Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မတ္တရာနယ်ရှိ PDFစခန်း လိုက်လံပြသသူ စစ်ကောင်စီသတင်းပေးတစ်ဦး ပစ်သတ်ခံရဟု ဒေသခံပြော

“အခု ည ၈နာရီခွဲမှာ ကုလားလို့အမည်ရတဲ့ အသက် ၂၆နှစ်အရွယ်ရှိတဲ့ တစ်ယောက် အုန်းလွတ်ရွာမှာ အပစ်ခံရတယ်။ သေပြီလို့ကြားတယ်”ဟု မတ္တရာနယ်ခံက ယနေ့ (မေလ ၂၉ရက်) ပြောသည်။

မတ္တရာနယ်
မတ္တရာနယ်

မန္တလေးတိုင်း မတ္တရာမြို့နယ်ရှိ စစ်ကောင်စီသတင်းပေး ဒလန်တစ်ဦး ပစ်ခတ်ခံရ၍ သေဆုံးသွားကြောင်း မတ္တရာဒေသခံက ပြောသည်။

“အခု ည ၈နာရီခွဲမှာ ကုလားလို့အမည်ရတဲ့ အသက် ၂၆နှစ်အရွယ်ရှိတဲ့ တစ်ယောက် အုန်းလွတ်ရွာမှာ အပစ်ခံရတယ်။ သေပြီလို့ကြားတယ်”ဟု မတ္တရာနယ်ခံက ယနေ့ (မေလ ၂၉ရက်) ပြောသည်။

ပစ်ခတ်ခံရသည့် ကုလားဆိုသူသည် စစ်ကောင်စီတပ်များ လာရောက်ပါက ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ စခန်းကို လိုက်လံပြသခဲ့သူ ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“သူက စခတွေကို လမ်းကြောင်းလိုက်ပြတယ်။ စခန်းက လူတွေက အင်အားမမျှလို့ပြေးကြရင် သူက နောက်ကနေ စားသောက်ရိက္ခာတွေခိုးတယ်။ လူအသုံးအဆောင်ပစ္စည်းတွေခိုးတယ်။ လှည်းနဲ့တိုက်ပြီးတော့ကို ခိုးတာ။ အရှေ့မှာ တစ်ခုမိထားဖူးတယ် ဒီနေ့တော့ ၈နာရီခွဲမှာ အပစ်ခံရတာ”ဟု ဒေသခံက ပြောသည်။

မည်သည့်အဖွဲ့က ပစ်ခတ်သည်ကို မသိရသော်လည်း လက်လုပ်သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရသည်ဟု၎င်းက ဆိုသည်။

လက်ရှိတွင် စစ်ကောင်စီတပ်များသည် မတ္တရာမြို့နယ်အတွင်း စစ်ကြောင်းများ ဝင်ရောက်စီးနင်းမှုများ လုပ်ဆောင်နေရာ ကင်းရွာ၌ စစ်ကောင်စီတပ်အင်အား ၄၀ခန့်ရှိပြီး မတ္တရာ – မန္တလေးလမ်း ထီးတော်မိုး စစ်တပ်၌ ကား ၁၀စီးဖြင့် အင်အား ၂၀၀ ခန့်ရောက်နေကြောင်း၊ ထို့ပြင် ပြင်ဦးလွင် ဘက်မှစစ်ကြောင်းတစ်ကြောင်း အင်အား ၁၀၀ ကျော်ဖြင့် မတ္တရာနယ်သို့ ဝင်ရောက်လာနေသည်ဟု သတင်းရကြောင်း မတ္တရာဒေသခံက ပြောသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ရှေ့တန်းတွင် ရောက်နေသော စနိုက်ပါသမားက စစ်ကြောင်းတစ်ကြောင်းရှိ အဓိကကျသည်ဟု ယူဆရသော အကြမ်းဖက်စစ်သားတစ်ဦးအား ပထမဦးစွာ သုတ်သင်ရှင်းလင်းခဲ့ကြောင်း BLACK WOLF - PDF က ပြောသည်။

သတင်း

ကန့်ဘလူမြို့နယ်၊ ယင်းတိုက်ကျေးရွာဘုန်းကြီးကျောင်းရှိ စစ်ဘေးရှောင်ပြည်သူများကို ဖမ်းဆီးရန် စစ်ကောင်စီအင်အား ၃၀ခန့်က ဆိုင်ကယ် ၁၅စီး၊ ကားနှစ်စီးဖြင့် လာရောက်စဥ် ပြည်သူ့ကာကွယ်ရေးအဖွဲ့များက စောင့်ကြိုတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သတင်း

လမ်းပိုင်းအသုံးပြုချိန် ကားလမ်းမကြီး ၏ ဘေးအစပ်များကိုကပ်၍ယာဉ်များ မောင်းနှင်ခြင်း ၊ ကားလမ်းမကြီး၏ဘေး ဝဲ/ယာ တောထဲသို့မည်သည့်အကြောင်းကိစ္စနှင့်မှ ဝင်ထွက်သွားလာခြင်းများ လုံးဝ(လုံးဝ)မပြုလုပ်ကြပါရန် အသိပေးမေတ္တာရပ်ခံကြောင်း ထုတ်ပြန်သည်။

သတင်း

TNLA အနေဖြင့် စစ်ကောင်စီထုတ်ကုန်ပစ္စည်းများစာရင်းနှင့် ရောင်းချခြင်း မပြုလုပ်ရန်တားမြစ်စာကို မံစံကျေးရွာရှိ ဈေးဆိုင်တိုင်းတွင် ဖြန့်ဝေကပ်ထားပြီးဆိုင်ရှင်များကိုလည်း အသိပေးထားသည့်အပေါ် ဆက်လက်ရောင်းချနေ၍ အဆိုပါ စစ်ကောင်စီထုတ်ကုန်များကို ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။