Connect with us
close

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ရုရှား ပင်လယ်နက် ရေတပ်ဖွဲ့ကို ဖျက်ဆီးဖို့ ကြံစည်နေကြောင်း စွပ်စွဲချက်တွေကို အမေရိကန် ငြင်းဆို

ပင်လယ်နက်ထဲမှာ ဖြန့်ကျက် လှုပ်ရှားနေတဲ့ ရုရှားရေတပ်မှာ ရေငုပ်သင်္ဘောတွေ အပါအဝင် ရေယာဉ် ၂၀ လောက် ရှိမယ်လို့ ဗြိတိန် စစ်ထောက်လှမ်းရေးက ခန့်မှန်းထားပါတယ်။

ရုရှားရဲ့ ပင်လယ်နက် ရေတပ်ဖွဲ့ကြီး တစ်ခုလုံးကို ဖျက်ဆီးပစ်ဖို့ နောက်ကွယ်ကနေ ကြံစည်နေကြောင်း ယူကရိန်းရဲ့ ပြောဆိုမှုကို အမေရိကန်က ငြင်းဆိုသွားခဲ့ပါတယ်။

ရုရှားရဲ့ ပင်လယ်နက် ရေတပ်ဖွဲ့ဟာ ဒေသတွင်းမှာရှိတဲ့ အရေးပါတဲ့ ယူကရိန်း ဆိပ်ကမ်းတွေကို ပိတ်ဆို့ဖို့ အဓိက တာဝန်ယူထားတဲ့ စစ်ရေး အင်အားစုကြီး ဖြစ်နေပါတယ်။ ရုရှားနဲ့ ဖြစ်ပွားနေတဲ့ စစ်ပွဲမှာ အနီးကပ် ကြီးကြပ်နေတဲ့ ယူကရိန်း စစ်ဘက် အရာရှိ တချို့က ရုရှား ပင်လယ်နက် ရေတပ်ဖွဲ့ကို ဖျက်ဆီးအား ပြင်းထန်တဲ့ ဒုံးကျည်တွေ အသုံးပြုပြီး တိုက်ခိုက် ဖြိုခွင်းသွားဖို့ အစီအစဉ်တစ်ခု ကြိုးစား အကောင်အထည် ဖော်နေကြောင်း ပြောပါတယ်။

အမေရိကန်ကလည်း ယူကရိန်းရဲ့ ဆိပ်ကမ်းတွေကို ပြန်ဖွင့်နိုင်ဖို့ အစီအမံတစ်ခု ပြင်ဆင်နေတယ်လို့ အလေးအနက် ယုံကြည်ကြောင်း ယူကရိန်း ပြည်ထဲရေး ဝန်ကြီးဌာန အကြံပေး အရာရှိ အန်တန် ဂီရက်စ်ချန်ကိုက Twitterမှာ ရေးသားခဲ့ပါတယ်။ အခုဆိုရင် အမေရိကန်ဆီက Harpoonနဲ့ ကီလိုမီတာ ၃၀၀ လောက်ထိ ပျံသန်းနိုင်တဲ့ ရေတပ် တိုက်ခိုက်ရေး ဒုံးကျည်တွေ လက်လွှဲယူနိုင်ရေးကိစ္စ ဆွေးနွေးနေကြပြီလို့ ဂီရက်စ်ချန်ကိုက ပြောပါတယ်။

ရုရှား ပင်လယ်နက် ရေတပ်ဖွဲ့ရဲ့ အကြီးမားဆုံး၊ အစွမ်းအထက်ဆုံး စစ်သင်္ဘောကြီး Moskvaကို ယူကရိန်းက ဒုံးကျည်တွေနဲ့ ပစ်ခတ် နှစ်မြှုပ်လိုက်ပြီး လပိုင်းလောက် အကြာမှာ အခုလို အခြေအနေတွေ ပေါ်ပေါက်လာတာပါ။ Reuters သတင်းဌာနကလည်း ယူကရိန်း အနေနဲ့ ရုရှားရဲ့ ရေကြောင်း ပိတ်ဆို့မှုတွေကနေ ထိုးဖောက်နိုင်မယ့် ခေတ်မီ ဒုံးကျည်လက်နက်တွေ ပံ့ပိုးသွားဖို့ အမေရိကန်က စီစဉ်နေကြောင်း ဖော်ပြခဲ့ပါသေးတယ်။

