Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကရင်နီဒေသ စစ်ရှောင်စခန်းများတွင် အာဟာ ရပြတ်လပ်မှုနှင့် ကြိုတင်ကာကွယ်၍ရသောရောဂါများကြောင့် ၂၆ ဦးအသက်ဆုံးရှုံး

ကရင်နီဒေသ အကြမ်းဖက်စစ်ကောင်စီတပ်၏ ဖျက်ဆီးမှုကြောင့် နေအိမ်ပေါင်း ၇၀၀ ကျော် မီးလောင်ပျက်စီးခဲ့ပြီး အရပ်သားပြည်သူ သေဆုံးမှု ၂၄၀ ဦးရှိကာ လူဉီးရေ ၁၉၀,၀၀၀ ကျော် စစ်ဘေးရှောင်နေရသည်ဟုပါရှိသည်။

ကရင်နီဒေသ စစ်ရှောင်စခန်း
ကရင်နီဒေသ စစ်ရှောင်စခန်း

ကယားပြည်နယ်(ကရင်နီဒေသ)ရှိ စစ်ဘေးရှောင်စခန်းများတွင် အဟာရပြတ်လတ်မှုနှင့် ကြိုတင်ကာကွယ်ကုသနိုင်သောရောဂါများကြောင့် ပြည်သူ ၂၆ ဦး အသက်ဆုံးရှုံးခဲ့ရကြောင်း ကရင်နီပြည်စစ်ဘေးရှောင်ကူညီစောင့်ရှောက်ရေးကွန်ယက်မှ ယနေ့(ဇွန် ၁၂)အသိပေးထုတ်ပြန်သည်။

စစ်ဘေးရှောင်နေစဥ် အစာအာဟာရပြတ်လပ်မှု၊ ရာသီးဉတုဒဏ်၊ သောက်သုံးရေ ပြတ်လပ်မှု၊ ကာလ၀မ်းရောၐါနှင့် ကြိုတင်ကာကွယ် ကုသ ၍ရသော ရောၐါများကြောင်း အသက်သေဆုံးရခြင်းဖြစ်ကြောင်း ကွန်ယက်၏တစ်နှစ်ပြည့်အစီရင်ခံစာတွင် ဖော်ပြသည်။

ကရင်နီဒေသ စစ်ရှောင်စခန်း
ကရင်နီဒေသ စစ်ရှောင်စခန်း

ကရင်နီဒေသ အကြမ်းဖက်စစ်ကောင်စီတပ်၏ ဖျက်ဆီးမှုကြောင့် နေအိမ်ပေါင်း ၇၀၀ ကျော် မီးလောင်ပျက်စီးခဲ့ပြီး အရပ်သားပြည်သူ သေဆုံးမှု ၂၄၀ ဦးရှိကာ လူဉီးရေ ၁၉၀,၀၀၀ ကျော် စစ်ဘေးရှောင်နေရသည်ဟုပါရှိသည်။

ထို့ကြောင့် ကရင်နီပြည် စစ်ဘေးရှောင်ကူညီစောင့်ရှောက်ရေးကွန်ယက်သည် တိုက်ပွဲကြားကနေ စစ်ရှောင်များအတွက် လိုအပ်သည့် ပညာရေး၊ ကျန်းမာရေး၊ အစားအသောက်နှင့် အခြေခံလိုအပ်ချက်များကို တတ်စွမ်းသမျှပံပို့ကူညီမှုများ စဥ်ဆက်မပြတ်လုပ်ဆောင်ခဲ့သည်ဟု ဆိုသည်။

ကရင်နီဒေသ စစ်ရှောင်စခန်း
ကရင်နီဒေသ စစ်ရှောင်စခန်း

“တိုက်ပွဲကြားကနေ မွေးဖွားလာတဲ့ အဖွဲ့အစည်းဖြစ်တာမို့ အခက်အခဲအမျိုးမျိုး ၊ မပြည့်စုံမှု အမျိုးမျိုးတွေနဲ့ ရပ်တည်လာခဲ့ရပါတယ်”ဟု ကရင်နီပြည် စစ်ဘေးရှောင်ကူညီစောင့်ရှောက်ရေးကွန်ယက်က ပြောသည်။

