Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

တပ်မဟာနယ်​မြေ(၁)နယ်​မြေတွင် တိုက်ပွဲပြင်းထန်​နေ၊ စစ်​ကောင်စီတပ် ထိခိုက်မှုရှိ​နေဟု ကျိုက်ထိုခရိုင်တပ်ရင်း – ၃ ထုတ်ပြန်

တိုက်ပွဲမှာ ယနေ့(ဇွန် ၁၄ ရက်) နံနက် ၆နာရီခွဲခန့်က စတင်ခဲ့ပြီး ဝီယော်-ထုံးဘိုလေး-ပိန္နဲတော လမ်းပိုင်းတွင် KNLA ဦးဆောင်၍ ပူးပေါင်းတပ်ဖွဲ့များဖြင့် စစ်ကောင်စီတပ်ကို တိုက်ခိုက်နေခြင်းဖြစ်သည်။

တပ်မဟာနယ်​မြေ(၁)တိုက်ပွဲ
တပ်မဟာနယ်​မြေ(၁)တိုက်ပွဲ

KNU သထုံခရိုင်တပ်မဟာ(၁)၊ သထုံမြို့နယ် KNLA တပ်ရင်း(၂)နယ်မြေအတွင်း တိုက်ပွဲများ ပြင်းထန်လျက်ရှိပြီး စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးသူ ၁၇ဦးခန့်ရှိကြောင်း ကျိုက်ထိုခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မ တော်တပ်ရင်း – ၃က ထုတ်ပြန်သည်။

“အခုထိလည်း တိုက်ပွဲက မငြိမ်သေးဘူး။ ရန်သူ့ဘက်က တိုးလာလို့ ကြားဖြတ်တိုက်နေတာ”ဟု ကျိုက်ထိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက လူထုနွေဦးသို့ ပြောသည်။

တိုက်ပွဲမှာ ယနေ့(ဇွန် ၁၄ ရက်) နံနက် ၆နာရီခွဲခန့်က စတင်ခဲ့ပြီး ဝီယော်-ထုံးဘိုလေး-ပိန္နဲတော လမ်းပိုင်းတွင် KNLA ဦးဆောင်၍ ပူးပေါင်းတပ်ဖွဲ့များဖြင့် စစ်ကောင်စီတပ်ကို တိုက်ခိုက်နေခြင်းဖြစ်သည်။

စစ်ကောင်စီလက်အောက်ခံတပ်များမှ လက်နက်ကြီးများဖြင့် ပစ်ကူပေးနေ၍လည်း တိုက်ပွဲအနီးရှိ ကျေးရွာများအတွင်း ကျရောက်ပေါက်ကွဲနေပြီး ပြည်သူများထိခိုက်မှုကို မသိရသေးဟု ဆိုသည်။

ယခုလဆန်းပိုင်းကစ၍ KNU တပ်မဟာ(၁)နယ်မြေအတွင်း အင်အားတိုးချဲ့လာသည့် စစ်ကောင်စီတပ်ကို နှစ်ကြိမ်တိုင်ကြားဖြတ်တိုက်ခိုက်ခဲ့သဖြင့် စစ်ကောင်စီတပ်သား ၁၀ဦးသေဆုံးပြီး ၁၅ဦး ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဗဟိုက ထုတ်ပြန်ထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

“ရန်သူဘက်ကလည်း စခန်းတစ်ခုနဲ့ တစ်ခုကလည်း ဘယ်လိုပြောရမလဲ အပြင်မထွက်ရဲဘူးလေ။ မထွက်ရဲတဲ့အခါကျတော့ ကျွန်တော်တို့ဘက်က အလစ်အငိုက် စီးနင်းတိုက်ခိုက်တဲ့သဘောပါပဲ” ဟု ၎င်းက ပြောသည်။

သတင်း

ကန့်ဘလူမြို့နယ်တွင် ရက်ပိုင်းအတွင်းရွာခုနှစ်ရွာမှအိမ်ခြေငါးရာခန့်ကိုစစ်​ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့သည်အဆိုပါစစ်ကောင်စီတပ်ကို ပြင်းပြင်းထန်ထန် လက်စားချေသွားမည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကထုတ်ပြောခဲ့ပြီး ​နောက်လိုက်လံတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သတင်း

ယနေ့နံနက် ၇နာရီခွဲခန့်တွင် ငါးဇွန်မြို့အရှေ့ဘက်ခြမ်းရှိ စစ်ကောင်စီတပ်စစ်ဆေးရေးဂိတ်ကို ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်မှ တစ်ဦးသေဆုံးကာ၊ နှစ်ဦးဒဏ်ရာပြင်းထန်စွာရရှိသွားကြောင်း ဖော်ပြသည်။

သတင်း

ဇွန်လ ၁၀ ရက်ကစ၍ ယမန်နေ့အထိ ဒေါညေးခူကျေးရွာနှင့်ထီးပေါ်ဆိုကျေးရွာ တစ်ဝိုက်တွင် ကရင်နီတပ်မတော်(KA)နှင့် KNDF တပ်ရင်း - ၂၊ တပ်ရင်း -၄ ၊ တပ်ရင်း -၈ ၊တပ်ရင်း -၁၅ တို့ ပူး ပေါင်းတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။