Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

၁၂ နာရီအတွင်း ကြည့်ရှုသူ တစ်သန်းပြည့်သွားတဲ့ ‘နိုင်ငံပျောက်သူ’

ကိုးမိနစ်ခန့်သာကြာသော်လည်း ပြောချင်သည့် ရည်ရွယ်ချက်ကို ပြသနိုင်သောကြောင့် ဖန်တီးထားသည့် အနုပညာရှင်များကို ပရိသတ်များက ချီးကျူးထားသည်။

နိုင်ငံပျောက်သူ
နိုင်ငံပျောက်သူ

‘နိုင်ငံပျောက်သူ’ ဇာတ်လမ်းတို ရုပ်ရှင်ကို ၁၂နာရီအတွင်း ကြည့်ရှုသူ တစ်သန်းပြည့်သွားကြောင်း ပဒေသာပင်ချန်နယ်မှ တာဝန်‌ရှိသူတစ်ဦးက ပြောသည်။

ယင်းဇာတ်ကားကို မေလ ၃၀ နံနက် ၈နာရီတွင် စတင်ကြည့်ရှုနိုင်ခဲ့ခြင်းဖြစ်ပြီး ၁၂ နာရီအကြာတွင် တစ်သန်းပြည့်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ပြောသည်။

ယင်းဇာတ်လမ်းတိုရုပ်ရှင်ကို ဒါရိုက်တာ ဏကြီးက ရိုက်ကူးထားခြင်းဖြစ်ပြီး သရုပ်ဆောင်ဒေါင်း နှင့် ပိုင်ဖြိုးသုတို့က ပါဝင်သရုပ်ဆောင်ထားသည်။

ကိုးမိနစ်ခန့်သာကြာသော်လည်း ပြောချင်သည့် ရည်ရွယ်ချက်ကို ပြသနိုင်သောကြောင့် ဖန်တီးထားသည့် အနုပညာရှင်များကို ပရိသတ်များက ချီးကျူးထားသည်။

ယင်းဇာတ်ကားဖန်တီးသူများ နှင့် ကြည့်ရှုပေးသည့် ပရိသတ်များကို ကျေးဇူးတင်ကြောင်း အထက်ပါတာဝန်ရှိသူက ပြောသည်။

“ဒီနေ့တစ်ရက် target ပြည့်အောင် အကုန်ဝင်ကြည့် နောက်ရက်ကျ ပစ်ထားလိုက်တော့ ချန်နယ်တွေလည်း ကြော်ငြာပိတ်ခံရတာတွေရှိတယ်။အဲ့လိုပြဿနာတွေက ရှေ့မှာလည်းဖြစ်ခဲ့ဖူးတယ်ပေါ့နော် ၊ အဲလိုမဖြစ်ရအောင် တော်လှန်ရေးမပြီးမချင်း ကလစ်မယ် ၊ ယူကျူ့ကြည့်မယ် ၊ နေ့စဉ်ပါဝင်နေရမယ်ဆိုတဲ့ စိတ်မျိုးထားပြီး ပါဝင်ပေးကြဖို့ပြောချင်ပါတယ်။” ဟု ပဒေသာပင် ချန်နယ်မှ တာဝန်ရှိသူက မေတ္တာရပ်ခံသည်။

နိုင်ငံပျောက်သူ ဇာတ်လမ်းတို ရုပ်ရှင်မှရရှိလာသည့် ငွေများကို နွေဦးတော်လှန်ရေး၏ လိုအပ်သည့်နေရာများ၌ အသုံးပြုသွားမည်ဟု အနုပညာရှင်များက ပြောကြားထားသည်။

ယင်းဇာတ်လမ်းတိုရုပ်ရှင်ကို ဇွန်လ၂ ရက်တွင် နွေဦးဗီဒီယို Application ၌ တင်ပေးမည်ဖြစ်သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

"ကျွန်တော်တို့ နိုင်ငံကြီး နာရေးဖြစ်နေတယ်ဆိုတာကို အားလုံးမမေ့ထားစေချင်ပါဘူး"ဟု သရုပ်​ဆောင် ဒေါင်းက ပြောသည်။

News

ယင်းဇာတ်ကားတွင် ဒေါင်း နှင့်ပိုင်ဖြိုးသု တို့ကပါဝင်သရုပ်ဆောင်ထားပြီး ကျားပေါက်က ဂီတပိုင်းကို တာဝန်ယူပေးထားသည်။