Connect with us
close

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ဆီနီဂေါမှာ ဆေးရုံ မီးလောင်ပြီး မွေးကင်းစ ကလေး ၁၁ ဦး သေဆုံး

မီးက စလောင်ပြီးတာနဲ့ အရမ်း မြန်မြန်ဆန်ဆန် ပျံ့နှံ့သွားကြောင်း၊ ကလေးငယ် ၃ ဦးကိုသာ ကယ်ထုတ်နိုင်ခဲ့ကြောင်း မြို့တော်ဝန် ဒမ်ဘာ ဒီယော့ပ်က ဆိုပါတယ်။ ဒေသခံ မီဒီယာတွေက အခင်းဖြစ်ပွားရာ ဆေးရုံဟာ အသစ် ဖွင့်လှစ်ထားတာ မကြာသေးဘူးလို့ ဖော်ပြခဲ့ပါတယ်။

ဆီနီဂေါ နိုင်ငံမှာ ဆေးရုံ မီးလောင်မှုကြောင့် မွေးကင်းစ ကလေးငယ် ၁၁ ဦး သေဆုံးခဲ့ကြောင်း သိရှိရပါတယ်။

နိုင်ငံ အနောက်ပိုင်းက တီဗော်အူနေးမြို့မှာ မေလ ၂၅ ရက် သန်းခေါင်ကျော် အချိန်က မီးလောင်မှု ဖြစ်ခဲ့တာလို့ ဆီနီဂေါ သမ္မတ မက်ကီဆောလ်က Twitterမှာ ရေးသားခဲ့ပါတယ်။ ကွယ်လွန်ခဲ့တဲ့ ကလေးငယ်တွေရဲ့ မိခင်တွေ၊ မိသားစုတွေနဲ့ထပ်တူ တစ်နိုင်ငံလုံး ကြေကွဲ ဝမ်းနည်းနေကြောင်းလည်း သမ္မတက ဆိုပါတယ်။

သတင်းတွေအရ ဆေးရုံရဲ့ မွေးကင်းစ ကလေးတွေ ထားရှိရာ အဆောင်မှာ မီးလောင်မှု ဖြစ်ခဲ့တာလို့ သိရပါတယ်။ မာမာ အက်ဘ်ဒူ အဇစ် ဆိုင်ဒါဘက်ခ် ဆေးရုံရဲ့ အုပ်ချုပ်ရေး အဖွဲ့က ဝါယာရှော့ကြောင့် မီးစတင် လောင်ကျွမ်းခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။

မီးက စလောင်ပြီးတာနဲ့ အရမ်း မြန်မြန်ဆန်ဆန် ပျံ့နှံ့သွားကြောင်း၊ ကလေးငယ် ၃ ဦးကိုသာ ကယ်ထုတ်နိုင်ခဲ့ကြောင်း မြို့တော်ဝန် ဒမ်ဘာ ဒီယော့ပ်က ဆိုပါတယ်။ ဒေသခံ မီဒီယာတွေက အခင်းဖြစ်ပွားရာ ဆေးရုံဟာ အသစ် ဖွင့်လှစ်ထားတာ မကြာသေးဘူးလို့ ဖော်ပြခဲ့ပါတယ်။

ဧပြီလတုန်းကလည်း နိုင်ငံ မြောက်ပိုင်းက လင်ဂူရီမြို့မှာ အလားတူ ဆေးရုံ မီးလောင်မှု ဖြစ်ပွားပြီး မွေးကင်းစ ကလေး ၄ ဦး အသက်ဆုံးရှုံးခဲ့ရပါတယ်။ အဲဒီတုန်းကလည်း သားဖွားဆောင်မှာ တပ်ဆင်ထားတဲ့ လေအေးပေးစက် စနစ်တွေမှာ ဝါယာရှော့ ဖြစ်ရာက မီးစလောင်ခဲ့တာလို့ သိရပါတယ်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

News

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရေဒေသတွင်ပါဝင်သော ပင်းတယနှင့်ရွာငံမြို့နယ်တွင် အကြမ်းဖက် စစ်ကောင်စီထောက်တိုင် ဒလန်အချို့ မကြာခဏ ရှင်းလင်းသုသတ်သင်ခံနေရပြီးနောက် စစ်ကောင်စီက ဒေသခံများအပေါ် နည်းမျိုးစုံ ဖိအားပေးနေသည်။

News

မတ်လ ၂၃ ရက်(ယနေ့)တွင် ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ်ရှိ ပုဂ္ဂလိက ဆေးရုံ၊ ဆေးခန်းများတွင် CDM ပြုလုပ်ထားသည့် ကျန်းမာရေးဝန်ထမ်းရှိ ၊မရှိ စစ်ကောင်စီဘက်က လိုက်လံစစ်ဆေးနေ၍ သတိပြုနေထိုင်ကြရန် ကျန်းမာရေးဝန်ထမ်းတစ်ဦးက သတိပေးသည်။

News

စစ်ကိုင်းကုတင် ၂၀၀ဆံ့ဆေးရုံ အစောင့်အဖြစ် စစ်မှု ထမ်းဟောင်းသက်ကြီးရွယ်အိုများအား အကြမ်းဖက်စစ်ကောင်စီက တစ်ရက်လျှင် နေ့စားခ ၇,၀၀၀ ကျပ်နှုန်းဖြင့် ခန့်ထားခဲ့ခြင်းဖြစ်ကြောင်း စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေး၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

နိုင်ငံတကာ

မာရူပိုလ် မြို့ထဲက ဆေးရုံကို ရုရှားလေတပ်ရဲ့ ဒုံးကျည်တွေ ထိမှန်မှုကြောင့် လူနာတွေ၊ ဆေးရုံဝန်ထမ်းတွေ အပါအဝင် ၁၇ ဦးထက်မနည်း ဒဏ်ရာ ရခဲ့ကြောင်း ဒေသခံ မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။