Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကွယ်လွန်

စစ်တပ်အာဏာမသိမ်းမီပြုလုပ်သော သမ္မတရုံးသတင်းစာရှင်းလင်းပွဲတွင် ဦးဇော်ဌေးက ၂၀၂၀ ရွေးကောက်ပွဲ၌ မဲရှုံးခဲ့သူများသည် ၎င်းတို့အရှုံးကို လက်မခံဘဲ အမျိုးမျိုးဝေဖန်နေကြပြီး ၎င်းတို့လုပ်ရပ်သည် Political Suicide(ကိုယ့်နိုင်ငံရေးကိုယ်ပြန်သတ်ခြင်း)ဖြစ်သည်ဟု ​ပြောခဲ့သည်။

အရပ်သား အစိုးရလက်ထက် သမ္မတရုံးပြောရေးဆိုခွင့်ရှိ၊ နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ်ဦးဇော်ဌေးသည် ယနေနံနက်ပိုင်းတွင် ကွယ်လွန်ခဲ့သည်။

အသက် ၄၉ နှစ်အရွယ် ဦးဇော်ဌေးသည် နှလုံးရုတ်တရက်ရပ်တန့်ပြီး ဆုံးပါးခဲ့ခြင်းဖြစ်ကာ မကွယ်လွန်ခင်တွင် နေပြည်တော်၌ စစ်ကောင်စီ၏ စောင့်ကြည့်ခြင်းခံနေရသူဖြစ်ကြောင်း နေပြည်တော်ရင်းမြစ်တစ်ဦးက ပြောသည်။

စစ်တပ်အာဏာမသိမ်းမီပြုလုပ်သော သမ္မတရုံးသတင်းစာရှင်းလင်းပွဲတွင် ဦးဇော်ဌေးက ၂၀၂၀ ရွေးကောက်ပွဲ၌ မဲရှုံးခဲ့သူများသည် ၎င်းတို့အရှုံးကို လက်မခံဘဲ အမျိုးမျိုးဝေဖန်နေကြပြီး ၎င်းတို့လုပ်ရပ်သည် Political Suicide(ကိုယ့်နိုင်ငံရေးကိုယ်ပြန်သတ်ခြင်း)ဖြစ်သည်ဟု ​ပြောခဲ့သည်။

ထိုစဥ်က စစ်တပ်နှင့် စစ်တပ်ကျောထောက်နောက်ခံပြု နိုင်ငံရေးပါတီများက အာဏာရပါတီ NLD က မဲသမမာမှုလုပ်ဆောင်ခဲ့သည်ဟု စွပ်စွဲခဲ့ပြီး စစ်တပ်အာဏာသိမ်းရန် လမ်း​ကြောင်းခဲ့ကြသည်။

သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြည်သူလူထုသည် မည်သည့်ပါတီကိုယ်စားလှယ်ကို မဲပေးခဲ့ကြောင်း အသိဆုံးဖြစ်ပြီး NLD ၏ အပြတ်အသတ်အနိုင်ရမှုသည် ပထမဆုံးမဟုတ်ဘဲ ၁၉၉၀၊ ၂၀၁၅အထွေထွေရွေးကောက်ပွဲများတွင်လည်း အပြတ်အသတ်အနိုင်ရခဲ့ကြောင်း ရှင်းလင်းခဲ့သည်။

စစ်တပ်အာဏာသိမ်းချိန်တွင် ဦးဇော်ဌေးဖမ်းဆီးခံခဲ့ရပြီး နောက်ပိုင်းတွင် ပြန်လည် လွတ်မြောက်ခဲ့သည်။

စစ်ကောင်စီက ၎င်းကို ယခင်ညွန်ကြားရေးမှူးချုပ်ရာထူးပြန်ပေးသော်လည်း ဦးဇော်ဌေးက အလုပ်ထွက်စာတင်ခဲ့ကြောင်း နေပြည်တော်ရင်းမြစ်က ပြောသည်။

