Connect with us
close

Hi, what are you looking for?

LuduNwayOo

ဗီဒီယို

တရုတ်မှာ ငလျင်နှစ်ခု ဆက်တိုက် လှုပ်ခတ်ပြီး ၄ ဦးထက်မနည်း သေဆုံး

အသေအပျောက် ဖြစ်စဉ် အားလုံးဟာ ငလျင်ကြောင့် ကျောက်ဆောင် ကျောက်တုံးတွေ ပြိုကျပြီး ပိမိခဲ့တာလို့လည်း အာဏာပိုင်တွေက ပြောပါတယ်။ ဒဏ်ရာရထားသူတွေကိုတော့ လောလောဆယ် ဆေးရုံတွေ တင်ပို့ပေးထားပါတယ်။

တရုတ်နိုင်ငံ အနောက်တောင်ပိုင်းမှာ ငလျင်နှစ်ခု ရှေ့ဆင့်နောက်ဆင့် လှုပ်ခတ်ခဲ့တာကြောင့် လူ ၄ ဦးထက်မနည်း သေဆုံးပြီး အိုးအိမ် အဆောက်အအုံတချို့ ပျက်စီးခဲ့ရပါတယ်။

တရုတ် အစိုးရပိုင် သတင်းဌာန CCTVရဲ့ ဖော်ပြချက်အရ ဒဏ်ရာရသူ ၁၄ ဦး ရှိတဲ့အနက် ၁ ဦးရဲ့ အခြေအနေက စိုးရိမ်ရတယ်လို့ သိရပါတယ်။ ထိခိုက် သေဆုံးသူ အားလုံးဟာ ဆီချွမ်ပြည်နယ်၊ ဘောင်ရှင်း ဒေသမှာ နေထိုင်သူတွေ ဖြစ်ကြပါတယ်။

အသေအပျောက် ဖြစ်စဉ် အားလုံးဟာ ငလျင်ကြောင့် ကျောက်ဆောင် ကျောက်တုံးတွေ ပြိုကျပြီး ပိမိခဲ့တာလို့လည်း အာဏာပိုင်တွေက ပြောပါတယ်။ ဒဏ်ရာရထားသူတွေကိုတော့ လောလောဆယ် ဆေးရုံတွေ တင်ပို့ပေးထားပါတယ်။

ဇွန်လ ၁ ရက်က ရစ်ချ်တာစကေး ၆.၁ အဆင့် ငလျင်တစ်ခုဟာ ဆီချွမ်က ယာအန်ဒေသကို ဦးတည် လှုပ်ခတ်သွားခဲ့ပါတယ်။ ငလျင်ရဲ့ ဗဟိုချက်ဟာ မြေအနက် ၁၇ ကီလိုမီတာလောက်ကို ဦးတည်ပြီး မြေတိမ် ငလျင် အမျိုးအစား ဖြစ်တာကြောင့် မြေမျက်နှာပြင် အထက်ပိုင်းမှာ ထိခိုက်မှု ပိုမို ပြင်းထန်ခဲ့ပါတယ်။ အဲဒီနောက် ၃ မိနစ်ပဲ ခြားပြီး ရစ်ချ်တာစကေး ၄.၅ ငလျင်တစ်ခု အဲဒီနေရာနားမှာပဲ ထပ်လှုပ်ခဲ့ကြောင်း တရုတ် သတင်းဌာန Xinhuaက ဖော်ပြထားပါတယ်။

ဆီချွမ် မီးသတ်နဲ့ ကယ်ဆယ်ရေး ဌာနက ငလျင်တွေကြောင့် အိမ်ခြေတချို့ ထိခိုက် ပျက်စီးကြောင်း အတည်ပြုခဲ့ပြီး ကယ်ဆယ်ရေး အဖွဲ့ဝင် ၁၄၀၀ လောက်ကို အခင်းဖြစ်ရာ ဧရိယာတွေဆီ စေလွှတ်ထားတယ်လို့ ပြောပါတယ်။ ဒေသတွင်းက ရထားလမ်းပိုင်း တချို့ကိုလည်း လုံခြုံရေး အခြေအနေ ပြန်လည် စစ်ဆေးဖို့ ယာယီ ပိတ်ထားလိုက်ရပါတယ်။

ဆီချွမ်ဒေသဟာ အင်အားပြင်း ငလျင်တွေနဲ့ မစိမ်းလှတဲ့ နေရာတစ်ခုပါ။ အခု လှုပ်ခတ်တဲ့ ငလျင်နှစ်ခုထဲက ပထမ ငလျင်ဟာ ၂၀၁၃ ခုနှစ်တုန်းက လူပေါင်း ၁၉၆ ဦး အသက်ဆုံးရှုံးခဲ့ရတဲ့ ရစ်ချ်တာစကေး ၇.၀ အဆင့် ငလျင်ကြီးရဲ့ နောက်ဆက်တွဲ ငလျင်လို့ ပညာရှင်တွေက ပြောပါတယ်။ ဆီချွမ်မှာ ၂၀၀၈ ခုနှစ်တုန်းက ရစ်ချ်တာစကေး ၇.၉ ငလျင်ကြီး လှုပ်ရှားခဲ့ဖူးပြီး လူပေါင်း ၉ သောင်းနီးပါး အသက်ဆုံးရှုံးခဲ့ဖူးပါတယ်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ကရင်နီပြည်နယ်တွင် စစ်ကောင်စီက အင်အားတိုးချဲ့ကာ စစ်ကြောင်းထိုးနေ၍ နေ့စဥ်တိုက်ပွဲများဖြစ်ပွားလျက်ရှိသည်။

သတင်း

KNLA KNDO ပူးပေါင်းတပ်ဖွဲ့ဘက်ကတော့ နှစ်ဦးကျဆုံးခဲ့ပြီး (၁၁) ဦးထိခိုက်ဒဏ်ရာရရှိသွားခဲ့တာပါ။

သတင်း

သေဆုံးသွားသူမှာ သီဟဆိုသူဖြစ်ပြီး ၎င်းသည် ပဲခူးမြို့ဇာတိဖြစ်ကာ စစ်ကောင်စီလက်အောက် တွင် ဒုရဲမှူးရာထူးဖြင့် ပြင်ဦးလွင်မြို့၌ တာဝန်ကျနေသူဖြစ်သည်။

သတင်း

Eagle Guerrilla Force ဘက်မှ ရဲဘောတစ်ဦးဒဏ်ရာရရှိခဲ့ပြီး တစ်ဦး ဖမ်းဆီးခံရသည်ဟု ယင်းအဖွဲ့က ဆိုသည်။