Connect with us
close

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ဩစတြေးလျ ဝန်ကြီးချုပ်သစ် ဖြစ်လာတော့မယ့် အန်သိုနီ အယ်လ်ဘန်နီစ်

အယ်လ်ဘန်နီစ်က အဲဒီ မဲရလဒ်တွေဟာ အပြောင်းအလဲအတွက် ဆန္ဒပြုခြင်းတွေ ဖြစ်တယ်လို့ ကြွေးကြော်ခဲ့ပေမယ့် လက်ကျန် မဲဆန္ဒနယ်တချို့ ကျန်နေသေးချိန်မှာ သူဟာ သောင်ပြိုကမ်းပြို ရလဒ်နဲ့ အနိုင်ရမရ ဆိုတာကို ယတိပြတ်တော့ မပြောနိုင်သေးပါဘူး။

ဩစတြေးလျ ရွေးကောက်ပွဲမှာ လက်ရှိ ဝန်ကြီးချုပ် စကော့မော်ရစ်ဆင် ဦးဆောင်တဲ့ မဟာမိတ် နိုင်ငံရေး အင်အားစု အရေးနိမ့်သွားပြီး အန်သိုနီ အယ်လ်ဘန်နီစ်က ဝန်ကြီးချုပ် ရာထူးကို ဆက်ခံခွင့် ရတော့မှာ ဖြစ်ပါတယ်။

ဩစတြေးလျရဲ့ လေဘာပါတီဟာ ဆယ်စုနှစ် တစ်ခုနီးပါး အကြာမှာ အာဏာရ ပါတီအနေနဲ့ ပထမဆုံးအကြိမ် ပြန်လည် ရပ်တည်လာနိုင်ခဲ့တာပါ။ အောက်လွှတ်တော် ကိုယ်စားလှယ်လောင်း ရွေးကောက်ပွဲတွေမှာ အယ်လ်ဘန်နီစ်ရဲ့ လေဘာပါတီက အမတ်နေရာ ၇၆ ခု အနိုင်ရထားပြီး မော်ရစ်ဆင်ရဲ့ လစ်ဘရယ်လ် အမျိုးသား ညွန့်ပေါင်း အင်အားစုက ၅၅ နေရာသာ ရရှိခဲ့ပါတယ်။

အယ်လ်ဘန်နီစ်က အဲဒီ မဲရလဒ်တွေဟာ အပြောင်းအလဲအတွက် ဆန္ဒပြုခြင်းတွေ ဖြစ်တယ်လို့ ကြွေးကြော်ခဲ့ပေမယ့် လက်ကျန် မဲဆန္ဒနယ်တချို့ ကျန်နေသေးချိန်မှာ သူဟာ သောင်ပြိုကမ်းပြို ရလဒ်နဲ့ အနိုင်ရမရ ဆိုတာကို ယတိပြတ်တော့ မပြောနိုင်သေးပါဘူး။

ဗဟိုလက်ဝဲယိမ်း နိုင်ငံရေးသမားက သူဟာ ဝန်ကြီးချုပ် ဖြစ်လာချိန်မှာ လူမှုဝန်ထမ်း အဖွဲ့အစည်းတွေအတွက် ပိုမို ရင်းနှီး မြှုပ်နှံသွားမှာ ဖြစ်သလို ရာသီဥတု ဖောက်ပြန် ပြောင်းလဲမှုတွေကို စစ်ပွဲတစ်ခုလို သဘောထားပြီး အနိုင်ယူ တိုက်ခိုက်သွားမယ်လို့ ကြွေးကြော်ပါတယ်။ ဒါ့အပြင် ဩစတြေးလျ ပြည်သူအားလုံးကို ပြန်လည် သင့်မြတ် ညီညွတ်အောင် ခေါင်းဆောင်မှု ပေးသွားမယ်လို့လည်း ဆိုပါတယ်။

မော်ရစ်ဆင်ကတော့ သူ့ရဲ့ အရေးနိမ့်မှုကို လက်ခံခဲ့ပြီး ထောက်ခံ အားပေးခဲ့ကြတဲ့ ဩစတြေးလျ ပြည်သူတွေကို ကျေးဇူးတင်စကား ပြောကြားသွားပါတယ်။ ဒီနှစ် ရွေးကောက်ပွဲမှာ ထူးခြားမှု တစ်ခုက အဓိက ပါတီကြီးတစ်ခု မဟုတ်တဲ့ ဂရင်းပါတီရယ်၊ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းတွေရယ်ကို မဲဆန္ဒရှင်တွေရဲ့ မဲပေး ရွေးချယ်မှု ပိုမို မြင့်တက်လာခြင်း ဖြစ်ပါတယ်။

လေဘာပါတီ အနေနဲ့ အောက်လွှတ်တော် အမတ်နေရာ ၇၆ ခုထိ မစုစည်းနိုင်ရင်တော့ တခြား ပါတီငယ်တွေ၊ တသီးပုဂ္ဂလ အမတ်တွေကို စည်းရုံးပြီး ညွန့်ပေါင်း အစိုးရ ဖွဲ့ရမှာ ဖြစ်ပါတယ်။ အယ်လ်ဘန်နီစ်ကတော့ ဘယ်လို ပုံစံမျိုးနဲ့ပဲဖြစ်ဖြစ် ဩစတြေးလျ နိုင်ငံကို ဦးဆောင်ခွင့် ရခဲ့တာနဲ့ ပတ်သက်ပြီး ခြွင်းချက်မရှိ ဂုဏ်ယူနေမိမယ်လို့ ပြောပါတယ်။

