Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ပင်းတယတွင် စာသင်ကျောင်းအချို့အနီး လက်လုပ်မိုင်း မကြာခဏတွေ့နေသည့်ဖြစ်ရပ် စစ်ကောင်စီက PDFများအား ပုံဖျက်ရန်နှင့် ပြည်သူနှင့်သွေးခွဲရန်လုပ်ဆောင်ခြင်းဟု သုံးသပ်

စာသင်ကျောင်းအချို့အနီးတွေ့ရှ်ိသည့် လက်လုပ်မိုင်းများကို စစ်ကောင်စီကလာရောက်ရှင်းလင်းသွားခဲ့ပြီး ပြည်သူများနှင့် ကာကွယ်ရေးရဲဘော်များကြားသွေးခွဲရန် စစ်ကောင်စီကဇာတ်လမ်းထွင်ခြင်းဟု ဒေသခံတစ်ဦးက သုံးသပ်သည်။

ပင်းတယ
ပင်းတယ

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့တွင် စာသင်ကျောင်းအချို့အနီး လက်လုပ်မိုင်းအချို့မကြာခဏတွေ့နေရပြီး ယင်းလုပ်ရပ်သည် စစ်ကောင်စီက ပြည်သူ့ကာကွယ်ရေးအဖွဲ့များအား ပုံဖျက်ရန်နှင့် ပြည်သူနှင့်သွေးခွဲရန် လုပ်ဆောင်ခြင်းဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးရဲဘော်များကပြောသည်။

ယနေ့(မေလ ၃၁ရက်) နံနက်ပိုင်းက ပင်းတယမြို့၊ မိုင်းအင်ကျေးရွာ စာသင်ကျောင်းရှေ့တွင်မပေါက်ကွဲသေးတဲ့ လက်လုပ်မိုင်းတစ်လုံးတွေ့ရှိခဲ့သည်။ ပြီးခဲ့သည့် ရက်အနည်းငယ်ကလည်း ပင်းတယမြို့နောင်ရဲ ကျေးရွာစာသင်ကျောင်းတွင် လက်လုပ်မိုင်းတစ်လုံး တွေ့ရှ်ိခဲ့သည်။

ယင်းဖြစ်ရပ်များသည် ပင်းတယမြို့အ​ခြေစိုက်မြို့ပြပျောက်ကျားတပ်ဖွဲ့များရော ပြည်သူ့ကာကွယ်ရေးအဖွဲ့များနှင့်ပါ လုံးဝသက်ဆိုင်ခြင်းမရှိသလို ပြည်သူလူထုထိခိုက်စေမည့်အလုပ်မျိုး မည်သည့်အခါမျှမလုပ်ဆောင်ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။

Public Service Announcement

“ဒီလိုအလုပ်ကို ပြည်သူ့ရဲဘော်တွေ လုံးဝမလုပ်ဘူး။ စစ်ကောင်စီ သောက်ကျင့်ယုတ်ပြီး လုပ်တာ”ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။

စာသင်ကျောင်းအချို့အနီးတွေ့ရှ်ိသည့် လက်လုပ်မိုင်းများကို စစ်ကောင်စီကလာရောက်ရှင်းလင်းသွားခဲ့ပြီး ပြည်သူများနှင့် ကာကွယ်ရေးရဲဘော်များကြားသွေးခွဲရန် စစ်ကောင်စီကဇာတ်လမ်းထွင်ခြင်းဟု ဒေသခံတစ်ဦးက သုံးသပ်သည်။

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်သော ပင်းတယနှင့်ရွာငံမြို့တွင် စစ်အာဏာရှင်ဆန့်ကျင်တိုက်ခိုက်ရေး အားကောင်းလာပြီးနောက် စစ်ကောင်စီက ပြည်သူ့စစ်များဖွဲ့စည်းခြင်း၊ ပျူစောထီးများ မွေးမြူခြင်းနှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့များနှင့် ပြည်သူများကြားသွေးခွဲရန် နည်းမျိုးစုံကြိုးစားလာသည်ဟု ဓနုတိုင်းရင်းသားတစ်ဦးက ပြောသည်။

“ဒေသတွင်းမြို့ပြပျောက်ကျားတပ်ဖွဲ့တွေအနေနဲ့ကတော့ အပြစ်မဲ့ပြည်သူတွေ၊ ကျောင်းသူ ကျောင်းသားကလေးငယ်တွေကို ထိခိုက်အောင်ဘယ်တော့မှ လုပ်မှာမဟုတ်တဲ့အကြောင်းကို အခိုင်အမာ ပြောဆိုထားပါတယ်”ဟု စစ်အာဏာရှင်တော်လှန်ရေး ဒေသတွင်း လူထုမီဒီယာတစ်ခုဖြစ်သော Voice of Pindayaက ထုတ်ပြန်ထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ကိုဗစ်ကြောင့်လူစည်ကားရာနေရာတွေဖြစ်တဲ့ ဈေးတွေကို ယာယီပိတ်ထားခဲ့ရတာဖြစ်ပေမယ့် စစ်တပ်အာဏာသိမ်းပြီးနောက် ပုံမှန်အတိုင်းလည်ပတ်နေတာကိုပြသချင်တဲ့အတွက် ဈေးတွေကို ပြန်ဖွင့်ဖို့ ဖိအားပေးခဲ့တာပါ။

သတင်း

ရဲဘော်ရဲထက် အသက်ပေးလှူ ကူညီကာကယ်တင်ပေးခဲ့သည့် ပိတ်ဆို့ခံ ရဲဘော်နှစ်ဦးသည် လွတ်မြောက်နယ်မြေ တစ်နေရာတွင် ဆေးကုသမှုခံယူကာ ကျန်းမာရေးအခြေ အနေ တိုးတက်ကောင်းမွန်လျက်ရှိကြောင်း အသိပေးထားသည်။

သတင်း

ကနီမြို့နယ်အပါအဝင်စစ်ကိုင်းတိုင်းရှိ မြို့နယ် များ၌ အကြမ်းဖက်စစ်တပ်က ဆက်သွယ်ရေး လိုင်းများပိတ်ပင်ပြီးနောက် သာလွန်အင်အား များဖြင့် စစ်ကြောင်းထိုးနေသည်။

သတင်း

"အင်္ဂလိပ်ခေတ် ဂျပန်ခေတ်တွေ မကြုံဘူးပေမယ့် စာတွေထဲပဲ ဖတ်ရတယ်။ ဒီကောင်တွေက အင်္ဂလိပ်တွေ ဂျပန်ဖက်ဆစ်တွေထက် ယုတ်မာတယ်"ဟု ဒီပဲယင်းညီနောင်များအဖွဲ့မှ တော် လှန်ရေးရဲဘော်တစ်ဦးကမှတ်ချက်ပေးသည်။