ယင်းနောက်ပိုင်းတွင် ဦးဇော်ဌေးကို စစ်ကောင်စီက စောင့်ကြည့်ခဲ့ပြီး ထုတ်ဖော်ပြောဆိုခွင့်၊ ရေးသားခွင့်များကို တားမြစ်ထားခဲ့ကြောင်း သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ဦးဇော်ဌေးသည် လက်ရှိ စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဇော်မင်းထွန်းနှင့် စစ်တက္ကသိုလ် အပတ်စဥ် ၃၇ အတူတူတက်ရောက်ခဲ့သူဖြစ်ပြီး ရင်းနှီးသည့်သူငယ်ချင်းများဖြစ်သည်။

ဦးဇော်ဌေးသည် ဗိုလ်မှူးရာထူးဖြင့်အရပ်ဘက်သို့ ပြောင်းရွှေ့ခဲ့သူပြီး ယခင်စစ်အစိုးရလက်ထက် ဝန်ကြီးချုပ်ရုံး၊ သမ္မတဦးသိန်းစိန်လက်ထက် သမ္မတရုံးညွှန်ကြားရေးမှူး၊ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ စသည်ဖြင့် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။

ဦးသိန်းစိန်အစိုးရလက်ထက် ရခိုင်ပြည်နယ်တွင် ဘာသာ​ရေး၊လူမျိုး​ရေးပြသာနာများစတင်ဖြစ်ပွားချိန် နှင့် ရခိုင်ပြည်နယ်တွင်ဖြစ်ပွား​သော ပြသာနာများ၌ ဦး​ဇော်​ဌေး ​​​ဖေစ်ဘွခ်နှင့် မီဒီယာများသို့ ​ရေးသား​ပြောဆိုချက်များမှာ အစွန်း​ရောက်သဖြင့် ​​ဝေ​ဖန်​ထောက်ပြမှုများစွာရှိခဲ့သည်။

Click to comment

Leave a Reply

Your email address will not be published.

You May Also Like

သတင်း

မစန္ဒာလင်းဟာ မနက် ၈ နာရီလောက်မှာ ဈေးရောင်းရာကအပြန်လမ်းမှာ မိုင်းနင်းမိပြီး ကွယ်လွန်သွားခဲ့ရတာပါ။

သတင်း

ပြည်သူ့ကာကွယ်ရေးရဲဘော်များသည် ယခင်ရက်ပိုင်းအတွင်းက သေနတ်ပါသည့် ရဲနှစ်ဦးကိုပင် ဝင်လုံးတိုက်ခိုက်ခဲ့ပြီး ယခုလို အပြစ်မဲ့ပြည်သူအမျိုးသမီးတစ်ဦးကို တိုက်ခိုက်ရန်အကြောင်းမရှိကြောင်း ဒေသခံအချိူ့က ထင်မြင်ချက်ပေးသည်။

ဗီဒီယို

ရှိတ်ခ် ခါလီဖာ ကွယ်လွန်မှုအတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ် အနေနဲ့ ယူအေအီး တစ်နိုင်ငံလုံးနဲ့ နိုင်ငံတကာ သံရုံးတွေမှာ ယူအေအီး အလံကို တိုင်တစ်ဝက်ချပြီး လွှင့်ထူထားစေမှာ ဖြစ်ပါတယ်။ ပြီးတော့ ဝန်ကြီးဌာနတွေနဲ့ တခြား အစိုးရဆိုင်ရာ အဖွဲ့အစည်းတွေကိုလည်း ၃ ရက်ကြာ အလုပ်ရပ်နားထားစေမယ်လို့ သိရပါတယ်။

သတင်း

ဒေါက်တာဝါကာအူဒင်သည် ဧပြီ ၂၉ ရက်တွင် အမေရိကန်ပြည်ထောင်စု၌ ကွယ်လွန်ကြောင်း ကြားသိရသည့်အတွက် မိသားစုအသိုင်းအဝိုင်းနှင့်ထပ်တူ ဝမ်းနည်းရကြောင်း NUG က သဝဏ် လွှာပေးပို့သည်။