Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

အရေးပေါ်ကာလပြဌာန်းချက် အဆုံးသတ်ကာ အရပ်သားအုပ်ချုပ်မှုစနစ်ဆီ ပြန်သွားရန် နော်ဒစ် ၅ နိုင်ငံတိုက်တွန်း

မြန်မာ့အကျပ်အတည်းဖြေရှင်းနိုင်ရေး ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ်၊ အာဆီယံတို့၏ အခန်းကဏ္ဍနှင့် ရပ်တည်ချက်ကို နော်ဒစ်နိုင်ငံများက အားပေးထောက်ခံကြောင်း ပြောသည်။

အရေးပေါ်ကာလပြဌာန်းချက် အဆုံးသတ်ကာ အရပ်သားအုပ်ချုပ်မှုစနစ်ဆီ ပြန်သွားရန် နော်ဒစ် ၅ နိုင်ငံတိုက်တွန်း
အရေးပေါ်ကာလပြဌာန်းချက် အဆုံးသတ်ကာ အရပ်သားအုပ်ချုပ်မှုစနစ်ဆီ ပြန်သွားရန် နော်ဒစ် ၅ နိုင်ငံတိုက်တွန်း

▪️စစ်အာဏာသိမ်းမှုကို အပြင်းထန်ဆုံး ဆက်လက်ရှုတ်ချကြောင်းထုတ်ပြန်

နိုင်ငံတော်အရေးပေါ်ကာလပြဌာန်းချက်ကို အဆုံးသတ်ကာ အရပ်သားအစိုးရအုပ်ချုပ်မှုစနစ်ကို ပြန်လည်အသက်သွင်းရန် နော်ဒစ် ၅နိုင်ငံက တိုက်တွန်းလိုက်သည်။

ယမန်နေ့တွင် ကျင်းပသော ကုလသမဂ္ဂအထွေထွေညီလာခံ၊ အလွတ်သဘောအစည်းအဝေးတွင် ဖင်လန်၊ အိုက်စလန်၊ နော်ဝေ၊ ဆွီဒင်၊ ဒိန်းမတ်တို့က စစ်အာဏာသိမ်းမှုကို အပြင်းထန်ဆုံးသော ပုံစံဖြင့် ဆက်လက်ရှုတ်ချပြီး ဘက်ပေါင်းစုံပါဝင်သော အပြုသဘော နိုင်ငံရေးဆွေးနွေးပွဲဖြစ်ပေါ် ရေးအဖွဲ့အစည်းအားလုံးကို တိုက်တွန်းသည်။

အထက်ပါနော်ဒစ်နိုင်ငံများသည် အရပ်ဘက်အဖွဲ့အစည်းဝင်များ၊ အမျိုးသမီး၊ လူငယ်၊ ကလေး သူငယ်နှင့် အခြားသူများအပါအဝင် ငြိမ်းချမ်းစွာဆန္ဒပြနေသူများအပေါ် သေစေနိုင်သော အင်အားသုံး၊ အကြမ်းဖက်မှုအပေါ် ရှုတ်ချကြောင်း ကြေညာသည်။

မည်သည့်နည်းလမ်းနှင့်ဖြစ်စေ အကြမ်းဖက်မှုများကို ထိန်းချုပ်ရန် အဖွဲ့အစည်းအားလုံးကို တောင်းဆိုပြီး ကျူးလွန်သူများအနေဖြင့် တာဝန်ခံမှုရှိရမည်ဟု ထုတ် ပြန်သည်။

ထို့အပြင် မြန်မာစစ်တပ်၏ သေဒဏ်ချမှတ်ရန်အစီအစဉ်များကို လွန်စွာစိုးရိမ်ကြောင်းနှင့် ယင်း သည် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေညာစာတမ်းပါ ပုဒ်မ ၃ ကို ဆန့်ကျင်ချိုးဖောက်ခြင်းဖြစ်သည်ဟု နော်ဒစ်နိုင်ငံများက သတိပေးသည်။

မြန်မာ့အကျပ်အတည်းဖြေရှင်းနိုင်ရေး ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ်၊ အာဆီယံတို့၏ အခန်းကဏ္ဍနှင့် ရပ်တည်ချက်ကို နော်ဒစ်နိုင်ငံများက အားပေးထောက်ခံကြောင်း ပြောသည်။

နော်ဒစ်နိုင်ငံများသည် မြန်မာပြည်သူများနှင့်အတူ ခိုင်မာစွာရပ်တည်ပြီး ဒီမိုကရေစီ၊ တည်ငြိမ်ရေး နှင့် ငြိမ်းချမ်းသော နိုင်ငံအတွက် မြန်မာပြည်သူများ၏ ထက်သန် သောဆန္ဒနှင့်အတူ ထပ်တူရှိကြောင်းဖော်ပြသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

FRF (CHU) တပ်ရင်းသည် ပြောက်ကျားစစ်ဆင်ရေးများကိုအရှိန်အဟုန်မြင့်လုပ်ဆောင်နေပြီးပြည်သူများအထိအခိုက်မရှိစေရန် အထူးဂရုပြုဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်သူများအနေဖြင့်လည်း အကြမ်းဖက်စစ်ကောင်စီတပ်များ လှုပ်ရှားမှုကိုသတိကြီးကြီးထား၍ဂရုတစိုက်ရှောင်ရှားသွားလာကြပါရန် FRFက အသိပေးသည်။

သတင်း

ဒဏ်ရာရရှိသွားတဲ့ စောသန်းလေးကို နီးစပ်ရာပြည်သူတွေက သထုံပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပြီး ဆေးဝါးကုသပေးခဲ့ပေမယ့် နောက်နေ့ ဇွန်လ (၃) ရက်နေ့ မနက်အစောပိုင်းမှာ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

သတင်း

ဧရာဝတီတိုင်း၊ အင်္ဂပူမြို့နယ် ကွင်းကောက်မြို့ရှိ အမှတ်(၅)လေ့ကျင့်ရေးတပ်ရင်းဂိတ်ကို ဧရာဝတီတိုင်းအခြေစိုက်ဧရာနဂါးညီနောင်ပြည်သူကာကွယ်ရေး ပြောက်ကျားတပ်က ဇွန် ၂ရက်ညတွင် ဖောက်ခွဲတိုက်ခိုက်ခဲ့သည်။

News

အကြမ်းဖက်စစ်တပ်၏ မီးရှို့သတ်ဖြတ်ခြင်း၊ လက်နက်ကြီးဖြင့်ပစ်ခတ်ခံရခြင်းများကြောင့် အရပ်သားပြည်သူ ၁၇ဦးထက်မနည်းသေဆုံးခဲ့ရပြီး အသက် ၇၅နှစ်အရွယ် အဘိုးအိုတစ်ဦးကိုပင် မီးရှို့သတ်ဖြတ်သွားခဲ့သည်။