Connect with us
close

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

နီပေါမှာ လူ ၂၂ ဦးပါ ခရီးသည်တင်လေယာဉ် ပျောက်ဆုံးနေ

လေယာဉ် ပျက်ကျသွားတယ်လို့ ယုံကြည်ရပေမယ့် အာဏာပိုင်တွေက အတည်မပြုသေးဘဲ Twin Otter အမျိုးအစား လေယာဉ်ငယ်ကို လိုက်လံ ရှာဖွေနေကြောင်း ဒေသခံ ရဲတပ်ဖွဲ့ အရာရှိ ရာမက်ရှ် သာပါက ပြောပါတယ်။ လေယာဉ်ပေါ်မှာ ခရီးသည် ၁၉ ဦးနဲ့ အမှုထမ်း ၃ ဦး ပါသွားတယ်လို့ သတင်းရထားကြောင်း သူက ဆိုပါတယ်။

နီပေါခရီးသည်တင်လေယာဉ်
နီပေါခရီးသည်တင်လေယာဉ်

နီပေါနိုင်ငံမှာ လူပေါင်း ၂၂ ဦး လိုက်ပါသွားတဲ့ ခရီးသည်တင် လေယာဉ်ငယ်တစ်စီး ပျောက်ဆုံးနေကြောင်း သိရှိရပါတယ်။

Tara လေကြောင်းပိုင် လေယာဉ်ဟာ ကမ္ဘာလှည့် ခရီးသည်တွေကြား ထင်ရှားတဲ့ တောင်ပေါ် မြို့လေး ဂျွမ်ဆွမ်ကို ဦးတည် ပျံသန်းခဲ့တာ ဖြစ်ပါတယ်။ မေ ၂၉ ရက်က ခတ္တမန္ဒူ မြို့တော် အရှေ့ဖက် ကီလိုမီတာ ၂၀၀ လောက် အကွာမှာရှိတဲ့ ပေါ့ခါရာမြို့ကနေ လေယာဉ် ပျံတက်သွားပြီး မကြာခင်မှာပဲ အဆက်အသွယ် ပြတ်တောက်သွားခဲ့တာပါ။ အဲဒီ ခရီးစဉ်ဟာ ပုံမှန်ဆိုရင် ၁၅ မိနစ်လောက်သာ ကြာမြင့်ပါတယ်။

လေယာဉ် ပျက်ကျသွားတယ်လို့ ယုံကြည်ရပေမယ့် အာဏာပိုင်တွေက အတည်မပြုသေးဘဲ Twin Otter အမျိုးအစား လေယာဉ်ငယ်ကို လိုက်လံ ရှာဖွေနေကြောင်း ဒေသခံ ရဲတပ်ဖွဲ့ အရာရှိ ရာမက်ရှ် သာပါက ပြောပါတယ်။ လေယာဉ်ပေါ်မှာ ခရီးသည် ၁၉ ဦးနဲ့ အမှုထမ်း ၃ ဦး ပါသွားတယ်လို့ သတင်းရထားကြောင်း သူက ဆိုပါတယ်။

ပြည်ထဲရေး ဝန်ကြီးဌာနကတော့ ပျောက်ဆုံး လေယာဉ်ကို ရှာဖွေရာမှာ ကူညီဖို့ ရဟတ်ယာဉ် နှစ်စီးကို အားဖြည့် စေလွှတ်ပေးထားကြောင်း ထုတ်ပြန်ပါတယ်။ ဒါပေမဲ့ အဲဒီဒေသမှာ ရာသီဥတု မကြည်လင်ဘဲ မြင်ကွင်း မှုန်ဝါးမှုတွေကြောင့် ကယ်ဆယ်ရေးနဲ့ ရှာဖွေရေး လုပ်ငန်းတွေမှာ အခက်အခဲတွေ ကြုံနေရကြောင်းလည်း သိရပါတယ်။

ကောင်းကင်ကနေ ရဟတ်ယာဉ် ပျံသန်းပြီး လိုက်ကြည့်ရင် ဘာကိုမှ သေချာ မမြင်နိုင်လောက်အောင် မြင်ကွင်း မှုန်ဝါးနေတယ်လို့ သာပါက ဆိုပါတယ်။ လေယာဉ်ပေါ်မှာ နိုင်ငံခြားသား ၆ ဦး ပါသွားတယ်လို့လည်း ကနဦး သတင်းရထားပါတယ်။

