Connect with us
close

Hi, what are you looking for?

LuduNwayOo

ဗီဒီယို

စာသင်ကျောင်း ပစ်ခတ်မှုမှာ သေဆုံးခဲ့တဲ့ ဆရာမရဲ့ နာရေးကိစ္စ စီစဉ်နေရင်း ခင်ပွန်းဖြစ်သူ ကွယ်လွန်

အာမာ ဂါစီယာဟာ အခု သီတင်းပတ်အတွင်း တက္ကဆက်စ် ပြည်နယ်က မူလတန်းကျောင်း တစ်ကျောင်းကို သေနတ်သမား တစ်ယောက်က ဝင်ရောက် ပစ်ခတ်တဲ့ ဖြစ်စဉ်မှာ ကျောင်းသူကျောင်းသား ကလေးငယ်တွေကို ကာကွယ်ရင်း သူရဲကောင်းဆန်ဆန် အသက်ပေးသွားခဲ့ရှာပါတယ်။

အမေရိကန် နိုင်ငံက စာသင်ကျောင်း ပစ်ခတ်မှုမှာ သေဆုံးခဲ့တဲ့ ဆရာမရဲ့ ခင်ပွန်းဖြစ်သူဟာ နာရေးကိစ္စ စီစဉ်နေရင်း ကွယ်လွန်သွားခဲ့ကြောင်း သိရပါတယ်။

အာမာ ဂါစီယာဟာ အခု သီတင်းပတ်အတွင်း တက္ကဆက်စ် ပြည်နယ်က မူလတန်းကျောင်း တစ်ကျောင်းကို သေနတ်သမား တစ်ယောက်က ဝင်ရောက် ပစ်ခတ်တဲ့ ဖြစ်စဉ်မှာ ကျောင်းသူကျောင်းသား ကလေးငယ်တွေကို ကာကွယ်ရင်း သူရဲကောင်းဆန်ဆန် အသက်ပေးသွားခဲ့ရှာပါတယ်။

စတုတ္ထတန်းပြ ဆရာမရဲ့ နာရေး ကိစ္စကို ခင်ပွန်းသည် ဂျိုးဂါစီယာက တာဝန်ယူ စီစဉ်နေရင်း ရုတ်တရက် လဲကျသွားရာက အသက်ပါ ပါသွားခဲ့တာလို့ မိသားစုဝင်တွေက ပြောပါတယ်။

မေလ ၂၆ ရက်မှာ ဆုံးပါးသွားတဲ့ ခင်ပွန်းဖြစ်သူ ဂျိုးဟာ ဇနီးသည် အာမာနဲ့ အထက်တန်း ကျောင်းသူကျောင်းသား ဘဝကတည်းက ချစ်ကျွမ်းဝင်ခဲ့သူတွေလို့ သိရပါတယ်။

ဂျိုးက ရုတ်တရက် လဲကျသွားတဲ့နောက် ဆေးရုံကို အရေးပေါ် တင်ပို့ဖို့ ကြိုးစားကြပေမယ့် အသက်မမီခဲ့ဘူးလို့ မိသားစုဝင် တစ်ဦးက ဆိုပါတယ်။ သူဟာ ဇနီး ကွယ်လွန်သွားတဲ့ ကိစ္စနဲ့ ပတ်သက်လို့ အရမ်း စိတ်ထိခိုက် ကြေကွဲနေခဲ့တယ်လို့ ဂျိုးရဲ့ တူတော်စပ်သူ ဂျွန် မာတီနက်ဇ်က ဆိုပါတယ်။

မိသားစု အနေနဲ့ ရက်ပိုင်းအတွင်းမှာတင် ချစ်သူခင်သူ နှစ်ဦးကို ရှေ့ဆင့်နောက်ဆင့် လက်လွှတ် ဆုံးရှုံးလိုက်ရတဲ့ အခြေအနေက ခက်ခဲလွန်းတယ်လို့လည်း သူက ပြောပါတယ်။

