Connect with us
close

Hi, what are you looking for?

LuduNwayOo

ဗီဒီယို

ရှေ့တန်း စစ်မြေပြင် ဖြစ်နေတဲ့ ခါကစ်ဗ်မြို့ထိ သွားရောက်ခဲ့တဲ့ ယူကရိန်း သမ္မတ

ရုရှားနဲ့ စစ်ပွဲ စတင်ချိန် ကတည်းက ကိယက်ဗ် မြို့တော်ကနေ စစ်ရေး အခြေအနေတွေကို ကွပ်ကဲနေခဲ့တဲ့ သမ္မတဟာ ၃ လလောက် အကြာမှာ ခါကစ်ဗ်မြို့၊ ရှေ့တန်းနေရာထိ ပထမဆုံးအကြိမ် ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။ ခါကစ်ဗ်မှာ ယူကရိန်း ကာကွယ်ရေး တပ်ဖွဲ့တွေက ရုရှား ကျူးကျော်သူတွေကို တွန်းလှန်နိုင်ခဲ့ပြီ ဖြစ်ပေမယ့် မြို့တစ်ခုလုံးနီးပါး ပျက်စီးပြီး ကျန်နေခဲ့ပါတယ်။

စစ်မြေပြင် ဖြစ်ခဲ့ရာ ခါကစ်ဗ်မြို့ရဲ့ ရှေ့တန်း စစ်မျက်နှာကို ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးကိုယ်တိုင် သွားရောက် စစ်ဆေးခဲ့ပါတယ်။

ရုရှားနဲ့ စစ်ပွဲ စတင်ချိန် ကတည်းက ကိယက်ဗ် မြို့တော်ကနေ စစ်ရေး အခြေအနေတွေကို ကွပ်ကဲနေခဲ့တဲ့ သမ္မတဟာ ၃ လလောက် အကြာမှာ ခါကစ်ဗ်မြို့၊ ရှေ့တန်းနေရာထိ ပထမဆုံးအကြိမ် ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။ ခါကစ်ဗ်မှာ ယူကရိန်း ကာကွယ်ရေး တပ်ဖွဲ့တွေက ရုရှား ကျူးကျော်သူတွေကို တွန်းလှန်နိုင်ခဲ့ပြီ ဖြစ်ပေမယ့် မြို့တစ်ခုလုံးနီးပါး ပျက်စီးပြီး ကျန်နေခဲ့ပါတယ်။

ကျည်ကာ အင်္ကျီ ဝတ်ဆင်ပြီး စစ်သားတွေ ခြံရံထားတဲ့ ဇီလန်စကီးရဲ့ ဓာတ်ပုံတွေကို ယူကရိန်း သမ္မတရုံးက ထုတ်ပြန်ခဲ့ပါတယ်။ စစ်ဒဏ် ခံထားရတဲ့ အဆောက်အအုံပျက်တွေကြားမှာ သွားလာ စစ်ဆေးရင်း ဇီလန်စကီးက ရှေ့တန်းရောက် စစ်သားတွေကို သူတို့ အားထုတ်ခဲ့သမျှအတွက် ကျေးဇူးတင်ကြောင်း တလေးတစား ပြောဆိုသွားခဲ့ပါတယ်။

နောက်တော့ ခါကစ်ဗ် လုံခြုံရေးဌာန အကြီးအကဲကို ဇီလန်စကီးက မြို့အတွက် ထိရောက်လုံခြုံတဲ့ အကာအကွယ်မျိုး မပေးခဲ့တဲ့အတွက် အရေးယူပြီး ထုတ်ပယ်ပစ်ခဲ့ပါတယ်။ ရုရှားတပ်တွေဟာ ယူကရိန်းရဲ့ ဒုတိယ အကြီးဆုံး မြို့ဖြစ်တဲ့ ခါကစ်ဗ်ကို ထိုးစစ်ဆင်မှု မအောင်မြင်လို့ ပြန်ဆုတ်ခွာသွားပေမယ့် လက်နက်ကြီးတွေနဲ့တော့ လှမ်းပစ်ခတ်နေဆဲပါ။ ခါကစ်ဗ်ဟာ စစ်ပွဲစတင်တဲ့ ဖေဖော်ဝါရီ လကတည်းက ရုရှား လက်နက်ကြီးဒဏ်ကို ကြံ့ကြံ့ခံနေခဲ့ရတာ ဖြစ်ပါတယ်။