အယ်လ်ဘန်နီစ်ဟာ ဝန်ကြီးချုပ်သစ် ရာထူးအတွက် အမြန်ဆုံး ကျမ်းသစ္စာ ကျိန်ဆိုမှာ ဖြစ်သလို မေ ၂၃ ရက်ကျရင် ဩစတြေးလျရဲ့ ခေါင်းဆောင်အနေနဲ့ ဂျပန်နိုင်ငံ၊ တိုကျိုမြို့တော်ကို အစည်းအဝေး သွားတက်ပြီး ဂျပန်၊ အိန္ဒိယ၊ အမေရိကန် အစိုးရ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဖို့ စီစဉ်ထားပါတယ်။

ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း ဩစတြေးလျရဲ့ အစိုးရပိုင်းမှာ အပြောင်းအလဲတွေ မြန်ဆန်ခဲ့ပြီး ၂၀၀၇ ခုနှစ်နောက်ပိုင်း ရာထူးသက်တမ်းစေ့အောင် တာဝန်ထမ်းဆောင်ဖူးတဲ့ ဝန်ကြီးချုပ်ဆိုလို့ အသက် ၅၄ နှစ်အရွယ် မော်ရစ်ဆန် တစ်ဦးတည်းသာ ရှိခဲ့ပါတယ်။

မော်ရစ်ဆန်ဟာ ကပ်ရောဂါနဲ့ သဘာဝ ဘေးအန္တရာယ်ဆိုးတွေ ကြုံခဲ့တဲ့ ခက်ခဲတဲ့ ကာလတွေမှာ ဩစတြေးလျကို ဦးဆောင်မှု ပေးခဲ့ရသူ ဖြစ်ပါတယ်။ သူဟာ ကပ်ရောဂါ အစောပိုင်း နှစ်တွေမှာ ဩစတြေးလျကို အသေအပျောက် နည်းပါးအောင် မူဝါဒတွေ ချမှတ် ကိုင်တွယ်ခဲ့တာကြောင့် လူကြိုက် များခဲ့ပေမယ့် နောက်ပိုင်း ကာလတွေမှာတော့ သူနဲ့ သူ့အစိုးရအပေါ် ထောက်ခံမှု ပြန်လည် ကျဆင်းလာပြီး လေဘာပါတီက တကျော့ပြန် အားကောင်းလာခဲ့တာ ဖြစ်ပါတယ်။

Click to comment

Leave a Reply

Your email address will not be published.

You May Also Like

သတင်း

ရွေးကောက်ခံ NLD အစိုးရကို ဖြုတ်ချဖယ်ရှားခဲ့သော စစ်တပ်ကို အသိအမှတ်ပြု တရားဝင်မှုမပေးဘဲ မြန်မာနိုင်ငံရှိ ဩစတြေးလျအကျိုးစီးပွားကို ရပ်တည်ကာကွယ်နိုင်စွမ်းရှိသည့် ဝါရင့်သံတမန်ကို စေလွှတ်နိုင်လိမ့်မည်ဟု DFATက မျှော်လင့်ထားသည်။

သတင်း

ဩစတြေးလျနိုင်ငံဆိုင်ရာ အကြမ်းဖက်စစ်ကောင်စီသံအမတ် သာအောင်ညွန့်သည် အထက်ပါဖိုရမ်၌ ကျေးဇူးတင်စကားပြောကြားရန် ကနဦးစီစဉ်ထားသော်လည်း ဗစ်တိုးရီးယားပြည်နယ် ဂရင်းပါတီခေါင်းဆောင်၏ မေးခွန်းထုတ်မှုကြောင့် အစီအစဉ်က ဖယ်ရှားခံရခြင်းဖြစ်သည်။

နိုင်ငံတကာ

မေလ ၉ ရက် မနက်ပိုင်းကစလို့ နိုင်ငံရဲ့ ပြည်တွင်းရေး အခြေအနေတွေ ဆိုးသထက် ဆိုးလာနေပြီး လူ ၅ ဦးထက်မနည်းသေ၊ ၁၉၀ ကျော် ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။ သေဆုံးသူတွေထဲမှာ သီရိလင်္ကာ လွှတ်တော်အမတ် တစ်ဦးလည်း ပါဝင်ပါတယ်။

နိုင်ငံတကာ

ဆီရီဆန်နာဟာ အရင်က သီရိလင်္ကာ သမ္မတဟောင်း တစ်ဦး ဖြစ်ပါတယ်။ သူဟာ တခြား နိုင်ငံရေးသမား ၄၀ လောက်နဲ့အတူ အာဏာရ ပါတီကို စွန့်ခွာပြီး အခုလ အစောပိုင်းမှာ အတိုက်အခံတွေဆီ ဘက်ပြောင်းသွားခဲ့ပါတယ်။ အခုဆို သီရိလင်္ကာ အစိုးရဟာ နိုင်ငံရေးအရရော၊ စီးပွားရေး ကဏ္ဍမှာပါ...