Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မင်းတပ် ခလရ (၂၇၄)တပ်မှ စစ်ကောင်စီယာဉ်တန်း ကျောက်ထုဘက်သို့ ထွက်ခွာ၊ တင့်ကားနှစ်စီးနှင့် ကရိန်း အပါအဝင် ယာဉ်၆၇စီးပါဝင်

မင်းတပ်ဒေသ စစ်ရေးသတင်းများရေးသားဖော်ပြနေသူတစ်ဦးက မင်းတပ်မှ စစ်ယာဉ်တန်း ကျောက်ထုသို့ ထွက်သွားပြီး ကားပေါ်၌ အင်အားအနည်းငယ်သာ ပါဝင်ကြောင်း ရေးသားထားသည်။

(မင်းတပ်မြို့တွင် ရပ်နားထား​သော စစ်​ကောင်စီယာဥ်တန်းအား ​တွေ့ရစဥ်၊ ဓာတ်ပုံ - Hkl Mindat)

ချင်းပြည်နယ် မင်းတပ်မြို့အခြေစိုက် ခလရ(၂၇၄) တပ်မှ စစ်ကောင်စီယာဉ်တန်းများသည် ယနေ့ နံနက် ၁၁နာရီခန့်တွင် မင်းတပ်မြို့မှ ကျောက်ထုမြို့ဘက်သို့ ထွက်ခွာသွားပြီဟု မင်းတပ် ချင်းကာကွယ်ရေးတပ်(CDF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်က ပြောသည်။

အဆိုပါ ခလရ (၂၇၄)တပ်ရင်းမှ စစ်ကား ၆၄စီး၊ တင့်ကား ၂စီး၊ ကရိန်းကား ၁စီး စုစုပေါင်း ၆၇စီးထွက်ခွာသွားပြီဟု ၎င်းက ဆိုသည်။

အဆိုပါ ယာဉ်များသည် မတူပီမှ ပြန်လာသည့် စစ်ယာဉ်တန်းများဖြစ်ပြီး မေလ ၁၃ရက်တွင် မင်းတပ်မြို့သို့ ရောက်ရှိခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ယာဉ်တန်း ကျောက်ထုမြို့သို့ ပြန်ဆင်းနိုင်ရန်မေလ ၁၅ရက်မှစ၍ မင်းတပ်နှင့် ထီးလင်းမှ စစ်ကောင်စီတပ် စစ်ကြောင်းများ လမ်းကြောင်း လုံခြုံရေးဆောင် ရွက်ခဲ့ရာ ဒေသကာကွယ်ရေးတပ်များက တိုက်ခိုက်ခဲ့၍ တိုက်ပွဲဖြစ်ပွားမှု ရှိခဲ့ပြီး စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်ရှိခဲ့သည်။

မင်းတပ်ဒေသ စစ်ရေးသတင်းများရေးသားဖော်ပြနေသူတစ်ဦးက မင်းတပ်မှ စစ်ယာဉ်တန်း ကျောက်ထုသို့ ထွက်သွားပြီး ကားပေါ်၌ အင်အားအနည်းငယ်သာ ပါဝင်ကြောင်း ရေးသားထားသည်။

မင်းတပ် – ကျောက်ထု လမ်းပိုင်းရှိ လုပ်တက်၊ တော့ထဲင်း၊ ထင်ချောင်းလမ်းခွဲ၊ ရေရှင်လမ်းခွဲ၊ တောင်းတက်၊ ကြံကြီး၊ ရဲင့်ရဲ ဒေသများ၌ စစ်ကောင်စီတပ်က ကင်းပုန်းများစွာ ချထားသည်ဟု ရေးသားထားသည်။

အဆိုပါ မင်းတပ် – ကျောက်ထု လမ်းပိုင်း၌ တိုက်ပွဲများ အချိန်မရွေးဖြစ်ပွားနိုင်၍ ပြည်သူများ ခရီးသွားလာခြင်းမပြုရန် ကျောက်ထု ပြည်သူ့ကာကွယ်ရေးတပ်က သတင်းထုတ်ပြန်ထားသည်။

Click to comment

Leave a Reply

Your email address will not be published.

Facebook

You May Also Like

သတင်း

စစ်ကောင်စီတပ်ရင်းတွေဖြစ်တဲ့ သေဘောဘိုးအခြေစိုက် ခလရ(၃၂)နဲ့ ခမရ(၅၅၉)ဟာ တပ်စခန်းအနီးရှိ ကျေးရွာတွေထဲကို လက်နက်ကြီးမကြာခဏ အကြောင်းမဲ့ပစ်ခတ်လေ့ရှိပြီး တပ်စခန်းအနီးအနားကို သွားလာနေကြတဲ့ ရွာသူရွာသားတွေကို လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခြိမ်းခြောက်တာတွေ အမြဲတစေပြုလုပ်လျက်ရှိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

သတင်း

Free Burma Rangers အဖွဲ့သည် အဆိုပါ တိမ်းရှောင်နေသူများကို ဆေးဝါးနှင့် အစား အသောက်များ ကူညီပံ့ပိုးပေး​နေခြင်းဖြစ်သည်။ ဂူများတွင်တိမ်း​ရှောင်​နေ​စောစစ်​ဘေး​ရှောင်များနှင့် ၎င်းတို့ကို ကျန်းမာ​ရေး​​စောင့်​ရှောက်မှု​ပေး​နေသည်ကို Free Burma Rangers ကဓါတ်ပုံများနှင့်တစ်ကွယ​နေ့ထုတ်ပြန်သည်။

သတင်း

တပ်စခန်းအား တိုက်ခိုက်သိမ်းပိုက်နေချိန်တွင် စစ်ကောင်စီတပ်က တိုက်ခိုက်ရေးလေယာဉ်နှင့် ကင်းထောက်လေးယာဉ်များ စုစုပေါင်း လေယာဉ် ၆စီးဖြင့် လေကြောင်း တိုက်ခိုက်မှု ၃၅ကြိမ်ပြုလုပ်ခဲ့သည်ဟု ထုတ်ပြန်သည်။

သတင်း

ညပိုင်း ၉နာရီကယဝန်းကျင်တွင် မြောင်မြို့ပေါ်မှ ဆင်းလာသည့် အကြမ်းဖက်စစ်တပ်က ပြည်သူများအား ရမ်းသမ်းပစ်ခတ်ခဲ့၍ ကူးတို့ကုန်းကျေးရွာမှ ပြည်သူ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊လက်ရှိအခြေအနေတွင် အကြမ်းဖက်စစ်တပ်ရန်ကြောင့် ထွက်ပြေးတိမ်းရှောင်နေရသူ ၁၅၀၀ ကျော်ပြီဖြစ်ကြောင်း CDSOM အဖွဲ့က ပြောသည်။