Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ညောင်ဦး – မြင်းခြံလမ်းပိုင်းတွင် မိုင်းတွေ့၍ဆင်းဖြုတ်သည့် စစ်ကောင်စီယာဥ် မိုင်းပေါက်ကွဲ၍ လေးဦးသေ

အဆိုပါစစ်ဆင်ရေးအား မြင်းခြံခရိုင်တပ်ရင်းအမှတ်(၃) (မြေလတ်-PDF MGN District ၊ Seven People Defense Force ၊TTA – ပြောက်ကျားတပ်ဖွဲ့) ၊ 27 Revolution Force ၊ Natogyi Regional PDF၊ The Value of Young Menအဖွဲ့တို့ ပူပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းတို့က အသိပေးသည်။

(ညောင်ဦးမြို့နယ်၊ ပုဂံမြို့ အဝင်တစ်နေရာအား တွေ့ရစဥ်။ ဓာတ်ပုံ - Cj)
(ညောင်ဦးမြို့နယ်၊ ပုဂံမြို့ အဝင်တစ်နေရာအား တွေ့ရစဥ်။ ဓာတ်ပုံ - Cj)

မန္တလေးတိုင်း၊ ညောင်ဦး – မြင်းခြံလမ်းပိုင်းတွင် မိုင်းတွေ့၍ ဆင်းဖြုတ်သည့် အကြမ်းဖက်စစ်ကောင်စီယာဥ် မိုင်းပေါက်ကွဲ၍ အကြမ်းဖက်စစ်သား လေးဦးသေဆုံးကြောင်း Seven People Defense Forceက သတင်းထုတ်ပြန်သည်။

ယနေ့ (မေလ ၃၁ ရက်) နံနက်၉နာရီ မိနစ် ၂၀ဝန်းကျင်တွင်​ ညောင်ဦး – မြင်းခြံလမ်း ၊ ကုန်းပုထိုးလမ်းခွဲအနီး၌ အကြမ်းဖက်စစ်ကောင်စီတပ်အား မိုင်းခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီတပ်သည် အဆိုပါလမ်းပေါ်၌ ဒေသတွင်းအဖွဲ့များ တပ်ဆင်ထားသော မိုင်းအား ရှာတွေ့၍ ကားပေါ်မှဆင်းဖြုတ်ရာ မိုင်းပေါက်ကွဲသွားခြင်းဖြစ်ကြောင်း၊ မိုင်းပေါက်ကွဲမှုကြောင့် အကြမ်းဖက်စစ်သား လေးဦးသေဆုံးပြီး ထပ်တိုးအခြေအနေ စုံစမ်းနေဆဲဖြစ်ကြောင်း Seven People Defense Forceက ပြောသည်။

“သီးကုံးကျေးရွာနားမှာ ဟိုက်ဂျက်ကားတစ်စီးနဲ့ နောက်ထပ်စစ်ကားတစ်စီး မိုင်းဆွဲခံရတယ်လို့ပြောတယ်။”ဟု နယ်ခံတစ်ဦးက ပြောသည်။

အဆိုပါစစ်ဆင်ရေးအား မြင်းခြံခရိုင်တပ်ရင်းအမှတ်(၃) (မြေလတ်-PDF MGN District ၊ Seven People Defense Force ၊TTA – ပြောက်ကျားတပ်ဖွဲ့) ၊ 27 Revolution Force ၊ Natogyi Regional PDF၊ The Value of Young Menအဖွဲ့တို့ ပူပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းတို့က အသိပေးသည်။

ပြီးခဲ့သည့် မေလ ၂၀ ရက်ကလည်း ညောင်ဦးမြို့နယ်၊ အောက်ညဉ့်ရွာတွင် ပျူစောထီးများ သွေးသောက်အဖွဲ့ ဖွဲ့စည်းရန်အစည်းအဝေးလုပ်နေစဥ် ဒေသတွင်းအဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ပျူသုံးဦးထက်မနည်း သေဆုံးခဲ့သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ကိုဗစ်ကြောင့်လူစည်ကားရာနေရာတွေဖြစ်တဲ့ ဈေးတွေကို ယာယီပိတ်ထားခဲ့ရတာဖြစ်ပေမယ့် စစ်တပ်အာဏာသိမ်းပြီးနောက် ပုံမှန်အတိုင်းလည်ပတ်နေတာကိုပြသချင်တဲ့အတွက် ဈေးတွေကို ပြန်ဖွင့်ဖို့ ဖိအားပေးခဲ့တာပါ။

သတင်း

ရဲဘော်ရဲထက် အသက်ပေးလှူ ကူညီကာကယ်တင်ပေးခဲ့သည့် ပိတ်ဆို့ခံ ရဲဘော်နှစ်ဦးသည် လွတ်မြောက်နယ်မြေ တစ်နေရာတွင် ဆေးကုသမှုခံယူကာ ကျန်းမာရေးအခြေ အနေ တိုးတက်ကောင်းမွန်လျက်ရှိကြောင်း အသိပေးထားသည်။

သတင်း

ကနီမြို့နယ်အပါအဝင်စစ်ကိုင်းတိုင်းရှိ မြို့နယ် များ၌ အကြမ်းဖက်စစ်တပ်က ဆက်သွယ်ရေး လိုင်းများပိတ်ပင်ပြီးနောက် သာလွန်အင်အား များဖြင့် စစ်ကြောင်းထိုးနေသည်။

သတင်း

စာသင်ကျောင်းအချို့အနီးတွေ့ရှ်ိသည့် လက်လုပ်မိုင်းများကို စစ်ကောင်စီကလာရောက်ရှင်းလင်းသွားခဲ့ပြီး ပြည်သူများနှင့် ကာကွယ်ရေးရဲဘော်များကြားသွေးခွဲရန် စစ်ကောင်စီကဇာတ်လမ်းထွင်ခြင်းဟု ဒေသခံတစ်ဦးက သုံးသပ်သည်။