Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဝင်းရေးမြို့နယ်ထဲ ဒီမနက်ပိုင်းမှာ တိုက်ပွဲတွေ ဆက်ဖြစ်နေ

ကေအဲန်ယူ-ဝင်းရေးမြို့နယ် ခလယ်တံခွန်တိုင်ကျေးရွာမှာ ပြီးခဲ့တဲ့ ဧပြီ ၂၃ ရက်နေ့ကစပြီး စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်တွေအကြား ထိတွေ့တိုက်ပွဲတွေ စတင်ဖြစ်ပွားခဲ့တာဖြစ်ပြီး တိုက်ပွဲကြောင့် ဒေသခံလူထု (၁၀၀၀၀)နီးပါးဟာ ဘေးလွတ်ရာကို တိမ်းရှောင်နေခဲ့ရတာဖြစ်ပါတယ်။

ဝင်းရေးမြို့နယ် တိုက်ပွဲ
ဝင်းရေးမြို့နယ် တိုက်ပွဲ

ကေအဲန်ယူ-ဒူးပလာယာခရိုင် တပ်မဟာ ၆ ဝင်းရေးမြို့နယ်ထဲကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလှုပ်ရှားမှုတွေ ထပ်လုပ်တာကြောင့် ဒီကနေ့မနက်ပိုင်းက တိုက်ပွဲတွေဆက်လက်ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ဒီကနေ့ မေလ ၃၀ ရက် မနက် ၈ နာရီအချိန်ခန့်က စစ်ကြောင်းထိုးတက်လာတဲ့ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်တွေအကြား ထိတွေ့တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး ဒေသခံပြည်သူလူထုတွေအနေနဲ့ ဘေးကင်းလုံခြုံတဲ့နေရာမှာ နေထိုင်ကြဖို့၊ အသွားအလာဆင်ခြင်သတိပြုကြဖို့ ဝင်းရော်ဒေသနွေဦးတော်လှန်ရေးလှုပ်ရှားလူငယ်များက တိုက်တွန်းထားပါတယ်။

စစ်ကောင်စီတပ်ဟာ ဝင်းရော်လမ်းမကြီးဖြစ်တဲ့ လှကဇိုင်း-တော့ပလော့-ဘုရားငါးဆူ-ခလယ်တံခွန်တိုင်လမ်းအတိုင်း စစ်ကြောင်းထိုးလာတာဖြစ်ပြီး ဒေသခံပြည်သူတချို့ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးမှုတွေရှိကာ လတ်တလောမှာတော့ ခလယ်ဘုန်းကြီးကျောင်းအတွင်းမှာ တပ်စွဲနေရာယူထားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

အဆိုပါစစ်ကောင်စီတပ်ဟာ တံခွန်တိုင်ရဲစခန်းဘက်ကို သွားရောက်မှာဖြစ်ပြီး ဒီလိုတပ်အင်အားတွေ ထပ်မံတိုးချဲ့လာလို့ နှစ်ဖက်ထိတွေ့တိုက်ပွဲတွေ ပြင်းထန်လာနိုင်တယ်လို့လည်း ဒေသခံတွေက ဆိုကြပါတယ်။

မနေ့ မေလ ၂၉ ရက်နေ့ကလည်း တံခွန်တိုင်ရဲစခန်းအတွင်းကနေ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့လို့ နန်းသိုင်းထွန်းကျေးရွာထဲက အသက်(၃၀)ကျော်အရွယ်ရှိတဲ့ အမျိုးသမီးတစ်ဦး သေဆုံးသွားခဲ့ရပြီး အသက်(၇)နှစ်အရွယ် ကလေးငယ်တစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိသွားခဲ့တယ်လို့ ရွာသားတွေဆီကနေ သိရပါတယ်။

ကေအဲန်ယူ-ဝင်းရေးမြို့နယ် ခလယ်တံခွန်တိုင်ကျေးရွာမှာ ပြီးခဲ့တဲ့ ဧပြီ ၂၃ ရက်နေ့ကစပြီး စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်တွေအကြား ထိတွေ့တိုက်ပွဲတွေ စတင်ဖြစ်ပွားခဲ့တာဖြစ်ပြီး တိုက်ပွဲကြောင့် ဒေသခံလူထု (၁၀၀၀၀)နီးပါးဟာ ဘေးလွတ်ရာကို တိမ်းရှောင်နေခဲ့ရတာဖြစ်ပါတယ်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

တိုက်ပွဲဖြစ်ပွားစဉ် အကြမ်းဖက်စစ်တပ်ကလက်နက်ကြီးများဖြင့် မနားတမ်းပြန်လည်ပစ်ခတ်မှုကြောင့် ဒေသခံ မဟာမိတ်တပ်ပေါင်းစုအဖွဲ့မှPDFရဲဘော် တစ်ဦးကျဆုံးခဲ့ရပြီး ( ၇ ) ဦးဒဏ်ရာ (မစိုးရိမ်ရ)ရရှိခဲ့ကြောင်း Seven People Defence Forceက ပြောသည်။

သတင်း

မိုးဦးရာသီရောက်ရှိလာသည့်အလျှောက် စစ်ဘေးရှောင်တို့၏ ကျန်းမာရေး၊ နေထိုင်ရေး၊ စားဝတ်နေရေးများအတွက် လိုအပ်ချက်များပြားလာသည်ဟု အသိပေးထားသည်။

သတင်း

စစ်ကောင်စီရဲ့ သေဘောဘိုးစခန်းဟာ KNLA ပူးပေါင်းတပ်ဖွဲ့ရဲ့ တိုက်ခိုက်သိမ်းပိုက်ခြင်းကိုခံခဲ့ရပြီးတဲ့နောက် စခန်းကိုပြန်လည်သိမ်းပိုက်နိုင်ဖို့အတွက် စစ်ကောင်စီဟာ BGF တပ်တွေနဲ့အတူ ပူးပေါင်းတိုက်ခိုက်ပြီး စီစဉ်ဆောင်ရွက်နေတယ်လို့လည်း ဒေသတွင်းသတင်းရင်းမြစ်ဆီကနေ သိရပါတယ်။

သတင်း

ရဲဘော်မိုးတိမ်(ကိုယ်ပိုင်အမှတ် P1-1204-0020)သည် မေ ၂၄ ရက်က မတ္တရာမြို့နယ်အတွင်း တိုက်ပွဲလေးကြိမ်ဖြစ်ခဲ့ရာ စစ်မြေပြင်တွင်တပ်နှင့်လမ်းကွဲသွားခဲ့ပြီး ​တောတွင်းတစ်​နေရာတွင် ကျဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်သည်။