Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီတပ်အထိနာခဲ့သော ဖရူဆိုမြို့နယ် လေးရက်ကြာတိုက်ပွဲတွင် သိမ်းဆည်းရမိသည့်လက်နက်ခဲယမ်းများကို KNDFထုတ်ပြန်

ဇွန်လ ၁၀ ရက်ကစ၍ ယမန်နေ့အထိ ဒေါညေးခူကျေးရွာနှင့်ထီးပေါ်ဆိုကျေးရွာ တစ်ဝိုက်တွင်
ကရင်နီတပ်မတော်(KA)နှင့် KNDF တပ်ရင်း – ၂၊ တပ်ရင်း -၄ ၊ တပ်ရင်း -၈ ၊တပ်ရင်း -၁၅ တို့ ပူး ပေါင်းတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

KNDF
KNDF

စစ်ကောင်စီတပ်သား ၁၀ ဦးထက်မနည်းသေဆုံးခဲ့သော ကရင်နီ(ကယား)ပြည်နယ် ဖရူဆိုမြို့နယ် ဒေါညေးခူနှင့်ထီးပေါ်ဆိုကျေးရွာအနီး လေးရက်ကြာတိုက်ပွဲတွင် သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းများကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ယနေ့(ဇွန် ၁၄ ရက်) ထုတ်ပြန်ပြသည်။

ထုတ်ပြန်ခဲ့သည့် လက်နက်များအရ စစ်ကောင်စီတပ်မှ အသုံးပြုသည့် လက်နက်ငယ်ရှစ်လက်အပါအဝင် ကျည်ကဒ်များ ၊ဗုံးသီးများ၊နင်းမိုင်းများ အစရှိသည့် စစ်အသုံးဆောင်ပစ္စည်းများ စွာ တွေ့ရသည်။

KNDF
KNDF

ဇွန်လ ၁၀ ရက်ကစ၍ ယမန်နေ့အထိ ဒေါညေးခူကျေးရွာနှင့်ထီးပေါ်ဆိုကျေးရွာ တစ်ဝိုက်တွင်
ကရင်နီတပ်မတော်(KA)နှင့် KNDF တပ်ရင်း – ၂၊ တပ်ရင်း -၄ ၊ တပ်ရင်း -၈ ၊တပ်ရင်း -၁၅ တို့ ပူး ပေါင်းတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

KNDF
KNDF

တိုက်ပွဲများမှာ ပြင်းထန်ခဲ့ပြီး တစ်ရက်လျှင် ၃နာရီကျော်ကြာမြင့်ခဲ့ကာ ၎င်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်မှ ၁၀ဦးထက်မနည်း သေဆုံးကာ အများအပြားဒဏ်ရာရရှိခဲ့​ကြောင်း အသိပေးသည်။

ထို့အပြင် ကရင်နီပူးပေါင်းတပ်မှ မစိုးရိမ်ရသောဒဏ်ရာများရရှိခဲ့ကြောင်းKNDF က ပြောသည်။

လက်ရှိစစ်ရေးအခြေအနေအရ ကရင်နီပြည် ဖရူဆိုမြို့နယ်တွင်တိုက်ပွဲပြင်းထန်နေသောကြောင့် ၎င်းနေရာအနီးအနားသို့ သွားလာခြင်းမပြုလုပ်ရန်လည်း တိုက်တွန်းထားသည်။

အထိနာနေသည့် အကြမ်းဖက်စီ​ကောင်စီတပ်များသည် ၎င်းတို့ တပ်စွဲထားသော ဒေါညေခူရွာ ထီးပေါ့ဆိုရွာတွင်းရှိ နေအိမ်များက်ို ​ဖောက်ထွင်းဖျက်စီးပြီး ၊ ခရစ်ယာန်ဘုရား​​ကျောင်းတစ်​ကျာင်း ကိုလည်းလက်နက်ကြီးဖြင့် တိုက်ခိုက်ဖျက်စီးခဲ့သည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

“ရန်သူဘက်ကလည်း စခန်းတစ်ခုနဲ့ တစ်ခုကလည်း ဘယ်လိုပြောရမလဲ အပြင်မထွက်ရဲဘူးလေ။ မထွက်ရဲတဲ့အခါကျတော့ ကျွန်တော်တို့ဘက်က အလစ်အငိုက် စီးနင်းတိုက်ခိုက်တဲ့သဘောပါပဲ” ဟု ၎င်းက ပြောသည်။

သတင်း

ကန့်ဘလူမြို့နယ်တွင် ရက်ပိုင်းအတွင်းရွာခုနှစ်ရွာမှအိမ်ခြေငါးရာခန့်ကိုစစ်​ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့သည်အဆိုပါစစ်ကောင်စီတပ်ကို ပြင်းပြင်းထန်ထန် လက်စားချေသွားမည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကထုတ်ပြောခဲ့ပြီး ​နောက်လိုက်လံတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သတင်း

တိုက်ပွဲမှာ ယနေ့(ဇွန် ၁၄ ရက်) နံနက် ၆နာရီခွဲခန့်က စတင်ခဲ့ပြီး ဝီယော်-ထုံးဘိုလေး-ပိန္နဲတော လမ်းပိုင်းတွင် KNLA ဦးဆောင်၍ ပူးပေါင်းတပ်ဖွဲ့များဖြင့် စစ်ကောင်စီတပ်ကို တိုက်ခိုက်နေခြင်းဖြစ်သည်။

သတင်း

ယနေ့နံနက် ၇နာရီခွဲခန့်တွင် ငါးဇွန်မြို့အရှေ့ဘက်ခြမ်းရှိ စစ်ကောင်စီတပ်စစ်ဆေးရေးဂိတ်ကို ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်မှ တစ်ဦးသေဆုံးကာ၊ နှစ်ဦးဒဏ်ရာပြင်းထန်စွာရရှိသွားကြောင်း ဖော်ပြသည်။