Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီတပ် လက်နက်ကြီးဖြင့်ပစ်ခတ်၍ ဒီးမော့ဆို၌ ပြည်သူတစ်ဦးသေဆုံးပြီး (၅)နှစ်ကလေးငယ်အပါအဝင် သုံးဦးဒဏ်ရာရ

ဒီးမော့ဆိုမြို့နယ် ငွေတောင်အခြေစိုက် ခလရ(၁၀၂)တပ်က ယမန်နေ့ည (ဇွန်လ ၁၀ရက်ည) ၉နာရီခန့်တွင် လက်နက်ကြီးဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်၍ ဒီးမော့ဆိုမြို့နယ်၊ ဆောင်ဒူလာကျေးရွာအုပ်စု၊ ငံရိုးကျေးရွာ ရှိ ပြည်သူလူထု နေအိမ်တစ်လုံးပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့သည်ဟု ဆိုသည်။

ဓာတ်ပုံ - ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေးတပ်(PDF)
ဓာတ်ပုံ - ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေးတပ်(PDF)

စစ်ရှောင်ရွာကို လက်နက်ကြီးဖြင့်ပစ်ခတ်၍ ဒေသခံများထပ်မံတိမ်းရှောင်ရ

ကယား(ကရင်နီ)ပြည်နယ် ဒီးမော့ဆိုမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်က လက်နက် ကြီးဖြင့် ပစ်ခတ်၍ အရပ်သားပြည်သူ တစ်ဦးသေဆုံးပြီး (၅)နှစ်အရွယ်ကလေးငယ်နှင့် အမျိုးသမီးငယ် နှစ်ဦး ဒဏ်ရာရခဲ့ကြောင်း ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေးတပ်(PDF)က သတင်းထုတ်ပြန်သည်။

ဒီးမော့ဆိုမြို့နယ် ငွေတောင်အခြေစိုက် ခလရ(၁၀၂)တပ်က ယမန်နေ့ည (ဇွန်လ ၁၀ရက်ည) ၉နာရီခန့်တွင် လက်နက်ကြီးဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်၍ ဒီးမော့ဆိုမြို့နယ်၊ ဆောင်ဒူလာကျေးရွာအုပ်စု၊ ငံရိုးကျေးရွာ ရှိ ပြည်သူလူထု နေအိမ်တစ်လုံးပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့သည်ဟု ဆိုသည်။

ဓာတ်ပုံ - ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေးတပ်(PDF)
ဓာတ်ပုံ – ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေးတပ်(PDF)

အဆိုပါ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် အိပ်မောကျနေသည့် (၅၄)နှစ်အရွယ် အမျိုးသားတစ်ဦး ပွဲချင်းပြီးသေဆုံးပြီး ၎င်း၏ မြေးဖြစ်သူ အသက်(၅)နှစ်အရွယ်ကလေးငယ်နှင့် သမီးဖြစ်သူ (၁၈)နှစ်အရွယ် မိန်းကလေးလေ တစ်ဦး၊ အခြားမှ လာသည့် (၁၅)နှစ်အရွယ် မိန်းကလေးတစ်ဦး ဒဏ်ရာရခဲ့သည်ဟု ဖော်ပြထားသည်။

အဆိုပါ ကျေးရွာသည် စစ်ဘေးရှောင်ပြည်သူ အများအပြားလာရောက်နေထိုင်သည့် ကျေးရွာဖြစ်ပြီး လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် စစ်ရှောင်များ ထိတ်လန့်ကာ ညတွင်းချင်း ထပ်မံ တိမ်းရှောင်ခဲ့ကြရကြောင်း ထုတ်ပြန်သည်။

အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့သည် အပြစ်မဲ့ကျေးရွာလူထုအပေါ်တွင် ခြိမ်းခြောက်ခြင်း၊ လက်နက်ကြီးဖြင့်ပစ်ခတ်ခြင်း မကြာခဏပြုလုပ်လေ့ရှိပြီး ဒီးမော့ဆိုမြို့နယ်မှာ မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်ကောင်စီတပ်ဖွဲ့ရဲ့ လက်ချက်ကြောင့် အပြစ်မဲ့အရပ်သားပြည်သူ ၁၀၀ကျော် သေဆုံးခဲ့ရကြောင်း ဒီးမော့ဆို PDFက ဆိုသည်။

ပြီးခဲသည့် ရက်ပိုင်းကလည်း ရှမ်း – ကယားနယ်စပ် မိုးဗြဲဒေသတွင် စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်၍ အမျိုးသမီးတစ်ဦး အသက်ဆုံးရှုံးခဲ့ရသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

တော်လှန်ရေး ကြာရှည်လာသည်နှင့်အမျှ ပြည်သူမှ မွေးဖွားလာသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ နှင့် အကြမ်းဖက် စစ်ကောင်စီတပ်အကြား ထိတွေ့တိုက်ပွဲများ ပိုမိုများပြားလာကြောင်းလည်း သိရသည်။

သတင်း

မီးရှို့ခံရသည့်အိမ်များထဲတွင် တော်လှန်ရေးတပ်ဖွဲ့ဝင်များ၏နေအိမ်များပါဝင်သလို ပြည်ခိုင်ဖြိုးပါတီ အမာခံနေအိမ်များလည်းပါဝင်ကြောင်း၊ မုံရွာမြို့တွင်တာဝန်ကျနေသော ဒုရဲအုပ်ရဲမေ၏ မိဘအိမ်လည်းပါဝင်ကြောင်း Kotaungbo Revolution KTB-Rက အသိပေးသည်။

သတင်း

စစ်ကောင်စီတပ်၏ပစ်ခတ်မှုကြောင့် သေဆုံးသွားသောအမျိုးသမီးမှာ တန့်ဆည် အ.ထ.က (၁)၏ မြောက်ဘက်နားတွင် နေထိုင်သူဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

သတင်း

မြိုင်မြို့နယ် အခြေခံပညာအထွေထွေသပိတ်ကော်မတီBEGSC-MYAINGက "အညာသူအညာသားတွေရဲ့ရဲရဲတောက်တော်လှန်ရေးစိတ်ဓာတ်"ဟု ရေးသားကာ လှူဒါန်းမှုနှင့်ပတ်သက်၍ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။