လက်ရှိတွင် စိုက်ပျိုးရာသီဖြစ်သော်လည်း က ရင်နီပြည်တွင် လူထုတိုက်ပွဲများဆက်ရှိနေခြင်းကြောင့် စိုက်ပျိုးရေးမလုပ်နိုင်သည်မှာ နှစ်မိုးရှိပြီဖြစ်ပြီး မိုးလွန်ကာလတွင် စစ်ရေးအရှိန်များယခုထက်ပိုမြှင့်လာနိုင်သည်ဖြစ်၍ အခက်အခဲများစွာ ထပ်ရှိလာနိုင်သည်ဟုလည်း အသိပေးသည်။

ကရင်နီဒေသ စစ်ရှောင်စခန်း
ကရင်နီဒေသ စစ်ရှောင်စခန်း

ထို့ကြောင့် စစ်ဘေးရှောင်များမှာ စားနပ်ရိက္ခာအခက်အခဲ၊ အာဟာရပြတ်လပ်မှု၊ ကာလ၀မ်းရောၐါ၊ သွေးလွန်တုပ်ကွေးနှင့် ကြိုတင်ကာကွယ်၍ရသော ရောၐါများဖြင့် ရင်ဆိုင်နေရဆဲဖြစ်၍ ပြည်တွင်းပြည်ပအဖွဲ့အစည်းများမှ ကူညီပံ့ပိုးပေးကြရန် တိုက်တွန်းနှိုးဆော်ထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

“အရင်တုန်းကတော့ မပါဘူး။ ဒီတစ်ခေါက် ပထမဆုံး ပေါ့ စစ်တပ်တွေ ရဲ့လက်ကိုင်တုတ်ဖြစ်တဲ့အခါကျတော့လိုသလို သုံးတာပေါ့။ အချင်းချင်း ကချင်လူမျိုးစု ပဲ သေအောင်တမင်ဖန်တီးပြီး ကိုယ့်တိုင်းရင်းသားအချင်း ချင်းတိုက်ကြအောင် ပုံဖော်တဲ့အနေအထား”ဟု ကချင်ဒေသခံက ပြောသည်။

သတင်း

စစ်ကောင်စီတပ်သည် ယခုရက်ပိုင်းတွင် ကသာမြို့နယ်ကို ဦးတည်၍ အင်အားတိုးချဲ့ခြင်း၊ လက်နက်ကြီးများရမ်းသမ်းပစ်ခတ်ခြင်း၊ ပြည်သူများကို ပေါ်တာဆွဲပြီး ၊ပြည်သူယာဉ်များ (ကား၊ဆိုင်ကယ်၊စက်လှေ)များ မတရားချောဆွဲခြင်းများ ပြုလုပ်နေသည်ဟု ဆိုသည်။

သတင်း

ဒီးမော့ဆိုမြို့နယ် ငွေတောင်အခြေစိုက် ခလရ(၁၀၂)တပ်က ယမန်နေ့ည (ဇွန်လ ၁၀ရက်ည) ၉နာရီခန့်တွင် လက်နက်ကြီးဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်၍ ဒီးမော့ဆိုမြို့နယ်၊ ဆောင်ဒူလာကျေးရွာအုပ်စု၊ ငံရိုးကျေးရွာ ရှိ ပြည်သူလူထု နေအိမ်တစ်လုံးပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့သည်ဟု ဆိုသည်။

သတင်း

စစ်ကောင်စီတပ်သည် အလစ်အငိုက်တိုက်ခိုက်ခံရပြီးနောက် ဝရုန်းသုန်းကားဖြစ်နေစဥ် ဂျန်ပါကြောင့် ခွဲမရသောမိုင်းကြိုးများကို ခလုတ်တိုက်မိကုန်ရာ စစ်ကြောင်း၏ အလယ်တွင် မိုင်း သုံးလုံး ထပ်မံပေါက်ကွဲခဲ့ကြောင်း၊ အဆိုပါပေါက်ကွဲမှုကြောင့် အကြမ်းဖက်စစ်သား ငါးဦး ထပ်တိုး သေဆုံးနိုင်ကြောင်း မြောင် CDSOM အဖွဲ့က ပြောသည်။