Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

အိန္ဒိယ − အာဆီယံ အစည်းအဝေးစစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးကို ဖိတ်ကြားဖွယ်မရှိ

အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးဌာနဟာ အစည်းအဝေးတက်ရောက်ဖို့ နိုင်ငံရေးအရ ကိုယ်စားမပြုသူ စစ်ကောင်စီနိုင်ငံခြားရေးဌာနရဲ့အမြဲတမ်းအတွင်းဝန် ဦးချမ်းအေးကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး
စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး

လာမယ့် ဇွန်လလယ်ပိုင်းမှာ ကျင်းပမယ့် အိန္ဒိယ − အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို အာဏာသိမ်းစစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးကို ဖိတ်ကြားဖွယ်မရှိဘူးလို့ The Hindu သတင်းဌာနက ဖော်ပြပါတယ်။

အာဆီယံဘုံသဘောတူညီချက်တွေကိုအကောင်အထည်ဖော်ဖို့ပျက်ကွက်နေသမျှ အာဆီယံ ထိပ်သီးအစည်းအဝေးတွေမှာ စစ်ကောင်စီကိုဖိတ်ကြားခြင်းမပြုဘူးဆိုတဲ့ အာဆီယံအဖွဲ့ကြီးရဲ့ ဆုံးဖြတ်ချက်အတိုင်း အိန္ဒိယဟာ ကျင့်သုံးဖွယ်ရှိနေတယ်လို့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနအရာရှိကြီးတွေနဲ့ သံတမန်သတင်းရင်းမြစ်တွေ ကို ကိုးကားပြီး သတင်းမှာဖော်ပြထားပါတယ်။

အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးဌာနဟာ အစည်းအဝေးတက်ရောက်ဖို့ နိုင်ငံရေးအရ ကိုယ်စားမပြုသူ စစ်ကောင်စီနိုင်ငံခြားရေးဌာနရဲ့အမြဲတမ်းအတွင်းဝန် ဦးချမ်းအေးကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

ဒါပေမယ့် စစ်ကောင်စီဘက်က တစုံတရာ ပြန်ကြားလာတာမရှိသေးပါဘူး။ စစ်ကောင်စီဟာ အရင်က အာဆီယံထိပ်သီးအစည်းအဝေးတွေမှာ ခေါင်းဆောင်ပိုင်းတွေကို ဖိတ်ကြားတာမရှိရင် ကိုယ်စားလှယ်လွှတ်ပြီးတက်ရောက်လေ့မရှိတာတွေ့ရပါတယ်။

ပြီးခဲ့တဲ့မတ်လအတွင်းကကျင်းပခဲ့တဲ့ ဘင်းမ်စတက်အဖွဲ့ရဲ့အစည်းအဝေးမှာ စစ်ကောင်စီကို ဖိတ်ကြားခဲ့တဲ့အတွက် အစည်းအဝေးကို တက်ရောက်ခဲ့တဲ့အိန္ဒိယဝန်ကြီးချုပ်ဟာဝေဖန်ခံရမှုတွေရှိခဲ့ပါတယ်။

ကိုးကား − The Hindu
Photo Credit: R.V. Moorthy

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ရှေ့တန်းတွင် ရောက်နေသော စနိုက်ပါသမားက စစ်ကြောင်းတစ်ကြောင်းရှိ အဓိကကျသည်ဟု ယူဆရသော အကြမ်းဖက်စစ်သားတစ်ဦးအား ပထမဦးစွာ သုတ်သင်ရှင်းလင်းခဲ့ကြောင်း BLACK WOLF - PDF က ပြောသည်။

သတင်း

ကန့်ဘလူမြို့နယ်၊ ယင်းတိုက်ကျေးရွာဘုန်းကြီးကျောင်းရှိ စစ်ဘေးရှောင်ပြည်သူများကို ဖမ်းဆီးရန် စစ်ကောင်စီအင်အား ၃၀ခန့်က ဆိုင်ကယ် ၁၅စီး၊ ကားနှစ်စီးဖြင့် လာရောက်စဥ် ပြည်သူ့ကာကွယ်ရေးအဖွဲ့များက စောင့်ကြိုတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သတင်း

TNLA အနေဖြင့် စစ်ကောင်စီထုတ်ကုန်ပစ္စည်းများစာရင်းနှင့် ရောင်းချခြင်း မပြုလုပ်ရန်တားမြစ်စာကို မံစံကျေးရွာရှိ ဈေးဆိုင်တိုင်းတွင် ဖြန့်ဝေကပ်ထားပြီးဆိုင်ရှင်များကိုလည်း အသိပေးထားသည့်အပေါ် ဆက်လက်ရောင်းချနေ၍ အဆိုပါ စစ်ကောင်စီထုတ်ကုန်များကို ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။

သတင်း

ဆရာတော်ဦးဆောင်ဖွင့်လှစ်ထားသည့် ရွှေဆံပင်တံတားစခန်းပညာဒါနကျောင်းမှာလည်း မဖွင့်နိုင်သေးဘဲ မီးဘေးစစ်​ဘေး ဒုက္ခသည် ၅၀၀ ကျော် စောင့်ရှောက်ထားသ​ည်ဟု သိရသည်။