ပင်လယ်နက်ထဲမှာ ဖြန့်ကျက် လှုပ်ရှားနေတဲ့ ရုရှားရေတပ်မှာ ရေငုပ်သင်္ဘောတွေ အပါအဝင် ရေယာဉ် ၂၀ လောက် ရှိမယ်လို့ ဗြိတိန် စစ်ထောက်လှမ်းရေးက ခန့်မှန်းထားပါတယ်။

အမေရိကန်ရဲ့ ပင်တဂွန် စစ်ဌာနချုပ်ကတော့ ယူကရိန်းဆီ အစွမ်းထက် ဒုံးကျည်တွေ ပေးပို့ဖို့ စီစဉ်ထားပြီး ဖြစ်တယ် ဆိုတာကို ငြင်းပယ်သွားခဲ့ပါတယ်။ လက်ရှိ ထွက်ပေါ်နေတဲ့ သတင်းတွေဟာ ရာနှုန်းပြည့် မမှန်ကန်ပါဘူးလို့ ပင်တဂွန် ပြောရေးဆိုခွင့်ရ အရာရှိ ဂျွန်ကာဘီက ဆိုပါတယ်။

နိုင်ငံတကာ လက်နက်ရေးရာ ပါရဂူတွေကတော့ Harpoonနဲ့ အမေရိကန်ရဲ့ ရေကြောင်း ကာကွယ်ရေး ဒုံးကျည်တွေကိုသာ ယူကရိန်းက လက်ခံရရှိခဲ့မယ်ဆိုရင် ပင်လယ်နက် ဒေသက ရေကြောင်း တိုက်ပွဲတွေရဲ့ လားရာဟာ အကြီးအကျယ် ပြောင်းလဲသွားနိုင်ကြောင်း သုံးသပ်ထားကြပါတယ်။

Click to comment

Leave a Reply

Your email address will not be published.

Facebook

You May Also Like

နိုင်ငံတကာ

ရုရှားရဲ့ တပ်ပေါင်းစု ကွပ်ကဲရေးဌာန အကြီးအကဲ ဗိုလ်ချုပ်ကြီး ဗယ်လာရီ ဂီရာဆီမော့ဗ်ရဲ့ ရာထူးနဲ့ ပတ်သက်လို့ ကောလာဟလတချို့ ထွက်ပေါ်နေပေမယ့် သူ့ရဲ့ မူလရာထူးမှာ ဆက်ရှိမရှိ ဆိုတာကို ဗြိတိန် ထောက်လှမ်းရေးက အတည်မပြုနိုင်ပါဘူး။

နိုင်ငံတကာ

ရုရှားက ယူကရိန်းကို ဝင်ရောက်ကျူးကျော် တိုက်ခိုက်ခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး အမေရိကန် ဦးဆောင်တဲ့ အနောက်နိုင်ငံတွေက ပြင်းပြင်းထန်ထန် အရေးယူ ပိတ်ဆို့မှုတွေ ပြုလုပ်ခဲ့တာကြောင့် နှစ်ဖက် ဆက်ဆံရေး အအေးခဲ အတင်းမာဆုံး ဖြစ်နေခဲ့ပါတယ်။

ဗီဒီယို

ယာဉ်တန်းဟာ ဖင်လန်နဲ့ နယ်စပ်နားက ရုရှားမြို့ဖြစ်တဲ့ ဗိုင်ဘော့ဂ်ဆီ ဦးတည်နေခဲ့တာပါ။ ဖင်လန် အစိုးရက သူတို့ဟာ NATOနဲ့ ပေါင်းစည်းသွားမယ်လို့ ပြောကြားခဲ့ပြီး မကြာခင်မှာပဲ ဒီယာဉ်တန်းကို တွေ့ရတာလို့ မျက်မြင်တွေက ဆိုပါတယ်။

နိုင်ငံတကာ

အမေရိကန် လေတပ်ရဲ့ လက်နက် နည်းပညာ မြှင့်တင်ရေးဌာန အကြီးအကဲ ဗိုလ်ချုပ် ဟိသ်ကောလင်းစ်က အခု ဒုံးကျည် စမ်းသပ်မှု ရလဒ်ဟာ အမေရိကန် လေတပ်အတွက် ကြီးမားတဲ့ အောင်မြင်မှု တစ်ခုအဖြစ် မှတ်ယူနိုင်ကြောင်း ပြောကြားခဲ့ပါတယ်။