Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်တပ်သင်္ဘော သုံးစီးကို ယနေ့တိုက်ခိုက်ရာ စစ်ကောင်စီတပ်မှ သေဆုံးမှုရှိနိုင်ဟု ကသာ(ပကဖ) ထုတ်ပြန်

ကသာ(ပကဖ)၏ တပ်ခွဲများဖြစ်သော ဗိုလ်မိုက် ဦးဆောင်သည့် အရှေ့ဘက်ကမ်း ပကဖ ၊ မိုးတား (ပကဖ) ဗိုလ်သာလိကာအဖွဲ့နှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ရင်း (၁၂) မဟာမိတ်ပူးပေါင်း တပ်များက ၁၀၇ ရှော့တိုက်ဒုံး ငါးလုံးဖြင့် ပစ်ခတ်ခဲ့ရာ သင်္ဘော တစ်စီးအား ၂လုံး ထိမှန်ခဲ့သည်ဟု ဖော်ပြသည်။

(ပုံအ​ဟောင်းကို အသုံးပြုထားပါသည်။)

▪️KIAနှင့် ပူးပေါင်းပြီး ရှော့တိုက်ဒုံးများဖြင့် တိုက်ခိုက်ရာ နှစ်လုံးထိမှန်ခဲ့ဟု အသိပေး

အာဏာသိမ်းစစ်ကောင်စီတပ်၏ သင်္ဘော သုံးစီးကို ယနေ့ နံနက်ပိုင်းက တိုက်ခိုက်ခဲ့ရာ သင်္ဘောထိခိုက်မှုရှိပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးထိခိုက်နိုင်ကြောင်း ကသာ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က သတင်းထုတ် ပြန်သည်။

ယနေ့ (မေလ ၂၇ရက်) နံနက် ၇နာရီ ၄၅ မိနစ်ခန့်တွင် စစ်ကိုင်းတိုင်း ကသာမြို့နယ် မိုးတားဒေသမှ ထွက်လာသည့် စစ်သင်္ဘော သုံးစီးကို စစ်ရေးအရ ကျွန်းအမည်ဖော်ပြ၍ မရသည့်ကျွန်းမှနေ၍ တိုက်ခိုက်ခဲ့ခြင်းဖြစ် သည်ဟု ဆိုသည်။

ကသာ(ပကဖ)၏ တပ်ခွဲများဖြစ်သော ဗိုလ်မိုက် ဦးဆောင်သည့် အရှေ့ဘက်ကမ်း ပကဖ ၊ မိုးတား (ပကဖ) ဗိုလ်သာလိကာအဖွဲ့နှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ရင်း (၁၂) မဟာမိတ်ပူးပေါင်း တပ်များက ၁၀၇ ရှော့တိုက်ဒုံး ငါးလုံးဖြင့် ပစ်ခတ်ခဲ့ရာ သင်္ဘော တစ်စီးအား ၂လုံး ထိမှန်ခဲ့သည်ဟု ဖော်ပြသည်။

တစ်လုံးမှာ သင်္ဘောခါးလည်ကို တိတိကျကျ ထိမှန်ခဲ့၍ ပေါက်ကွဲမှု အနည်းငယ်ဖြစ်ပြီး မီးခိုးများ အူထွက်ခဲ့ကြောင်း၊ စစ်ကောင်စီတပ်များ အကျအဆုံးရှိနိုင်ကြောင်း ကသာ(ပကဖ)က ထုတ်ပြန်သည်။

အဆိုပါ စစ်ကောင်စီ၏ လက်နက်ရိက္ခာတင် စစ်သင်္ဘော သုံးစီးသည် မေလ ၂၅ရက်တွင် ကသာမြို့မှ ဆန်တက်လာရာ ယင်းနေ့ မွန်းလွဲပိုင်း၌ ကသာ- အထက်ဘက်ဝဲကြီးရွာ နှင့် သံပုရာကုန်းရွာကြားတွင် ဒေသကာကွယ်ရေးတပ်များက ရှော့တိုက်ဒုံး ၂လုံး အပါအဝင် လက်လုပ် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ မြို့လှ PDFက ထုတ်ပြန်ထားသည်။ ထိုသို့ ပစ်ခတ်မှုကြောင့် သင်္ဘောတစ်စီးထိမှန်ပြီး စက်ချို့ယွင်းသွား၍ ကျန်သင်္ဘောဖြင့် တွဲကာ မိုးတားလေးဆိပ်ကမ်း၌ ဆိုက်ကပ်ထားခဲ့ရသည်ဟု ထိုစဉ်က ထုတ်ပြန်ခဲ့သည်။

အဆိုပါ စစ်ကောင်စီ သင်္ဘောလုံခြုံရေး ဆောင်ရွက်နေသည့် ခြေလျင်စစ်ကြောင်းများနှင့် ပြည်သူ့ကာကွယ် ရေးတပ်များအကြားတွင်လည်း ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ထိတွေ့တိုက်ခိုက် အချို့ဖြစ်ခဲ့သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

စစ်ကောင်စီတပ်များသည် နံနက် ၆နာရီကျော်မှ ၉နာရီခွဲခန့်အထိ ၂နာရီကြာ မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ပြီး ပြန်လည်ထွက်ခွာသွားခဲ့ကြောင်း၊ ထိုသို့ ထွက်ခွာသွားပြီးနောက် ရွာသူရွာသားများက ရွာ၌ရှိသည့် မီးသတ်ကား အသုံးပြုပြီး ဝင်ရောက်မီးငြှိမ်းသတ်ခဲ့သော်လည်း တစ်အိမ်တက် တစ်အိမ်ဆင်း မီးရှို့ခဲ့၍ ရွာတစ်ဝက်ကျော် မီးလောင်ပြာကျခဲ့ရသည်ဟု ဆိုသည်။

သတင်း

BGF တပ်နယ်(၃) နဲ့အတူ ဗိုလ်မှူးမို့သိုဦးဆောင်တဲ့ BGF တပ်နယ်(၄)တပ်ဖွဲ့ဝင်တွေပါ ပူးပေါင်းပါဝင်နေတယ်လို့ကြားသိရပြီး သေဘောဘိုးစခန်းပြန်လည်သိမ်းပိုက်မယ့်စစ်ဆင်ရေးမှာ လမ်းကင်းလုံခြုံရေးအဖြစ် ဒါမှမဟုတ် စခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်နဲ့အတူ ပူးပေါင်းပါဝင်တိုက်ခိုက်လာနိုင်တယ်လို့ အဆိုပါ BGF နဲ့နီးစပ်သူတွေက ဆိုကြပါတယ်။

သတင်း

ကလေးမြို့နယ်တောင်ပိုင်းဒေသ၌ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် အကြမ်းဖက်စစ်တပ်တို့ကြား တိုက်ပွဲများ ဆက်လက်ပြင်းထန်နေသည်ဟု ကလေးမြို့ပြည်သူ့ကာကွယ်ရေးတပ်က ထုတ်ပြန်ထားသည်။

သတင်း

"စစ်ကောင်စီကို ပြောက်ကျားစနစ်နဲ့ဆက်လက်တိုက်ခိုက်သွားမှာမို့ ပြည်သူများအနေနဲ့ စစ်ဧရိယာများကို ရှောင်ကွင်းသွားလာနေထိုင်ကြဖို့ မေတ္တာရပ်ခံချင်ပါတယ်"ဟု DGF-LC မှ တော် လှန်ရေးရဲဘော်တစ်ဦးက အသိပေးသည်။