လေကြောင်းနှင့် မြေပြင်မှ ပြင်းထန်သည့် တိုက်ခိုက်မှုများ ကြောင့် ကလေးငယ်များအပါအဝင် ဒေသခံအများအပြားသည် ဂူများအတွင်းရှိ ပိုမိုလုံခြုံသည်ထင်ရ သော ဂူငယ်များအတွင်းသို့ တိမ်းရှောင်ခိုလုံနေရခြင်းဖြစ်သည်။

Free Burma Rangers အဖွဲ့သည် အဆိုပါ တိမ်းရှောင်နေသူများကို ဆေးဝါးနှင့် အစား အသောက်များ ကူညီပံ့ပိုးပေး​နေခြင်းဖြစ်သည်။ ဂူများတွင်တိမ်း​ရှောင်​နေ​စောစစ်​ဘေး​ရှောင်များနှင့် ၎င်းတို့ကို ကျန်းမာ​ရေး​​စောင့်​ရှောက်မှု​ပေး​နေသည်ကို Free Burma Rangers ကဓါတ်ပုံများနှင့်တစ်ကွယ​နေ့ထုတ်ပြန်သည်။

ဒုတိယကမ္ဘာစစ်(WWII)နောက်ပိုင်းကတည်းက မြန်မာနိုင်ငံအတွင်း အဆိုးရွားဆုံး တိုက်ခိုက်မှုများကြောင့် နိုင်ငံတဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၁ သန်းကျော်အတွက် ဆုမွန်ကောင်းတောင်းပေးမှုကို ကျေးဇူးတင်ကြောင်းလည်း Free Burma Rangers က ထုတ်ပြန်သည်။

Click to comment

Leave a Reply

Your email address will not be published.

Facebook

You May Also Like

နိုင်ငံတကာ

ပညာရှင်တွေကတော့ ပူနွေးတဲ့ အရည်တွေ များများ သောက်တာက ကိုဗစ်ရောဂါကို အမှန်တကယ် မသက်သာစေပေမယ့် ကိုဗစ်ကြောင့် ဖြစ်ပွားတဲ့ လက္ခဏာ တချို့ကိုတော့ လျော့ပါးသွားစေကြောင်း၊ ဒါပေမဲ့ ခန္ဓာကိုယ်ထဲမှာ ရေဓာတ် ဆုံးရှုံးမှုကို သာမန်ထက် မြန်ဆန်သွားစေကြောင်း သတိပေးထားပါတယ်။

သတင်း

မင်းတပ်ဒေသ စစ်ရေးသတင်းများရေးသားဖော်ပြနေသူတစ်ဦးက မင်းတပ်မှ စစ်ယာဉ်တန်း ကျောက်ထုသို့ ထွက်သွားပြီး ကားပေါ်၌ အင်အားအနည်းငယ်သာ ပါဝင်ကြောင်း ရေးသားထားသည်။

သတင်း

စစ်ကောင်စီတပ်ရင်းတွေဖြစ်တဲ့ သေဘောဘိုးအခြေစိုက် ခလရ(၃၂)နဲ့ ခမရ(၅၅၉)ဟာ တပ်စခန်းအနီးရှိ ကျေးရွာတွေထဲကို လက်နက်ကြီးမကြာခဏ အကြောင်းမဲ့ပစ်ခတ်လေ့ရှိပြီး တပ်စခန်းအနီးအနားကို သွားလာနေကြတဲ့ ရွာသူရွာသားတွေကို လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခြိမ်းခြောက်တာတွေ အမြဲတစေပြုလုပ်လျက်ရှိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

သတင်း

တပ်စခန်းအား တိုက်ခိုက်သိမ်းပိုက်နေချိန်တွင် စစ်ကောင်စီတပ်က တိုက်ခိုက်ရေးလေယာဉ်နှင့် ကင်းထောက်လေးယာဉ်များ စုစုပေါင်း လေယာဉ် ၆စီးဖြင့် လေကြောင်း တိုက်ခိုက်မှု ၃၅ကြိမ်ပြုလုပ်ခဲ့သည်ဟု ထုတ်ပြန်သည်။