Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကျောက်ပန်းတောင်းတွင် PDF ရဲဘော်နှစ်ဦးကို ဝိုင်းဝန်းပိတ်ဆို့သည့် စစ်ကောင်စီတပ်အရာခံဗိုလ်အပါအဝင် ​လေးဦးသေ

ရဲဘော်ရဲထက် အသက်ပေးလှူ ကူညီကာကယ်တင်ပေးခဲ့သည့် ပိတ်ဆို့ခံ ရဲဘော်နှစ်ဦးသည် လွတ်မြောက်နယ်မြေ တစ်နေရာတွင် ဆေးကုသမှုခံယူကာ ကျန်းမာရေးအခြေ အနေ တိုးတက်ကောင်းမွန်လျက်ရှိကြောင်း အသိပေးထားသည်။

ကျောက်ပန်းတောင်း
ကျောက်ပန်းတောင်း

▪️ပိတ်ဆို့ခံရသည့် ရဲဘော်နှစ်ဦးကို သွားကယ်သည့် PDF ရဲဘော်များအနက်တစ်ဦးကျဆုံး

မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့နယ်တွင် မေလ ၂၆ရက်က ဒေသခံပြည်သူ့ကာကွယ်ရေးတပ်(PDF) တပ်ဖွဲ့ဝင် နှစ်ဦးကို စစ်ကောင်စီတပ်က အင်အားအလုံး အရင်းဖြင့် နှစ်ဖက်ညှပ်၍ တိုက်ခိုက်ရာ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပြီး စစ်ကောင်စီတပ်မှ အင်ဂျင်နီယာ အရာခံဗိုလ် တစ်ဦးသေဆုံးခဲ့ကာ နှစ်ဦးဒဏ်ရာရခဲ့သည်ဟု ကျောက်ပန်းတောင်း PDFက သတင်းထုတ်ပြန် သည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း PDF ရဲဘော် နှစ်ဦးအနက်မှ တစ်ဦးမှာ သေနတ်ဒဏ်ရာ ၂ချက်ရရှိခဲ့၍ အနီးပတ်ဝန်းကျင်တောတွင်း၌ ပုန်းခိုနေခဲ့ရကြောင်း၊ ပုန်းခိုနေသည့် တပ်ဖွဲ့ဝင်များအား စစ်ကောင်စီတပ်က ဝိုင်းဝန်းပိတ်ဆို့ ရှာဖွေခဲ့ရာ PDF ရဲဘော်​လေးဦးသည် စစ်ကောင်စီတပ်စွဲရာ ပြည်သာယာရွာအနီး သွားရောက်၍ တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြထားသည်။

ကျောက်ပန်းတောင်း PDFက သတင်းထုတ်ပြန်
ကျောက်ပန်းတောင်း PDFက သတင်းထုတ်ပြန်

အင်အား ၂၀ခန့်ရှိသည့် စစ်ကောင်စီတပ်ကို မောင်းပြန် ရိုင်ဖယ်တစ်လက် ၊ လက်ပစ်ဗုံး ၂လုံးတို့ဖြင့် ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သုံးဦးသေဆုံးခဲ့ပြီး ​လေးဦး ဒဏ်ရာရရှိသကဲ့သို့ သွားရောက်ကယ်ဆယ်သည့် အသက် ၁၉နှစ်အရွယ် ရဲဘော် ရဲထက် ရင်ဘက်ကျည်ထိမှန် ဒဏ်ရာဖြင့် ကျဆုံးခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

အဆိုပါ ရဲဘော်သည် ကျောက်ဆည်မြို့နယ်တွင် နေထိုင်သူ ဖြစ်ပြီး ကျဆုံးရဲဘော် ရဲထက်အား တောတွင်း တစ်နေရာ၌ မြေမြှုပ်သင်္ဂြိုလ်ခဲ့ကြောင်း၊ ကျဆုံးရဲဘော်အား ကျောင်းပန်းတောင်း မြို့နယ်တော်လှန်ရေးအင်အားစု အားလုံးက အာဇာနည်တစ်ဦးအဖြစ် ဂုဏ်ပြုအလေးပြုကြောင်း ဖော်ပြထားသည်။

ရဲဘော်ရဲထက် အသက်ပေးလှူ ကူညီကာကယ်တင်ပေးခဲ့သည့် ပိတ်ဆို့ခံ ရဲဘော်နှစ်ဦးသည် လွတ်မြောက်နယ်မြေ တစ်နေရာတွင် ဆေးကုသမှုခံယူကာ ကျန်းမာရေးအခြေ အနေ တိုးတက်ကောင်းမွန်လျက်ရှိကြောင်း အသိပေးထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ကိုဗစ်ကြောင့်လူစည်ကားရာနေရာတွေဖြစ်တဲ့ ဈေးတွေကို ယာယီပိတ်ထားခဲ့ရတာဖြစ်ပေမယ့် စစ်တပ်အာဏာသိမ်းပြီးနောက် ပုံမှန်အတိုင်းလည်ပတ်နေတာကိုပြသချင်တဲ့အတွက် ဈေးတွေကို ပြန်ဖွင့်ဖို့ ဖိအားပေးခဲ့တာပါ။

သတင်း

ကနီမြို့နယ်အပါအဝင်စစ်ကိုင်းတိုင်းရှိ မြို့နယ် များ၌ အကြမ်းဖက်စစ်တပ်က ဆက်သွယ်ရေး လိုင်းများပိတ်ပင်ပြီးနောက် သာလွန်အင်အား များဖြင့် စစ်ကြောင်းထိုးနေသည်။

သတင်း

စာသင်ကျောင်းအချို့အနီးတွေ့ရှ်ိသည့် လက်လုပ်မိုင်းများကို စစ်ကောင်စီကလာရောက်ရှင်းလင်းသွားခဲ့ပြီး ပြည်သူများနှင့် ကာကွယ်ရေးရဲဘော်များကြားသွေးခွဲရန် စစ်ကောင်စီကဇာတ်လမ်းထွင်ခြင်းဟု ဒေသခံတစ်ဦးက သုံးသပ်သည်။

သတင်း

"အင်္ဂလိပ်ခေတ် ဂျပန်ခေတ်တွေ မကြုံဘူးပေမယ့် စာတွေထဲပဲ ဖတ်ရတယ်။ ဒီကောင်တွေက အင်္ဂလိပ်တွေ ဂျပန်ဖက်ဆစ်တွေထက် ယုတ်မာတယ်"ဟု ဒီပဲယင်းညီနောင်များအဖွဲ့မှ တော် လှန်ရေးရဲဘော်တစ်ဦးကမှတ်ချက်ပေးသည်။