Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကျောက်ကြီးမှာ ဒီကနေ့ထိတွေ့ပစ်ခတ်မှုတွေကြောင့် ဒေသခံတစ်ရာကျော်ထွက်ပြေးတိမ်းရှောင်

နှစ်ဖက်တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဘက်က လက်နက်ကြီး၊ လက်နက်ယ်တွေပစ်ချခဲ့တာကြောင့် မဘီကြီးကျေးရွာအနီးက လူဦးရေ (၁၄၃)ဦးဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

KNU
KNU

ကေအဲန်ယူထိန်းချုပ်နယ်မြေ ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ်ထဲမှာ ဒီကနေ့နေ့လည်ပိုင်းက KNLA တပ်မဟာ ၃ နဲ့ စစ်ကောင်စီတပ်တို့အကြား ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံ ၁၀၀ ကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ ကေအဲန်ယူက သတင်းထုတ်ပြန်ပါတယ်။

KNU
KNU

ဒီကနေ့ ဇွန် ၂ ရက် နေ့လည် ၁၂ နာရီကျော်က ကျောက်ကြီးမြို့နယ် မဘီကြီးကျေးရွာအနီးမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၃ နဲ့ စစ်ကောင်စီရဲ့ ခလရ(၂၀)၊ ခမရ(၁၂၄)၊ ခမရ(၄၃၉)၊ ခမရ(၃၅၀)တပ်တို့နဲ့ ထိပ်တိုက်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ထိခိုက်ကျဆုံးမှုတော့ မသိရသေးဘူးလို့ ကေအဲန်ယူက ဆိုပါတယ်။

Public Service Announcement

နှစ်ဖက်တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဘက်က လက်နက်ကြီး၊ လက်နက်ယ်တွေပစ်ချခဲ့တာကြောင့် မဘီကြီးကျေးရွာအနီးက လူဦးရေ (၁၄၃)ဦးဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

KNU
KNU

ကျောက်ကြီးမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်တွေဟာ ပြည်သူလူထုတွေအပေါ် သတ်မှတ်ထားတဲ့အချိန်အတွင်း သွားလာရမယ်လို့ ညွှန်ကြားထားပြီး ဒေသခံပြည်သူတွေရဲ့သွားလာရေးကို ပိတ်ဆို့တာတွေ၊ ငွေကြေးကောက်ခံတာတွေလည်း ပြုလုပ်နေတယ်လို့ ကေအဲန်ယူရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

စစ်ကောင်စီတပ်၏ အကြမ်းဖက်သတ်ဖြတ်ခံရသူ ၁၂ဦးတွင် ဟသ်ာရွာမှ ၁၁ ဦး၊ သစ်ချိုရွာမှ တစ်ဦးဖြစ်ပြီး သစ်ချိုရွာမှ သတ်ဖြတ်ခံရသူမှာ ဦးခေါင်းကိုသေနတ်ဖြင့် ပစ်ခံထားရသည့်အပြင် ရုပ်အလောင်း၌ ထမီဇောက်ထိုးဝတ်ပေးခဲ့ကြောင်း သိရသည်။

သတင်း

တွေ့ဆုံဆွေးနွေးပွဲမှာ ကေအဲန်ယူ-ကျောက်ကြီးမြို့နယ်က ပြီးခဲ့တဲ့ မေလ ၂၁ ရက်က ထုတ်ပြန်ထားတဲ့ ညွန်ကြားချက်တွေကို မြို့နယ် တာဝန်ရှိသူတွေက ရှင်းလင်းဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိတာပါ။

သတင်း

"အင်္ဂလိပ်ခေတ် ဂျပန်ခေတ်တွေ မကြုံဘူးပေမယ့် စာတွေထဲပဲ ဖတ်ရတယ်။ ဒီကောင်တွေက အင်္ဂလိပ်တွေ ဂျပန်ဖက်ဆစ်တွေထက် ယုတ်မာတယ်"ဟု ဒီပဲယင်းညီနောင်များအဖွဲ့မှ တော် လှန်ရေးရဲဘော်တစ်ဦးကမှတ်ချက်ပေးသည်။

သတင်း

ကျဆုံးသွားတဲ့ ရဲဘော်ရဲလင်းအောင်ကို အလေးနီပြုရင်း ၎င်းဆောင်ရွက်လက်စဖြစ်တဲ့ စစ်အာဏာရှင်စနစ်အမြစ်ဖျတ်ချေမှုန်းရေး​ တာဝန်ကို ကျန်ရစ်သူ ရဲဘော်များကဆက်လက်ဆောင်ရွက်သွားမယ်လို့ ကတိသစ္စာပြုခဲ့ကြပါတယ်။