နီပေါဟာ ဟိမဝန္တာ တောင်စဉ်တန်းတွေနဲ့ ဆက်စပ်တည်ရှိတဲ့ နိုင်ငံဖြစ်ပြီး တောင်တက် ခရီးစဉ်တွေကြောင့် ကမ္ဘာလှည့် ခရီးသွားတွေကို ဆွဲဆောင်နိုင်ပါတယ်။ ပြည်တွင်း သယ်ယူပို့ဆောင်ရေး ကဏ္ဍမှာ ခရီးတို ပျံသန်းတဲ့ လေယာဉ်ငယ်တွေကို အားထားနေရပေမယ့် အရင်ကလည်း လေယာဉ် ပျက်ကျမှုတွေ ကြုံခဲ့ဖူးပါတယ်။

၂၀၁၆ တုန်းက Tara လေကြောင်းလိုင်းပိုင် Twin Otter လေယာဉ်တစ်စီးပဲ အခုလမ်းကြောင်းအတိုင်း ပျံသန်းပြီး ပျက်ကျတာကြောင့် လိုက်ပါသွားသူ ၂၃ ဦးစလုံး သေဆုံးခဲ့ပါတယ်။ ၂၀၁၂ တုန်းက Agni လေကြောင်းပိုင် လေယာဉ် တစ်စီးကလည်း ဒီလမ်းကြောင်းအတိုင်း ပျံရင်း ပျက်ကျတာကြောင့် ၁၅ ဦးသေပြီး ၆ ဦး အသက်ရှင် ကျန်ရစ်ခဲ့ပါတယ်။ ၂၀၁၄ မှာတော့ Nepal လေကြောင်းပိုင် ခရီးသည်တင် လေယာဉ်ဟာ အဲဒီ လမ်းကြောင်းပေါ်မှာပဲ ပျက်ကျပြီး လိုက်ပါသွားသူ ၁၈ ဦးစလုံး အသက် ဆုံးရှုံးခဲ့ပါတယ်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

နိုင်ငံတကာ

အသက် ၅၂ နှစ် ရှိပြီဖြစ်တဲ့ ကာမီရီတာရဲ့ ဇနီးသည် ဂျန်မူးကတော့ သူ့ခင်ပွန်းရဲ့ အောင်မြင်မှုအတွက် အရမ်း ဂုဏ်ယူ ပျော်ရွှင်မိကြောင်း ပြောကြားသွားပါတယ်။

News

တိုက်ပွဲဖြစ်ပွားပြီး လူစုကွဲသွားမှု​ကြောင့် တပ်ရင်း (A)တွင် တာဝန်ထမ်း​ဆောင်ခဲ့သော ရဲ​ဘော်​မောင်​ဇော်ဝင်းထွဋ်ကို ယနေ့(မေ ၄ ရက်)ညနေ ၅ နာရီခန့်တွင် ပြင်းထန်​သောဒဏ်ရာဖြင့် ပြန်လည်​တွေ့ရှိခဲ့ကြောင်း အသိပေးသည်။

ဗီဒီယို

အီဂျစ် လေကြောင်းလိုင်းရဲ့ ခရီးစဉ်အမှတ် ၈၀၄ မှာ တွဲဖက် လေယာဉ်မှူး အသုံးပြုရမယ့် အောက်စီဂျင် မျက်နှာဖုံးဟာ ခရီးစဉ် မတိုင်ခင် ၃ ရက်ကမှ အသစ်လဲထားပြီး အရေးပေါ် Mode သတ်မှတ်ထားခဲ့ကြောင်း၊ အဲဒီကနေ လေယာဉ်မှူး အခန်းထဲမှာ အောက်စီဂျင် စိမ့်ထွက်နေပြီး မီးတောက်နဲ့...

နိုင်ငံတကာ

Kazu 1ပေါ်မှာ လူ ၂၆ ဦး လိုက်ပါသွားတဲ့အနက် ၁၆ ယောက်လောက်ကို ဆယ်ယူ ကယ်တင်နိုင်ခဲ့ပေမယ့် ဧပြီ ၂၃ ရက် ညပိုင်းထိ ကျန်တဲ့ ၁၀ ဦးကို ရှာမတွေ့ခဲ့ပါဘူး။ နောက်နေ့မှာတော့ ပျောက်ဆုံးနေသူတွေ အားလုံး အသက်ဆုံးရှုံးခဲ့ပြီလို့ ကမ်းခြေစောင့် တပ်ဖွဲ့က...