Connect with us
close

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

အမျိုးသမီး အရေအတွက် စံချိန်တင် ပါဝင်တဲ့ အစိုးရအဖွဲ့ကို ဩစတြေးလျ ဝန်ကြီးချုပ်အသစ် ကြေညာ

သူ့ရဲ့ အစိုးရ အဖွဲ့သစ်ဟာ စိတ်လှုပ်ရှားစရာ အင်အားစု တစ်ခုဖြစ်ကြောင်း၊ သူဟာ အမှန်တကယ် အရည်အချင်း ပြည့်ဝပြီး လုပ်ငန်းတာဝန်ကို မမှိတ်မသုန် ထမ်းဆောင်မယ်လို့ ယုံကြည်ယူဆတဲ့ သူတွေကို ဝန်ကြီးနဲ့ ဒုတိယ ဝန်ကြီး ရာထူးတွေမှာ ခန့်အပ်ခဲ့တာဖြစ်ကြောင်း အယ်လ်ဘန်နိစ်က ဆိုပါတယ်။

အမျိုးသမီး အရေအတွက် စံချိန်တင် ပါဝင်တဲ့ အစိုးရအဖွဲ့
အမျိုးသမီး အရေအတွက် စံချိန်တင် ပါဝင်တဲ့ အစိုးရအဖွဲ့

ဩစတြေးလျ ဝန်ကြီးချုပ်သစ် အန်သိုနီ အယ်လ်ဘန်နိစ်ဟာ နိုင်ငံ သမိုင်းတလျှောက် အမျိုးသမီး အရေအတွက် အများဆုံး ပါဝင်တဲ့ အစိုးရ အဖွဲ့သစ်ကို ကြေညာခဲ့ပါတယ်။

အယ်လ်ဘန်နိစ်ရဲ့ အစိုးရ အဖွဲ့ထဲမှာ အမျိုးသမီး ဝန်ကြီးနဲ့ ဒုတိယ ဝန်ကြီး ၁၀ ဦးထိ ပါဝင်လာပြီး အရေးပါတဲ့ ရာထူး နေရာတချို့မှာပါ အမျိုးသမီးတွေကို ခန့်အပ်ထားတာ တွေ့ရပါတယ်။ နိုင်ငံခြားရေး ဝန်ကြီးအဖြစ် ပန်နီဝေါင်၊ ပြည်ထဲရေးနဲ့ ဆိုက်ဘာ လုံခြုံရေး ဝန်ကြီးအဖြစ် ကလယ်ရာ အိုနေးလ်၊ ဘဏ္ဍာရေး ဝန်ကြီးအဖြစ် ကေတီ ဂါလက်ချာတို့လို အမျိုးသမီးတွေကို ဝန်ကြီးချုပ်က ရွေးချယ်ထားခဲ့ပါတယ်။

သူ့ရဲ့ အစိုးရ အဖွဲ့သစ်ဟာ စိတ်လှုပ်ရှားစရာ အင်အားစု တစ်ခုဖြစ်ကြောင်း၊ သူဟာ အမှန်တကယ် အရည်အချင်း ပြည့်ဝပြီး လုပ်ငန်းတာဝန်ကို မမှိတ်မသုန် ထမ်းဆောင်မယ်လို့ ယုံကြည်ယူဆတဲ့ သူတွေကို ဝန်ကြီးနဲ့ ဒုတိယ ဝန်ကြီး ရာထူးတွေမှာ ခန့်အပ်ခဲ့တာဖြစ်ကြောင်း အယ်လ်ဘန်နိစ်က ဆိုပါတယ်။

အရင် ဝန်ကြီးချုပ်ဟောင်း စကော့ မော်ရစ်ဆင် လက်ထက်က ဩစတြေးလျ အစိုးရ အဖွဲ့ထဲမှာ အမျိုးသမီး ၇ ဦးထိ ပါဝင်ခဲ့ဖူးပေမယ့် အခုတော့ အယ်လ်ဘန်နိစ်ရဲ့ အစိုးရ အဖွဲ့က စံချိန် ထပ်ချိုးလိုက်တဲ့ သဘောပါ။ မော်ရစ်ဆင်ဟာ အစိုးရထဲမှာ အမျိုးသမီးတွေကို ပိုမို နေရာပေးတယ်ဆိုတဲ့ ပုံရိပ်ကို တည်ဆောက်ဖို့ ကြိုးစားခဲ့ပေမယ့် သူ့အစိုးရ အဖွဲ့ထဲမှာတင် အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်တယ်လို့ စွပ်စွဲမှုတွေ ကြုံခဲ့ရပါတယ်။

သူကိုယ်စားပြုတဲ့ လေဘာပါတီဟာ ပြီးခဲ့တဲ့လကုန် ရွေးကောက်ပွဲမှာ အနိုင်ရတာ သေချာပြီး လွှတ်တော် အမတ် နေရာတွေ အတိအကျ အတည်မပြုသေးခင် ကတည်းက အယ်လ်ဘန်နိစ်ဟာ ဝန်ကြီးချုပ်သစ်အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပါတယ်။ အခုတော့ ရွေးကောက်ပွဲ ရလဒ်တွေ အားလုံး အပြီးသတ် အတည်ပြုနိုင်ခဲ့ပြီး လေဘာပါတီက အပြတ်အသတ် အနိုင်ရတာ သေချာသွားပြီးမှ သူ့စိတ်ကြိုက် အစိုးရ အဖွဲ့ကိုပါ ထုတ်ပြန် ကြေညာခဲ့တာ ဖြစ်ပါတယ်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

နိုင်ငံတကာ

ဩစတြေးလျ အနောက်ပိုင်း ပင်လယ်ပြင်မှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၅၀၀ ကျော်လောက်က မျိုးစေ့ တစ်ခုကနေ စပေါက်လာတဲ့ အပင်ဟာ အခုလို အရွယ်အစား ဖြစ်လာတာလို့ ယုံကြည်ရပါတယ်။ အဲဒီ ပင်လယ် မြက်ပင်ဟာ အကျယ် စတုရန်း ကီလိုမီတာ ၂၀၀ နီးပါးလောက် ရှိတယ်လို့...

သတင်း

ICNCCတွင် ချင်းတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့၊ လွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီနှင့် အရပ်ဘက်အဖွဲ့အစည်း / CDM/ သပိတ်ကော်မတီများ ပါဝင်စုဖွဲ့ထားသည်။

သတင်း

စစ်ကောင်စီနှင့် ကမ္ဘောဒီးယားတို့အကြားကုန်သွယ်​ရေး သဘောတူစာချုပ်များသည် မြန်မာပြည်သူလူထု၏ သဘောဆန္ဒများကို မျက်ကွယ်ပြု သစ္စာဖောက်ရုံသာမက စစ်တပ်၏ ရက်စက်ကြမ်းကြုတ်သည့် ရာဇဝတ်မှုများအတွက် အခွန်ဝင်ငွေ တိုးရန် ကူညီပေးနေခြင်းဖြစ်ကြောင်း JFM ထုတ်ပြန်သည်။

သတင်း

အထက်လွှတ်တော် ရီဗက်ပလစ်ကန်ခေါင်းဆောင်အမတ် မက်ကောနဲလ်က မေ ၂၅ ရက်တွင် ပြုလုပ်သော မြန်မာ့ဒီမိုကရေစီ ကူညီထောက်ပံ့ရေးအမေရိကန်၏မဟာဗျူဟာကြားနာပွဲ၌ ဘိုင်ဒင် အစိုးရအဖွဲ့ကိုယ်စားလှယ်များကိုတောင်းဆိုခဲ့ခြင်းဖြစ်သည်။