Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

နဂါးမတောင်အနောက်ဘက်တိုက်ပွဲ စစ်ကောင်စီတပ်သား ၄၀ခန့်ထိခိုက်သေဆုံးကြောင်း မြန်မာ့တော်ဝင်နဂါးတပ်တော်ပြော

လက်ရှိတွင် အကြမ်းဖက်စစ်တပ်က စစ်ကိုင်းတိုင်းရှိ ပုလဲ၊ယင်းမာပင်အပါအဝင် မြို့နယ်အများစုတွင် ဆက်သွယ်ရေးလိုင်းများ ဖြတ်တောက်ပြီး စစ်အင်အားတိုးချဲ့ကာ ထိုးစစ်ဆင်နေသည်။

(မြန်မာ့တော်ဝင်နဂါးတပ်တော်မှ ရဲဘော်များအား တွေ့ရစဥ်)
(မြန်မာ့တော်ဝင်နဂါးတပ်တော်မှ ရဲဘော်များအား တွေ့ရစဥ်)

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် နဂါးမတောင်အနောက်ဘက်တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၄၀ ခန့်ထိခိုက်သေဆုံးကြောင်း မြန်မာ့တော်ဝင်နဂါးတပ်တော်(MRDA)က ထုတ်ပြန်သည်။

တိုက်ပွဲမှာ ယနေ့(မေ ၃၀ ရက်) နံနက် ၃နာရီ ၁၅မိနစ်ခန့်က ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ကို ဗိုလ်နဂါးဦးဆောင်သော မြန်မာ့တော်ဝင်နဂါးတပ်တော်က ကြားဖြတ်ဆိုက်ခိုက်နိုင်ခဲ့သည်ဟု ဆိုသည်။

ထို့အပြင် နံနက် ၈နာရီခွဲခန့်တွင် ဇီးပင်စခန်းအနီး၌ အကြမ်းဖက်စစ်ကောင်စီအဖွဲ့ဝင်အ ချင်းချင်းအချိန်အတန်ကြာ လက်နက်ငယ်နှင့်လက်နက်ကြီးများသုံး၍ အပြန်အလှန်ပစ်ခတ်မှုရှိခဲ့သည်ဟု အသိပေးထားသည်။

စစ်ကောင်စီလမ်းကြောင်းမှ ယာဉ်အစီး ၈၀ခန့်သည် ပုံတောင်ပေါ်ရှိ မိုင်တိုင်အမှတ် (၅) ဝန်းကျင်သို့ ရောက်ရှိလာကြောင်းလည်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

ယနေ့ထိတွေ့မှုများတွင် မြန်မာ့တော်ဝင်နဂါးတပ်တော် (MRDA)မှ နဂါးစစ်သည်တော်များ အားလုံး ဘေးကင်းစွာဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

လက်ရှိတွင် အကြမ်းဖက်စစ်တပ်က စစ်ကိုင်းတိုင်းရှိ ပုလဲ၊ယင်းမာပင်အပါအဝင် မြို့နယ်အများစုတွင် ဆက်သွယ်ရေးလိုင်းများ ဖြတ်တောက်ပြီး စစ်အင်အားတိုးချဲ့ကာ ထိုးစစ်ဆင်နေသည်။

“ပုလဲတစ်ခုတည်းတင် စစ်ကားအစီးရေ ၁၀၀လောက် ဒီရက်ထဲဝင်လာတယ်။အခု မင်းတိုင်ပင် ရွာဘက်မှာ အတိအကျ ဆို ၁၇ စီးရှိတယ်။နဂါးမတောင်နားမှာက မနက်အထိ အစီး ၈၀ကျော် တယ်”ဟု ပုလဲမြို့နယ် စစ်ရေးစောင့်ကြည့်သူက People’s springသို့ ပြောသည်။

ထို့အပြင် ပုလဲ၊ယင်းမာပင်နှင့် မြိုင်မြို့နယ်တို့တွင် အကြမ်းဖက်စစ်ကောင်စီက အင်အား ၁,၀၀၀ ဝန်းကျင်ရှိ စစ်ကြောင်းငါးခုထက်မနည်းဖြင့် ထိုးစစ်ဆင်လာနေသည်ဟု ၎င်းက ဆိုသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

တိုက်ခိုက်ခံရမှုကြောင့် အကြမ်းဖက်စစ်သား လေးဦးခန့် ထိခိုက်သေဆုံးနိုင်ပြီး အဖွဲ့လေးဖွဲ့လုံးမှ ရဲဘော်များအားလုံး ထိခိုက်မှုလုံးဝမရှိခဲ့ကြောင်း ၎င်းအဖွဲ့များက ပြောသည်။

သတင်း

KNDFသည် ကရင်နီလူမျီုးများ၏ ထောက်ခံမှုကို အပြည့်အ၀ရရှိထားပြီး ညီနောင်မဟာမိတ် ၃ဖွဲ့အပါ အဝင် အခြားသော တိုင်းရင်းသားတော်လှန်ရေး လက်နက်ကိုင်အဖွဲ့အစည်းအချို့၏ယုံကြည်မှု အားပေးမှု ပံပိုးကူညီမှုများကို ရရှိထားကြောင်း ညီနောင်သုံးဖွဲ့က ဆိုသည်။

သတင်း

"ကားမောင်းတဲ့ ကားဆရာကိုလည်း စစ်သားတွေက အင်္ကျီဂုတ်ကနေ တရွတ်တိုက်ဆွဲဲပြီး သူတို့နားနေတဲ့ အလုံတင်ဝင်းထွန်းခြံထဲဆွဲခေါ်သွားတယ်လို့သိရပါတယ်။"ဟု မုံရွာ-အမြင့်လမ်းသတင်းမှန်ပြန်ကြားရေးက ပြောသည်။

သတင်း

စစ်ကောင်စီမှတဆင့် လူသားချင်းစာနာမှုအကူအညီပေးမည်ဆိုပါက အမှန်တကယ်လိုအပ်နေသော ပြည်သူများကို အကူအညီပေးရန်ထက် ယင်းအကူအညီများကို စစ်ကောင်စီက လက် နက်သဖွယ်အသုံးပြုရန်ဖြစ်လာမည်ဟု NUG ၊ KNPP ၊ KNU နှင့် CNF တို့က ပူးတွဲထုတ်ပြန်သည်။