မိသားစုဝင်တွေက ဂျိုးကွယ်လွန်တဲ့ အကြောင်းရင်းကို ထုတ်မပြောပေမယ့် ဒေသခံ သတင်းမီဒီယာ ဌာနတစ်ခုကတော့ နှလုံး ရုတ်တရက်ဖောက်ပြီး သေဆုံးသွားတာလို့ ဖော်ပြထားပါတယ်။

ဂျိုးနဲ့ အာမာတို့ဟာ အိမ်ထောင်သက် ၂၄ နှစ် ရှိခဲ့ပြီလို့ ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာ ရော့ဘ် မူလတန်းကျောင်းရဲ့ ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။ သူတို့ ဇနီးမောင်နှံမှာ သားသမီး ၄ ဦး ရှိနေပါတယ်။

အသက် ၁၈ နှစ်အရွယ် ဆယ်လ်ဗာဒေါ ရာမို့စ်ဆိုတဲ့ လူငယ် တစ်ဦးက ကျောင်းထဲကို ရိုင်ဖယ် သေနတ် တစ်လက်နဲ့ ဝင်ရောက် ပစ်ခတ်မှုမှာ ကလေး ၁၉ ဦးအပြင် အာမာနဲ့ လုပ်ဖော်ကိုင်ဖက် ဆရာမ အီဗာ မီရာလက်စ်တို့ပါ သေဆုံးခဲ့ပါတယ်။ သေနတ်သမားကိုတော့ ရဲတွေက အသေပစ်ခတ် နှိမ်နင်းခဲ့ပါတယ်။

ဒီဖြစ်စဉ်ကြောင့် အမေရိကန်မှာ လက်နက် ကိုင်ဆောင်ခွင့် ပိုမို တင်းကျပ်တဲ့ ဥပဒေတွေ ပြဋ္ဌာန်းဖို့ ဖိအားပေး တောင်းဆိုမှုတွေလည်း တကျော့ပြန် မြင့်တက်လာခဲ့ပါတယ်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ကသာ(ပကဖ)၏ တပ်ခွဲများဖြစ်သော ဗိုလ်မိုက် ဦးဆောင်သည့် အရှေ့ဘက်ကမ်း ပကဖ ၊ မိုးတား (ပကဖ) ဗိုလ်သာလိကာအဖွဲ့နှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ရင်း (၁၂) မဟာမိတ်ပူးပေါင်း တပ်များက ၁၀၇ ရှော့တိုက်ဒုံး ငါးလုံးဖြင့် ပစ်ခတ်ခဲ့ရာ သင်္ဘော တစ်စီးအား ၂လုံး ထိမှန်ခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စစ်ကောင်စီတပ်သားများသည် တိုက်ခိုက်မခံရမီ ထနောင်းတောမြောက်ရွာ ဒေသခံများကို ကျေးရွာစာသင်ကျောင်း ပြန်လည်ဖွင့်ရန်အတွက် ကလေးများကို ကျောင်းအပ်ရန် ပြောဆိုခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။

နိုင်ငံတကာ

တရားခံဟာ အသက် ၁၈ နှစ်အရွယ် ဆယ်လ်ဗာဒေါ ရာမို့စ်ဆိုသူ ဖြစ်တယ်လို့ တက္ကဆက်စ် ပြည်နယ် အုပ်ချုပ်ရေးမှူး ဂရက်ဂ် အက်ဘော့တ်က ပြောပါတယ်။ သူဟာ AR-15 အမျိုးအစား ရိုင်ဖယ် သေနတ်ကို အသုံးပြုပြီး ပစ်ခတ်မှု ကျူးလွန်ခဲ့တာလို့လည်း အက်ဘော့တ်က ဆိုပါတယ်။ အသေးစိတ်...

News

မယ်သဲကြိုးကွင်းရွာမှ ကင်မွန်းတော်ရွာသို့ ပြန်လာသော အကြမ်းဖက်အဖွဲ့ကို CHU PDF တပ်ခွဲ ၁ နှင့် မိုင်းတပ်ခွဲမှ ရဲဘော်များက မိုင်းဆွဲတိုက်ခိုက်ရာ ၃ ဦးသေဆုံးခဲ့ကြောင်း ချောင်းဦး PDF က ပြောသည်။