Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကန့်ဘလူတွင်ရွာများကိုမီးလိုက်ရှို့​သောစစ်​ကောင်စီတပ်အားPDFများလိုက်လံတိုက်ခိုက်ရာ​သေဆုံးဒဏ်ရာရသူများပြား

ကန့်ဘလူမြို့နယ်တွင် ရက်ပိုင်းအတွင်းရွာခုနှစ်ရွာမှအိမ်ခြေငါးရာခန့်ကိုစစ်​ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့သည်အဆိုပါစစ်ကောင်စီတပ်ကို ပြင်းပြင်းထန်ထန် လက်စားချေသွားမည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကထုတ်ပြောခဲ့ပြီး ​နောက်လိုက်လံတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ကန့်ဘလူခရိုင် ပြည်သူ့ကုကွယ်​ရေးတပ်ရင်း ၂ မှ တပ်ဖွဲ့ဝင်များ ။ ဓါတ်ပုံ-KBLBG2
ကန့်ဘလူခရိုင် ပြည်သူ့ကုကွယ်​ရေးတပ်ရင်း ၂ မှ တပ်ဖွဲ့ဝင်များ ။ ဓါတ်ပုံ-KBLBG2

ကန့်ဘလူမြို့နယ်တိုက်ပွဲများတွင် စစ်ကောင်စီတပ်အရာရှိအချို့အပါအဝင် ၆၀ဦးခန့်အထိ့သေဆုံးနိုင်ကြောင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကပြောသည်။

ကန့်ဘလူမြို့နယ်ကိုးတောင်ဘို့တိုက်နယ်အတွင်းရွာများကိုလိုက်လံမီးရှို့ပြီး အင်ဂုံရွာဘက်သို့ ထွက်ခွာသွားသည့် စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးမဟာမိတ်များကဝိုင်းပတ်ပြီး ပိတ်ဆို့တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“နှစ်ပွင့်ကောင်နှစ်ကောင် ဒဏ်ရာရတယ်။ ခြေထောက်ပါ ပြတ်သွားတယ်လို့ကြားတယ်။ သုံးပွင့်ကောင်ကတော့သေတယ်။ အကိုတို့( ပြည်သူ့ကာကွယ်ရေးမဟာမိတ်များ) အဲ့ဒီလို လိုက်ဖြုတ်ခဲ့တာ”ဟု ကိုးတောင်ဘို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်တစ်ဦးကပြောသည်။

ကိုး​တောင်ဘို့​ရွာတိုက်ပွဲမှ ရရှိသည့် အကြမ်းဖက်စစ်​ကောင်စီတပ်သား၏စကခ(၁၀)လက်​မောင်းတံဆိပ်ပါ စစ်အင်္ကျီ ။ဓါတ်ပုံ-InfinityGroup
ကိုး​တောင်ဘို့​ရွာတိုက်ပွဲမှ ရရှိသည့် အကြမ်းဖက်စစ်​ကောင်စီတပ်သား၏စကခ(၁၀)လက်​မောင်းတံဆိပ်ပါ စစ်အင်္ကျီ ။ဓါတ်ပုံ-InfinityGroup

ကန့်ဘလူမြို့နယ်တွင် ရက်ပိုင်းအတွင်းရွာခုနှစ်ရွာမှအိမ်ခြေငါးရာခန့်ကိုစစ်​ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့သည်အဆိုပါစစ်ကောင်စီတပ်ကို ပြင်းပြင်းထန်ထန် လက်စားချေသွားမည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကထုတ်ပြောခဲ့ပြီး ​နောက်လိုက်လံတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ရွာများကို လိုက်လံမီးရှို့ခဲ့​သောစစ်​ကြောင်းမှာအ​နောက်မြောက်တိုင်းစစ်ဌာနချုပ်အမှတ်(၁၀)စစ်ဆင်​ရေးကွပ်ကဲမှုဌာနချုပ်–စကခ(၁၀)လက်​အောက်ခံတပ်ရင်း​များဖြစ်​သော ​မော်လိုက်အ​ခြေစိုက် ခမရ ၃၆၅ ၊ ဟုမ္မလင်းအ​ခြေစိုက် ခမရ ၃၆၇ နှင့် ပျူစောထီး ပူး​ပေါင်းအဖွဲ့များဖြစ်​ကြောင်း သိရသည်။

စစ်ကောင်စီတပ်သည် ကန့်ဘလူမြို့နယ်ကို အင်အား ၁၂၀ခန့်ဖြင့် ဇွန် ၂ရက်မှစကာစစ်ကြောင်းထိုးခဲ့ကာ ရွာများကို လိုက်လံမီးရှို့ပြီး ပြန်ထွက်ခွာရာလမ်းတစ်လျှောက်တွင် ပြည်သူ့ကာကွယ်ရေးမဟာမိတ်များက သုံးရက်ဆက်လိုက်လံ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ဇွန် ၁၃ရက်တွင် ချပ်သင်းနယ်သို့ ဝင်ရောက်သွား​ရောက်​သော အင်အား ၁၂၀ ခန့်ရှိ​သော စစ်​​ကောင်စီစစ်​ကြောင်းမှာအင်အား ၆၀ ခန့်သာ ကျန်တော့ကြောင်းအထက်ပါ ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။

