Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ပဲခူးရိုးမတိုက်ပွဲ စစ်ကောင်စီတပ် လေးဦးသေ

Eagle Guerrilla Force ဘက်မှ ရဲဘောတစ်ဦးဒဏ်ရာရရှိခဲ့ပြီး တစ်ဦး ဖမ်းဆီးခံရသည်ဟု ယင်းအဖွဲ့က ဆိုသည်။

Eagle Guerrilla Force
Eagle Guerrilla Force

Eagle Guerrilla Forceအဖွဲ့မှ ရဲဘော်တစ်ဦး အဖမ်းခံရပြီး တစ်ဦး ဒဏ်ရာရ

ပဲခူးရိုးမတွင် Eagle Guerrilla Force အဖွဲ့နှင့် အကြမ်းဖက်စစ်ကောင်စီတပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ခဲ့ရာ စစ်ကောင်စီဘက်မှ လေးဦးသေဆုံးကြောင်း ယင်းအဖွဲ့က သတင်းထုတ်ပြန်သည်။

မေလ ၃၀ နံနက် ၁၀နာရီခွဲခန့်တွင် ပဲခူးခရိုင်တပ်ရင်းအမှတ် (၃၇၀၁) တပ်ခွဲ – ၁ ဖြစ်သည့် Eagle Guerrilla Force အဖွဲ့သည် စခန်းသစ်အတွက် နေရာရှာဖွေရန်တစ်ဖွဲ့နှင့် ကင်းတာဝန်တစ်ဖွဲ့ထွက်ခွာချိန် လမ်းကြောင်းဖြင့် ကြားမှဖြတ်ဝင်လာသည့် အင်အား ၃၀ခန့်ပါ အကြမ်းဖက်စစ်ကောင်စီအဖွဲ့နှင့် ထိတွေ့တိုက်ပွဲဖြစ်ခဲ့ခြင်း ဖြစ်သည်။

“ထိတွေ့တိုက်ပွဲကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်သား လေးဦးကျဆုံးကာ ၁၀ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ “ဟု Eagle Guerrilla Force အဖွဲ့က အသိပေးထားသည်။

Eagle Guerrilla Force ဘက်မှ ရဲဘောတစ်ဦးဒဏ်ရာရရှိခဲ့ပြီး တစ်ဦး ဖမ်းဆီးခံရသည်ဟု ယင်းအဖွဲ့က ဆိုသည်။

“ရိုးမမှထွက်ခွာပြီး အဖမ်းခံရသော ရဲဘော်တစ်ဦးမှအပ ကျန်ရဲဘော်အားလုံး မိခင်တပ်ရင်းသို့ ဘေးကင်းစွာရောက်ရှိခဲ့သည်”ဟု Eagle Guerrilla Force အဖွဲ့က ထုတ်ပြန်ထားသည်။

အကြောင်းအမျိုး‌မျိုးကြောင့် ရိုးမကို စွန့်ခွာခဲ့ရသော်လည်း ရောက်သည့်နေရာမှ စစ်ကောင်စီကို ဆက်လက်တော်လှန်မည်ဟု ယင်းအဖွဲ့က ကြေညာထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

အိမ်ခြေမဲ့သွားသည့် ပြည်သူ့ကာကွယ်ရေးရဲဘော် ၃၆ဦး၏ မိသားစုဝင်များအတွက် မိသားတစ်စုလျှင် ကျပ်ငါးသောင်းစီထောက်ပံ့လှူဒါန်းလို၍ ပြည်သူများ ဝိုင်းဝန်းကူညီပေးကြပါရန် အထက်ပါ ပြည်သူ့ရဲဘော်က မေတ္တာရပ်ခံထားသည်။

သတင်း

စစ်ကောင်စီတပ်သည် မေလ ၂၅ရက်တွင် အထက်ကင်းရွာကို မီးရှို့ခဲ့ရာ နေအိမ် ၁၃၀လုံး၊ မေလ ၂၇ရက်တွင် ကင်းရွာနှင့် ကဲဒေါင်ရွာကို မီးရှို့ခဲ့ရာ ကင်းရွာမှ နေအိမ် ၂၁၀လုံး၊ ကဲဒေါင်ရွာမှ နေအိမ် ၂၀၁လုံး မီးလောင်ပျက်စီးခဲ့သည်ဟု ဆိုသည်။

သတင်း

သေဆုံးသွားသူမှာ သီဟဆိုသူဖြစ်ပြီး ၎င်းသည် ပဲခူးမြို့ဇာတိဖြစ်ကာ စစ်ကောင်စီလက်အောက် တွင် ဒုရဲမှူးရာထူးဖြင့် ပြင်ဦးလွင်မြို့၌ တာဝန်ကျနေသူဖြစ်သည်။

သတင်း

ဒဏ်ရာအပြင်းအထန်ရရှိသွားခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ဟာလည်း သေဆုံးသွားခဲ့တယ်လို့ ကစယ့်သူးတပ်ရင်းက ဆိုပါတယ်။