ဇီလန်စကီး လှည့်လည် စစ်ဆေးနေတဲ့ အချိန်မှာတင် မြို့အနှံ့မှာ ပေါက်ကွဲသံ တချို့ကို ကြားနေရပါတယ်။ ဇီလန်စကီးက သူ့ရဲ့ ခရီးစဉ် ဗီဒီယို ဖြတ်ပိုင်းတစ်ခုကို Telegramမှာ တင်ထားခဲ့ပြီး ခါကစ်ဗ်က အဆောက်အအုံပေါင်း ၂၂၂၉ ခု ပျက်စီးထားကြောင်း၊ ယူကရိန်း ပြည်သူတွေဟာ ခါကစ်ဗ်ကို ပြန်လည် ထူထောင်ပြီး မြို့ပျက်ကြီး အဖြစ်ကနေ ပြန်လည် အသက်ဝင် နိုးကြားလာစေမယ်လို့ ရေးသားထားပါတယ်။

စစ်ပွဲကာလအတွင်း ကိယက်ဗ်ကနေ ပထမဆုံးအကြိမ် တရားဝင် ထွက်ခွာလာတဲ့ ခရီးစဉ်မှာ ခါကစ်ဗ်ဒေသ လုံခြုံရေးဌာန အကြီးအကဲ ရိုမန် ဒူဒင်ကို ထုတ်ပယ်လိုက်ကြောင်းကိုလည်း ဇီလန်စကီးက အတည်ပြုခဲ့ပါတယ်။ ဒူဒင်ဟာ စစ်ပွဲကြီး ပထမဆုံး စတင်လာတဲ့ နေ့ကတည်းက မြို့ကို ကာကွယ်ဖို့ထက် ကိုယ်ကျိုးကို ငဲ့ကွက်ဖို့ပဲ အားထုတ်ခဲ့ကြောင်း၊ အသေးစိတ် ကိစ္စတွေကိုတော့ တရားဥပဒေ စိုးမိုးရေး အရာရှိတွေက ဆက်လက် ကိုင်တွယ် အရေးယူ ဆောင်ရွက်သွားမှာဖြစ်ကြောင်း ဇီလန်စကီးက ဆိုပါတယ်။

ခါကစ်ဗ်က ယူကရိန်း ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေဟာ ရုရှားတပ်တွေကို ခုခံရုံတင် မကဘဲ နှစ်နိုင်ငံ နယ်စပ်နား ပြန်ရောက်တဲ့ထိ တွန်းလှန်နိုင်ခဲ့ပါတယ်။ ဇီလန်စကီးရဲ့ ခါကစ်ဗ် ခရီးစဉ်ဟာ တပ်ဖွဲ့ဝင်တွေအတွက် စိတ်ဓာတ် မြှင့်တင်နိုင်ရုံတင် မကဘဲ ရုရှား တပ်တွေကိုလည်း စိတ်ဓာတ် စစ်ဆင်ရေးတစ်ရပ် ဆင်နွှဲလိုက်တာ ဖြစ်နိုင်ကြောင်း လေ့လာသူတွေက သုံးသပ်ခဲ့ကြပါတယ်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

ဗီဒီယို

အမေရိကန်က ပေးပို့မယ့်ထဲမှာ ယူကရိန်းရဲ့ ကမ်းရိုးတန်း ဒေသတွေကို ကာကွယ်ဖို့အတွက် Harpoon အမျိုးအစား ဒုံးကျည် စနစ်တွေလည်း ပါဝင်လိမ့်မယ်လို့ အမေရိကန် ပင်တဂွန် စစ်ဌာနချုပ်ရဲ့ အကြီးအကဲလည်း ဖြစ်တဲ့ အော်စတင်က ဆိုပါတယ်။

News

သမ္မတ ဘိုင်ဒင်ဟာ အာရှခရီးစဉ်ရဲ့ ပထမဆုံးအဖြစ် တောင်ကိုရီးယား သမ္မတ ယွန်းဆတ်ရိုးနဲ့ တွေ့ဆုံခဲ့ပါတယ်။ အဲဒီနောက် ဂျပန်နိုင်ငံကိုသွားရောက်ကာ ဂျပန်ဝန်ကြီးချုပ်ကီရှီဒါနဲ့ ဆက်လက်တွေ့ဆုံခဲ့ပါသေးတယ်။

News

ဂျပန်ခရီးစဉ်မတိုင်ခင် တောင်ကိုရီးယားနိုင်ငံ သမ္မတနဲ့တွေ့ဆုံစဉ်မှာလည်း ပူးတွဲကြေညာချက်မှာ မြန်မာ့အရေးကို ထည့်သွင်းကြေညာခဲ့ပါတယ်။

News

သမ္မတ ဂျိုးဘိုင်ဒန် ရောက်ရှိလာချိန်မတိုင်မီ တိုကျိုမြို့ အမေရိကန် သံရုံးအနီးတဝိုက်၌ ဂျပန်ရောက် ဒီမိုကရေစီအရေးလိုလားသူ မြန်မာများစုပေါင်း၍ ဆန္ဒထုတ်ဖော်ခဲ့ကြခြင်း ဖြစ်သည်။