အကြမ်းဖက်စစ်​ကောင်စီတပ်ကို ကန့်ဘလူခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ရင်း(၂)၊ ကိုး​တောင်ဘို့ပြည်သူ့ကာကွယ်​ရေးတပ်၊လင်းယုန်နီကန့်ဘလူ၊ကျွန်းလှမြို့နယ်ပြည်သူကာကွယ်ရေးတပ်၊ဒေသခံ ပ.က.ဖ များ၊မဟာမိတ်ပူးပေါင်းအဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။မိုင်းများ​ကြောင့်စစ်​ကောင်စီတပ်အထိ့နာခဲ့ခြင်းဖြစ်ပြီး ဒဏ်ရာရ စစ်​ကောင်စီတပ်မှ ဗိုလ်နှင့် ​သေဆုံးသွား​သော ဗိုလ်ကြီးရုပ်အ​လောင်းကို ဇွန်လ ၁၂ ရက်​နေလည်တွင် MI-17 ​ထောက်ပို့ ရဟတ်ယာဥ်ဖြင့် လာ​ရောက်သယ်​ဆောင်သွား​ကြောင်းလည်း​ဒေသတွင်းစစ်​ရေးသတင်းများ​ဖော်ပြ​ပေး​နေသာ Infinity Group က​ဖော်ပြသည်။ ​အောက်​ခြေအဆင့်ဒဏ်ရာရ စစ်​ကောင်စီတပ်ဖွဲ့ဝင်များကို လက်နက်နှင့်ရိက္ခာလာပို့​သောကားများဖြင့် ပြန်တင်​ပေးလိုက်​ကြောင်းလည်းအသိ​ပေးထားသည်။

ဇွန် ၉.ရက်တိုက်ပွဲတွင် စစ်​ကောင်စီတပ်​သေဆုံးထိ့ခိုက်မှုများပြားခဲ့ပြီးကန့်ဘလူခရိုင်ပြည်သူ့ကာကွယ်ရေတပ်ရင်း ၂ မှ PDF နှစ်ဦးကျဆုံးခဲ့သည်။

စစ်ကာင်စီတပ်က မီးရှို့ဖျက်ဆီးမှုများ​ကြောင့် ကိုးတောင်ဘို့၊ချပ်သင်း၊ချပ်ကြီး၊ပင့်သာဒေသရှိ ကျေးရွာပေါင်း၂၀ကျော်မှဒေသခံ နှစ်သောင်းကျော်လည်းစစ်ဘေးသင့်နေပြီးဆေးဝါး၊စားနပ်ရိက္ခာအကူအညီများနှင့်အ​ရေး​ပေါ်အကူအညီများလိုအပ်​နေ​ကြောင်း ကန်ဘလူခရိုင်ပြည်သူ့ကာကွယ်​ရေးတပ်ရင်း ၂ ကထုတ်ပြန်သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

တိုက်ပွဲမှာ ယနေ့(ဇွန် ၁၄ ရက်) နံနက် ၆နာရီခွဲခန့်က စတင်ခဲ့ပြီး ဝီယော်-ထုံးဘိုလေး-ပိန္နဲတော လမ်းပိုင်းတွင် KNLA ဦးဆောင်၍ ပူးပေါင်းတပ်ဖွဲ့များဖြင့် စစ်ကောင်စီတပ်ကို တိုက်ခိုက်နေခြင်းဖြစ်သည်။

သတင်း

ယနေ့နံနက် ၇နာရီခွဲခန့်တွင် ငါးဇွန်မြို့အရှေ့ဘက်ခြမ်းရှိ စစ်ကောင်စီတပ်စစ်ဆေးရေးဂိတ်ကို ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်မှ တစ်ဦးသေဆုံးကာ၊ နှစ်ဦးဒဏ်ရာပြင်းထန်စွာရရှိသွားကြောင်း ဖော်ပြသည်။

သတင်း

ဇွန်လ ၁၀ ရက်ကစ၍ ယမန်နေ့အထိ ဒေါညေးခူကျေးရွာနှင့်ထီးပေါ်ဆိုကျေးရွာ တစ်ဝိုက်တွင် ကရင်နီတပ်မတော်(KA)နှင့် KNDF တပ်ရင်း - ၂၊ တပ်ရင်း -၄ ၊ တပ်ရင်း -၈ ၊တပ်ရင်း -၁၅ တို့ ပူး ပေါင်းတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

သတင်း

စစ်​ကောင်စီတပ် စစ်​ကြောင်းထိုးစဥ် လမ်း​ကြောင်းတစ်​လျှောက်ပြည်သူ့​နေအိမ်များ​ဖောက်ထွင်းခိုးယူဖျက်ဆီးခြင်းများပြုလုပ်ခဲ့ပြီး ​ဒေသခံ​ကျေးရွာ၁၁ ရွာ​ခန့်ထွက်​ပြေးတိမ်း​ရှောင်ခဲ့ရသည်။