Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီယာဥ်တန်း ချင်းတောင်ခြေဘက်သို့ထွက်ခွာသွား၍ ဒေသခံများသတိပြုနေထိုင်ကြရန် ကလေးမြို့ခံများသတိပေး

ကလေးမြို့နယ်တောင်ပိုင်းဒေသ၌ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် အကြမ်းဖက်စစ်တပ်တို့ကြား တိုက်ပွဲများ ဆက်လက်ပြင်းထန်နေသည်ဟု ကလေးမြို့ပြည်သူ့ကာကွယ်ရေးတပ်က ထုတ်ပြန်ထားသည်။

(စစ်ကိုင်းတိုင်းအတွင်း ဖြတ်သန်းသွားလာနေသော စစ်ကောင်စီယာဥ်တန်းတစ်ခုကို တွေ့ရစဥ်)

စစ်ကောင်စီအင်အားအများအပြားလိုက်ပါလာသော အစီးရေ ၁၀စီးပါ ယာဥ်တန်းသည် ကလေးမြို့နယ်ကိုဖြတ်ပြီး ချင်းတောင်ခြေဘက်သို့ထွက်ခွာသွားသောကြောင့် ဒေသခံများ သတိပြုနေထိုင်ကြရန် ကလေးမြို့ခံများက သတိပေးသည်။

အင်အားပြည့်လိုက်ပါလာသည့် စစ်ကောင်စီယာဥ်၁၀စီးသည် ကလေးမြို့နယ်ကို မေ ၂၆ ရက်နေ့လယ်က ​ဖြတ်သန်းကာ ချင်းပြည်နယ် တီးတိန်မြို့ဘက်သို့ ထွက်ခွာသွားခြင်းဖြစ်သည်။

“ကား ဆယ်စီးအထိ ချင်းတောင်ဘက်ကို တက်သွားတယ်။ အင်အားအပြည့်ပါတယ်”ဟု ကလေးမြို့ခံတစ်ဦးက ပြောသည်။

အထက်ပါစစ်ကောင်စီ ယာဥ်တန်းသည် မေ ၂၆ ရက် ညနေတွင် တီးတိန်မြို့နယ် သိုင်းငင်းရွာလမ်းဆုံသို့ ရောက်ရှိလာပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ချထားခဲ့ကာ ယာဥ်များ ပြန်လှည့်သွားသည်ဟု People’s Spring က နောက်ဆက်တွဲ စုံစမ်းသိရှိရသည်။

“သိုင်းငင်းလမ်းဆုံမှာ ချထားခဲ့ပြီး တောတိုးမယ်ထင်တယ်။ သိုင်းငင်းမှာက ဟိုတစ်ခါ တိုက်ပွဲ အကြီးအကျယ်ဖြစ်ဖူးတာမို့ ဒေသခံတွေ သတိထားကြပါ “ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလက သိုင်းငင်းကျေးရွာအနီးတိုက်ပွဲတွင် စစ်ကောင်စီအထိနာခဲ့ပြီးနောက် ရွာမှ အရပ်သားနေအိမ်အချို့ကို မီးရှို့ဖျက်ဆီးသွားခဲ့ဖူးသည်။

ကလေးမြို့နယ်တောင်ပိုင်းဒေသ၌ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် အကြမ်းဖက်စစ်တပ်တို့ကြား တိုက်ပွဲများ ဆက်လက်ပြင်းထန်နေသည်ဟု ကလေးမြို့ပြည်သူ့ကာကွယ်ရေးတပ်က ထုတ်ပြန်ထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

အကြမ်းဖက်စစ်ကောင်စီက အရပ်သားအစိုးရလက်ထက်က ရန်ကုန်တိုင်းအစိုးရအဖွဲ့ဝင်များကို ဖက်စပ်ကုမ္ပဏီဖြင့် စက်သုံးဆီအရောင်းဆိုင်များဖွင့်လှစ်ရန် ဆောင်ရွက်ရာတွင်နစ် နာမှုများရှိသည်ဟု အကြောင်းပြချက်ဖြင့် အဂတိမှုအဖြင့် တရားစွဲဆိုရာတွင် ဦးဇင်မင်းအောင်ကိုပါတရားစွဲဆိုဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

သတင်း

စစ်ကောင်စီတပ်များသည် နံနက် ၆နာရီကျော်မှ ၉နာရီခွဲခန့်အထိ ၂နာရီကြာ မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ပြီး ပြန်လည်ထွက်ခွာသွားခဲ့ကြောင်း၊ ထိုသို့ ထွက်ခွာသွားပြီးနောက် ရွာသူရွာသားများက ရွာ၌ရှိသည့် မီးသတ်ကား အသုံးပြုပြီး ဝင်ရောက်မီးငြှိမ်းသတ်ခဲ့သော်လည်း တစ်အိမ်တက် တစ်အိမ်ဆင်း မီးရှို့ခဲ့၍ ရွာတစ်ဝက်ကျော် မီးလောင်ပြာကျခဲ့ရသည်ဟု ဆိုသည်။

သတင်း

BGF တပ်နယ်(၃) နဲ့အတူ ဗိုလ်မှူးမို့သိုဦးဆောင်တဲ့ BGF တပ်နယ်(၄)တပ်ဖွဲ့ဝင်တွေပါ ပူးပေါင်းပါဝင်နေတယ်လို့ကြားသိရပြီး သေဘောဘိုးစခန်းပြန်လည်သိမ်းပိုက်မယ့်စစ်ဆင်ရေးမှာ လမ်းကင်းလုံခြုံရေးအဖြစ် ဒါမှမဟုတ် စခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်နဲ့အတူ ပူးပေါင်းပါဝင်တိုက်ခိုက်လာနိုင်တယ်လို့ အဆိုပါ BGF နဲ့နီးစပ်သူတွေက ဆိုကြပါတယ်။

သတင်း

"စစ်ကောင်စီကို ပြောက်ကျားစနစ်နဲ့ဆက်လက်တိုက်ခိုက်သွားမှာမို့ ပြည်သူများအနေနဲ့ စစ်ဧရိယာများကို ရှောင်ကွင်းသွားလာနေထိုင်ကြဖို့ မေတ္တာရပ်ခံချင်ပါတယ်"ဟု DGF-LC မှ တော် လှန်ရေးရဲဘော်တစ်ဦးက အသိပေးသည်။